စိတ်ဓာတ်ကျခြင်း၊ စိတ်ဖိစီးခြင်းတွေ ဖြစ်ပေါ်ခံစားရတဲ့အခါ ဘယ်လိုအပြုအမူတွေ ပြုလုပ်တတ်ကြသလဲ။ ဒါက သိပ်နားလည်ရခက်တဲ့ ကိစ္စရပ်တစ်ခုပါပဲ။

အေးစက်သွားတတ်ခြင်း

တစုံတယောက်အပေါ်နာကြည်းပြီး၊ တစုံတခုကြောင့်စိတ်ဖိစီးရပြီဆိုရင် သူတို့ရဲ့အမူအရာက အေးစက်ထုံထိုင်းလာတတ်ကြပါတယ်။ အများစုဟာ ခံစားချက်တွေကိုရင်ထဲမှာပဲ မြိုသိပ်ထားတတ်ကြပြီး စိတ်ဖိစီးတဲ့အချိန်တွေကို ရင်ဆိုင်တတ်ကြပါတယ်။

ရင်မဖွင့်လိုခြင်း

အထူးသဖြင့် သူတို့ကြုံတွေ့ခံစားနေရတဲ့စိတ်ဖိစီးမှုတွေကို တစုံတယောက်ကို ရင်ဖွင့်ပြောပြဖို့ အရမ်းဝန်လေးတတ်ကြပါတယ်။ တစ်ယောက်ထဲကြိတ်ခံစားပြီး စိတ်ဆင်းရဲမှုကို ကျော်လွှားချင်ကြပါတယ်။

တိတ်တဆိတ်နေတတ်ခြင်း

တခါတခါမှာ အတော်ထူးဆန်းတတ်ကြပါတယ်။ သူတို့ရဲ့စိတ်ခံစားချက်ကို အလွယ်တကူ သိရှိနားလည်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စိတ်ဖိစီးမှုတွေနဲ့ကြုံလာတဲ့အခါမှာ အများစုဟာ တစ်ယောက်ထဲ တိတ်ဆိတ်စွာနေရတာကို ပိုသဘောကျတတ်ကြပါတယ်။