အမျိုးသမီးတစ်ယောက်ရဲ့ ဆွဲဆောင်မှုက ဘာလို့ထင်ပါသလဲ။ ဒီလိုမေးခွန်းမျိုးက ပြန်ဖြေဖို့အတွက် အတန်ငယ်ခက်သလိုလိုထင်ရပေမယ့်လည်း ရိုးရိုးလေးစဥ်းစားမယ်ဆိုရင် လွယ်လွယ်ဖြေနိုင်ကြမှာပါ။ လူတစ်ယောက်နဲ့တစ်ယောက်မှာတော့ ထင်မြင်ချက်၊ တွေးခေါ်မှုတွေ၊ ယူဆချက်တွေ တူညီကြမှာမဟုတ်ပေမယ့်လည်း အများစုကို လိုက်ပြီးမေးကြည့်မယ်ဆိုရင်တော့ အခုပြောပြပေးမယ့်အချက်လေးတွေထဲက တစ်ချို့တစ်လေကတော့ ပါမယ်ဆိုတာ သေချာပါတယ်။
ဒါဆိုရင် မိန်းကလေးတွေရဲ့ ဘယ်လိုအချက်လေးတွေက အမျိုးသားတွေအတွက်တော့ ဆွဲဆောင်မှုရှိတယ်လို့ ထင်ရစေသလဲဆိုတာကို အခုပဲဖတ်ကြည့်လိုက်ရအောင်ပါ။
နှုတ်ခမ်းကိုအသာလေးကိုက်တဲ့အချိန်
ကလေးတွေ စိတ်လှုပ်ရှားတဲ့အခါ ကြောက်တဲ့အခါမျိုးတွေမှာဆိုရင် နှုတ်ခမ်းကိုက်တတ်သလိုမျိုး အပြုအမူလေးတွေက အမျိုးသားတွေအမြင်မှာတော့ ဆွဲဆောင်မှုရှိတယ်လို့ ထင်ရစေနိုင်ပါတယ်။ အထူးသဖြင့် သူတို့ရဲ့စိတ်အာရုံက သင့်ရဲ့နှုတ်ခမ်းဆီမှာပဲ စုနေပါလိမ့်မယ်။
ချောမွေ့တဲ့အသားအရေ
နူးညံ့ချောမွေ့တဲ့ အသားအရေကို ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးတစ်ယောက်လောက် ဘာကမှ ဆွဲဆောင်မှုမရှိနိုင်ပါဘူး။ ဒါကြောင့်မို့လို့လည်း အခုခေတ်ကြီးထဲမှာ မိန်းကလေးအများစုက အသားအနာခံပြီးတော့ ကိုယ်အမွှေးအမျှင်တွေဖယ်ရှားပြီး အသားအရေထိန်းသိမ်းနေကြတာမဟုတ်ပါလား။
သပ်သပ်ရပ်ရပ်စုစည်းထားတဲ့ဆံပင်စတိုင်လ်
ဒီလိုမျိုး သပ်သပ်ရပ်ရပ် ထုံးဖွဲ့ပြီး စုစည်းထားတဲ့ဆံပင်ပုံစံလေးက အမျိုးသမီးတစ်ယောက်ကို စီးပွားရေးဆန်တဲ့အသွင်ပေါက်စေရုံသာမက ပုံမှန်အချိန်တွေမှာ ဆံပင်တွေနဲ့ဖုံးကွယ်နေတတ်တဲ့ သင့်ရဲ့ဂုတ်၊ နားရွက်တွေကို ပိုပေါ်လွင်စေပြီးတော့ ပိုပြီးကြည့်လို့လှစေပါတယ်။
အမျိုးသားရှပ်အကျီကိုဝတ်ထားတဲ့အချိန်
သူ့ရဲ့အကျီတွေကို ယူဝတ်ခြင်းအားဖြင့် သူနဲ့ပိုပြီးနီးစပ်ချင်တယ်ဆိုပြီး ပြောနေသလိုဖြစ်စေတာမို့ အမျိုးသားတစ်ယောက်အနေနဲ့ ဒီလိုမြင်ကွင်းမျိုးကို မြင်လိုက်တဲ့အချိန်မှာ ဒီမိန်းကလေးအနေနဲ့ သူ့အကျီတင်မဟုတ်ဘဲ သူ့ကိုပါဆန္ဒရှိနေတယ်ဆိုပြီး သဘောပေါက်သွားစေနိုင်ပါတယ်။
နောက်ပြန်အကြည့်
ပုံမှန်အချိန်မှာ သတိမထားမိဘဲနဲ့ လုပ်နေကြအပြုအမူဖြစ်တဲ့ ဒီလိုမျိုးနောက်ပြန်အကြည့်လေးကလည်း မှော်ဆန်ဆန်လေးပါပဲ။
ကိုယ့်ကိုယ်ကိုယုံကြည်မှု
ကြောက်ရွံ့စိတ်မရှိဘဲ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတဲ့ အမျိုးသမီးတစ်ယောက် အခန်းထဲကိုဝင်လာချိန်မှာ အမျိုးသားအားလုံးရဲ့အာရုံက သူ့ဆီကိုပဲရောက်သွားပါလိမ့်မယ်။ ဒါပေမယ့် ယုံကြည်မှုလွန်ကဲသွားလို့လည်းမရပါဘူး။
ပုခုံးကျစတိုင်လ်
ပုခုံးသားလေး ပေါ်နေတဲ့ အကျီလေးတွေဝတ်ထားတဲ့အခါ အမျိုးသားတွေအနေနဲ့ ထွေးပွေ့ပြီးကာကွယ်ချင်တဲ့ စိတ်ဆန္ဒကို နှိုးဆွပေးရာရောက်ပါတယ်။ ဖုံးကွယ်ထားခြင်းမရှိဘဲ လှပတဲ့ပုခုံးသားကို လှစ်ဟထားခြင်းက အမျိုးသမီးတစ်ယောက်ကို ဆွဲဆောင်မှုရှိစေပါတယ်။
နှုတ်ခမ်းဖူးဖူးလေး
ဖူးညွတ်တောက်ပတဲ့ နှုတ်ခမ်းသားလေးက လူသိများတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ဆွဲဆောင်မှုတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုမျိုးပြောတယ်ဆိုတိုင်း နှုတ်ခမ်းကိုထော်နေရမယ်လို့ မဆိုလိုပါဘူး။ သင့်ရဲ့အသွင်အပြင်ကို ကြည့်ရဆိုးစေနိုင်ပါတယ်။
ကျက်သရေရှိမှု
ကျက်သရေရှိမှုက အမျိုးသမီးတစ်ယောက်ရဲ့ ဆွဲဆောင်မှုကို မပေါ်လွင်စေဘူးဆိုပေမယ့်လည်း တစ်ဖက်ကပြန်ကြည့်မယ်ဆိုရင် ဖုံးကွယ်မထားနိုင်ပါဘူး။ သူမရဲ့ အပြုအမူ၊ သူမရဲ့ အသုံးအဆောင်ပစ္စည်းရွေးချယ်မှု စသဖြင့် မိန်းကလေးတစ်ယောက်ရဲ့ ပုံရိပ်တစ်ခုလုံးက ကျက်သရေရှိမှုကို ဖော်ကျူးနေပါတယ်။
သဘာဝဆန်ဆန် မိတ်ကပ်
ဖောင်ဒေးရှင်းတွေ၊ တခြားမိတ်ကပ်တွေ အများကြီးလိမ်းခြယ်ထားတာထက် ရိုးရိုးလေးနဲ့ သဘာဝဆန်ဆန်အလှကိုပဲ လူတိုင်းပိုပြီးသဘောကျ ကြိုက်နှစ်သက်ကြပါတယ်။
မှန်ကြောင်လေးတွေ
ဘာဖုံးကွယ်ထားမှုမှမရှိတဲ့ အပြုံးလေးတွေ