ယောကျာ်းလေးတွေကလည်း မိန်းကလေးတွေနဲ့ အတူတူဆိုရင် မပြောချင်ကြတဲ့ Topic လေးတွေရှိပါတယ်။ အဲဒါကိုမှ ကိုယ်ကအလိုက်မသိဘဲ ဆက်ပြောနေမယ်။ ဆက်တိုက်မေးမြန်းနေမယ်ဆို ငြိုငြင်စရာဖြစ်လာပါတယ်။

စကားဝိုင်းထဲမှာ ကိုယ်နဲ့အရမ်းရင်းနှီးရတဲ့ ယောကျာ်းလေးသူငယ်ချင်း (သို့) ကိုယ့်ချစ်သူကောင်လေးပါတယ်ဆိုရင်တောင်မှပေါ့။

၁။ ရည်စားဟောင်းအကြောင်းမပြောပါနဲ့

Source: footage.framepool.com

ကိုယ့်ရည်းစားနဲ့ အတူတူသွားနေတဲ့အချိန် Ex အကြောင်း အလွမ်းသယ်တာက မဖြစ်သင့်တဲ့ကိစ္စပါ။ သူ့သူငယ်ချင်းတွေပါ ရှိနေမယ်ဆိုပိုဆိုးပါတယ်။ သင်ရော သူ့ရည်စားအကြောင်းသူပြောနေတဲ့အချိန် ကြည်ကြည်ဖြူဖြူနဲ့ ထိုင်နားထောင်နေနိုင်မှာပါသလား။

၂။ စိတ်ကြီးမဝင်ပါနဲ့

Source: Vixen Daily

ပြောလို့ပြောတာမဟုတ်ဘူး။ မိန်းကလေးတွေက ယောကျာ်းလေးတွေထက် အပြိုင်အဆိုင်ပိုများသလို သူတို့သိတဲ့ကိစ္စတစ်ခုကိုဆိုရင်လည်း မရပ်မနားကို ခရားရေလွှတ်ပြောတတ်ကြပါတယ်။ ယောကျာ်းလေးတွေက သူတို့စိတ်မဝင်စားတဲ့အရာတစ်ခု၊ မဆွေးနွေးချင်တော့တဲ့အရာတစ်ခုကို တစ်ဖက်မိန်းကလေးက အာပေါင်အာရင်းသန်သန်နဲ့ စကားဝိုင်းထဲမှာရှိနေတဲ့ ယောကျာ်းလေးတွေထက် ပိုစိတ်ဝင်စားကြောင်းပြနေမယ်။ စိတ်ကြီးဝင်နေမယ်။ အကြွားသန်နေမယ်ဆို တော်တော်လေးမှ အမြင်ကပ်တတ်ကြပါတယ်။ ဥပမာအားဖြင့် ဝင်ငွေအကြောင်းမဆွေးနွေးချင်တဲ့ ယောကျာ်းလေးကို တစ်လလစာဘယ်လောက်ရလဲမေးပြီး ကိုယ်ဘယ်လောက်ထက်မြက်ကြောင်း အမွှန်းတင်နေတဲ့ မိန်းကလေးမျိုးပေါ့။

၃။ ရွေးချယ်မှုတွေကို မကန့်ကွက်ပါနဲ့

Source: scarymommy.com

အိုခေ … မတွဲခင်တည်းက ကိုယ်တွဲမယ့်သူရဲ့အကြောင်းကို ကျွန်မတို့သေချာလေ့လာထားဖို့လိုပါမယ်။ အဲဒီလိုမှ မဟုတ်ဘဲ တွဲပြီးတော့မှ နင့်မိသားစုအနေအထားကို မကြိုက်လို့။ အထူးသဖြင့် နင့်အမေပုံစံကိုမကြိုက်လို့ မိသားစုထဲက ခွဲထွက်လိုက်ပါဆိုတာမျိုးကို ကိုယ်ချစ်ရတဲ့သူနဲ့ ဘယ်တော့မှမဆွေးနွေးသင့်ပါဘူး။ သူငယ်ချင်း၊ အလုပ်အကိုင်၊ ဝါသနာစတာတွေအားလုံးဟာ လူတစ်ယောက်ရဲ့လွတ်လပ်ခွင့်ဖြစ်လို့ ရွေးချယ်ပြီးကာမှ ပြုပြင်ခိုင်းတာမျိုး မလုပ်သင့်ပါဘူး။

၄။ သိပ်မရှပ်ထွေးပါနဲ့

Source: Rebel Circus

ယောကျာ်လေးတွေက ပွင့်လင်းတာမျိုးကိုပဲ သဘောကျကြပါတယ်။ ဘာဖြစ်ချင်တယ်ဆိုတာကို ဒဲ့မပြောဘဲ ဘာမဖြစ်ချင်ဘူးဆိုပြီး သဲလွန်စပေးတာမျိုးက အာဏာပေးတာ၊ အကျပ်ကိုင်တာနဲ့ သိပ်မခြားပါဘူး။ ကိုယ်ရွေးချယ်ထားတဲ့သူက အသိဉာဏ်ရှိတဲ့သူဆိုရင်တော့ သင့်ရဲ့တောင်းဆိုမှုတွေကို လွယ်လွယ်ကူကူပဲ လက်ခံပါလိမ့်မယ်။ သင်ကလည်း မဖြစ်နိုင်တာတွေကို မတောင်းဆိုနဲ့ပေါ့။

၅။ တိတ်ဆိတ်ခြင်းသည် အောင်မြင်ခြင်းမည်၏

Source: TravelPulse

သိပ်ပြီး ပွစိပွစိမလုပ်ပါနဲ့။ ပြုံးပြုံးလေးနဲ့သာ အရာရာကိုအနိုင်ယူပါ။

Featured image source: Rebel Circus