တချို့ဆိုရင် တခြားအရာတွေမှာ သိပ်ပြီးအတွေးမလွန်တတ်ကြပေမယ့် အချစ်ရေးနဲ့ပတ်သက်လာရင်တော့ အရမ်း Overthinking ဖြစ်တတ်ကြတဲ့သူတွေရှိပါတယ်။ ဒီလို အချစ်ရေးနဲ့ ပတ်သက်လာရင် အမြဲတမ်း Overthinking ဖြစ်ပြီး အတွေးလွန်နေတတ်တဲ့သူတွေအနေနဲ့ လိုက်နာသင့်တဲ့အချက်တွေကို ပြောပြပေးလိုက်ပါတယ်။

အကောင်းဘက်များများတွေးပါ

အရေးအကြီးဆုံးအချက်က အကောင်းဘက်များများတွေးဖို့ပါပဲ။ တွေးလိုက်တဲ့အရာတိုင်းက အဆိုးတွေချည်းပဲဆိုရင်တော့ ကိုယ့်စိတ်ကို သပ်သပ်မဲ့ ဒုက္ခပေးနေတာနဲ့ တူတူပါပဲ။ မကောင်းတာတွေဖြစ်နေရင်တောင်မှ ရှာကြံပြီး အကောင်းဘက်ကို လှည့်တွေးပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။

ယုံကြည်ရတဲ့သူငယ်ချင်းတွေနဲ့စကားပြောပါ

ကိုယ့်အနေနဲ့ အချစ်ရေးနဲ့ပတ်သက်လာရင် ယုံကြည်ရတဲ့သူငယ်ချင်းတွေကို ရင်ဖွင့်လို့ရတယ်။ ပြောပြလို့ရပါတယ်။ ဒီလိုပြောလိုက်ရင် ခံစားနေရတာတွေ နည်းနည်းသက်သာသွားပါလိမ့်မယ်။ တစ်ယောက်ထဲနေပြီး အတွေးတွေလွန်နေမယ့်အစား ရင်ဖွင့်လိုက်ပါ။

အလုပ်လုပ်ပါ

အမြဲတမ်း အတွေးလွန်နေတတ်တဲ့သူတွေက အားအောင်မနေပါနဲ့။ အားနေတာနဲ့ အတွေးတွေတစ်ခုပြီးတစ်ခုက ခေါင်းထဲရောက်လာပြီး စတွေးတော့တာပါပဲ။ ဒီတော့ အလုပ်တစ်ခုမဟုတ်တစ်ခု ရှာပြီးလုပ်နေပါ။ ဒါဆိုရင် တွေးချိန်တွေနည်းသွားပါလိမ့်မယ်။

ယုံကြည်မှုထားပါ

ကိုယ်ရွေးချယ်ထားတဲ့သူအပေါ်မှာသာ ယုံကြည်မှုထားထားမယ်ဆိုရင် အတွေးလွန်ပြီး စိတ်ညစ်နေစရာအကြောင်း မရှိတော့ပါဘူး။ ဒီတော့ ရည်းစားမဖြစ်ခင်ထဲက လေ့လာပြီး ယုံကြည်ရလောက်မယ့်သူနဲ့တွဲပါ။ ပြီးရင် အရာရာကို Overthinking မဖြစ်ပဲ ယုံကြည်မှုထားပေးပါ။

သံသယမများပါနဲ့

နောက်ဆုံးတစ်ချက်ကတော့ သံသယမများဖို့ပါပဲ။ သံသယစိတ်တွေများနေရင် ကိုယ်တိုင်ပဲ အရင်ပူလောင်ရပါတယ်။ တစ်ဖက်လူကလည်း သံသယတွေနဲ့ အမြဲပြောဆိုခံရတဲ့အခါ မွန်းကြပ်ပြီး စိတ်ညစ်လာပါလိမ့်မယ်။ အတွေးလွန်အောင်လုပ်နိုင်တာ ဒီသံသယစိတ်တွေကြောင့်လည်း ပါပါတယ်။