သူများတွေလို အပေါင်းအသင်း အများကြီးမရှိလို့ တကယ်ခင်ရတဲ့ BFF ဆိုတာမျိုးတွေ မရှိလို့ဆိုပြီး အားငယ်တာ၊ ဝမ်းနည်းတာမျိုးတွေ မဖြစ်ပါနဲ့။ ကိုယ်တစ်ယောက်ထဲလည်း သန်မာအောင်နေပါ။ ဘယ်သူမှမရှိလည်း အေးဆေးပဲဆိုတာမျိုးဖြစ်အောင် ကြိုးစားနေထိုင်ရပါမယ်။ ဒါမှ Strong ဖြစ်လာမှာပါ။ အပေါင်းအသင်းမရှိလို့ တစ်ယောက်တည်း အထီးကျန်သလိုခံစားနေရတဲ့အခါမှာဆိုလည်း ဒီအရာတွေကိုသာ လုပ်လိုက်ပါ။ ဘယ်သူ့မှမလိုပဲ တစ်ယောက်ထဲ အေးဆေးဖြစ်သွားပါလိမ့်မယ်။
စာဖတ်ပါ
အထီးကျန်ရင် စာဖတ်တဲ့အကျင့်လုပ်ပါ။ အပေါင်းအသင်းနဲ့ ပျော်ပါးစရာမရှိလည်း စာဖတ်လိုက်ပါ။ စာဖတ်တာက ကိုယ့်အတွက် အများကြီးအကျိုးရှိစေပါတယ်။
ဝါသနာပါတာလုပ်ပါ
ကိုယ်ဘာဝါသနာပါလဲ စဉ်းစားပါ။ ဥပမာ ချည်ထိုးရတာ ဝါသနာပါရင် ချည်ထိုးတာသင်ပြီး လုပ်ကြည့်ပါ။ ပန်းချီဆွဲတာ ဝါသနာပါရင် သင်ပြီးတော့ ပန်းချီဆွဲပါ။ ကိုယ်ဝါသနာပါတာတွေကို လုပ်ရင်းနဲ့ အချိန်ကုန်ဆုံးရတာက ပျော်စရာကောင်းပါတယ်။
တစ်ခုခုလေ့လာသင်ယူပါ
အပေါင်းအသင်းလည်းမရှိဘူး သူများလိုလည်း အပြင်တွေသိပ်ပြီး လျှောက်မသွားဖြစ်ဘူးဆိုရင် အိမ်တွင်းအောင်းနေတာမျိုး မလုပ်ပဲနဲ့ အတတ်ပညာတစ်ခုခုကို သင်ယူကြည့်ပါ။ အလုပ်လုပ်နေတဲ့သူဆိုရင်တော့ အချိန်မရှိရင် အလုပ်လုပ်ရင်းနဲ့ အပေါ်မှာပြောခဲ့သလို ကိုယ်ဝါသနာပါတာလေးတွေကို လုပ်ကြည့်ပါ။
ရုပ်ရှင်ကြည့်ပါ
အပေါင်းအသင်းမရှိလို့ အထီးကျန်ရတယ်၊ အပြင်သွားစရာအဖော်မရှိလို့ ပျင်းနေရတယ်ဆိုရင် အားလုံးကိုမေ့ပြီး အိမ်မှာ မုန့်စားရင်း ရုပ်ရှင်တွေကြည့်ပစ်လိုက်ပါ။ အေးဆေးသာသာယာယာနဲ့ အပန်းဖြေပစ်လိုက်လို့ရပါတယ်။
မိသားစုနဲ့အချိန်ကုန်ပါ
ကိုယ်တစ်ယောက်ထဲဖြစ်နေတယ်လို့ မထင်ပါနဲ့။ ကိုယ့်မှာ မိသားစုရှိပါတယ်။ ဒီတော့ သူငယ်ချင်းမရှိလို့ အထီးကျန်မယ့်အစား မိသားစုနဲ့ အချိန်ကုန်လိုက်ပါ။ ပိတ်ရက်တွေ သူများက သူငယ်ချင်းတွေနဲ့ လျှောက်ပျော်ပါးနေချိန်မှာ ကိုယ်က ကိုယ့်မိသားစုနဲ့အတူ အပြင်သွားမုန့်စားတာမျိုးတွေ အပန်းဖြေတာမျိုးတွေ လုပ်လိုက်ပါ။
တိရိစ္ဆာန်လေးတွေမွေးပါ
တိရိစ္ဆာန်ချစ်တဲ့သူတွေဆိုရင် ကိုယ်ချစ်တဲ့ တိရိစ္ဆာန်လေးတွေကို မွေးကြည့်ပါ။ သူတို့ကိုပြုစုနေရတာ၊ ချစ်နေရတာနဲ့ပဲ ပျော်ရွှင်ပြီး စိတ်ချမ်းသာနေရမှာပါ။ အထီးကျန်တာတွေလည်း ပျောက်သွားပါလိမ့်မယ်။