၂၀၀၆ ခုနှစ်မှာ first album စထွက်ရှိခဲ့တဲ့ Taylor Swift ဟာ အခုချိန်မှာ ဆုပေါင်းများစွာ သိမ်းပိုက်ထားပြီး နောက်ဆုံးထွက်ရှိခဲ့တဲ့ “Midnights” album ကလည်း ထိပ်ဆုံးမှာ နေရာယူထားနေ ဆဲပါ။ Spotify တစ်ခုတည်းတွင် လစဉ်နားဆင်သူ 82 သန်းနီးပါးရှိတဲ့ Taylor Swift ရဲ့ လူသိပ်မသိတဲ့ အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Finance သမားတယောက်ဖြစ်ချင်တာ

လူတိုင်းမှာ ငယ်ငယ်တုန်းက ဖြစ်ချင်ကြတဲ့ အိပ်မက်ကိုယ်စီရှိကြစမြဲပါ။ ဒီလိုပါဘဲ Taylor Swift ရဲ့ငယ်ငယ်ကဖြစ်ချင်ခဲ့တဲ့ ဆန္ဒကတော့ Finance အပိုင်းမှာ အလုပ်လုပ်ခွင့်ရဖို့ပါ။

လယ်ကွင်းထဲမှာကြီးပြင်းလာခဲ့သူ

“I Bet You Think About Me.” ဆိုတဲ့သီချင်းထဲမှာပါဝင်တဲ့ “I was raised on a farm, no, it wasn’t a mansion,” ဆိုတဲ့စာသားလေးအတိုင်း Taylor Swift ရဲ့ငယ်ဘဝဟာ Pennsylvania၊ Reading မှာရှိတဲ့ Pine Ridge လို့နာမည်ပေးထားတဲ့ ၁၁ ဧကကျယ်ဝန်းသောခြံကြီးထဲမှာ ကြီးပြင်းခဲ့ တာပါ။

၁၄ နှစ်သမီးကတည်းက ဝတ္ထုတွေစရေးခဲ့တာ

သားကိုလိုချင်ပေမယ့် သမီးရခဲ့တဲ့အမေတစ်ယောက်ရဲ့အကြောင်းကို အခြေခံထားတဲ့”A Girl Named Girl” လို့အမည်ပေးထားတဲ့ဝတ္ထုကို စတင်ရေးသားခဲ့တဲ့အချိန်မှာ သူမရဲ့အသက်ဟာ ၁၄ နှစ်ဘဲ ရှိပါသေးတယ်။ ဒါပေမယ့် ဒီစာအုပ်က ပုံနှိပ်ထုတ်ဝေခြင်းတော့ မလုပ်ခဲ့ပါဘူး။

မြင်းစီးသမားတယောက်ဖြစ်စေချင်ခဲ့တဲ့သူမရဲ့မိခင်

Pennsylvania မှာ ၁၃ နှစ်သမီးထိနေခဲ့ပြီး နေခဲ့တဲ့နှစ်တွေမှာ အကြိမ်ပေါင်းများစွာ မြင်းစီး ပြိုင်ပွဲတွေမှာ ပါဝင်ယှဥ်ပြိုင်ခဲ့တဲ့ Taylor Swift ကို မြင်းစီးသမားတယောက် ဖြစ်စေချင်ခဲ့တာကတော့ သူမအမေ့ရဲ့ဆန္ဒတစ်ခုပါ။

ထူးခြားတဲ့နာမည်ရှိတဲ့ကြောင်လေးတွေရဲ့ပိုင်ရှင်

ပုံစံမတူ အကျင့်မတူတဲ့ ကြောင်လေး ၃ ကောင်ကိုပိုင်ဆိုင်ထားတဲ့ Taylor Swift ဟာ အကြီးဆုံး ကြောင်လေးဖြစ်တဲ့ Meredith Grey ကို ၂၀၁၁ မှာပိုင်ဆိုင်ခဲ့ပြီး ၂၀၁၄ မှာတော့ ဒုတိယကြောင်လေး ဖြစ်တဲ့ Olivia Benson ကိုထပ်မံပိုင်ဆိုင်ခဲ့ပါတယ်။  ၂၀၁၉ မှာတော့ Benjamin Button လို့ခေါ်တဲ့ ကြောင်အသစ်လေးကို ပိုင်ဆိုင်ခဲ့ပြီး သူတို့ကိုတော့ Taylor Swift ရဲ့ Music Video “ Me ” မှာ တွေ့မြင်နိုင်ပါတယ်။ သူမကြောင်လေးတွေကို ဘယ်လောက်ထိချစ်လဲဆိုတာကတော့ ပြောစရာတောင် မလိုပါဘူး။ သူမရဲ့ ၃ဝနှစ်ပြည့်မွေးနေ့ရဲ့ ကိတ်မုန့်ကြီးက သက်သေပြနေမှာပါ။