ခန္ဓာကိုယ်မှာအာဟာရပြည့်၀အောင် နေ့စဉ်နေ့တိုင်းအစာစားပေးရသလို၊ ဒီအစားအသောက်တွေကလည်း ခန္ဓာကိုယ်အတွက်ဆိုးကျိုးမပြုဖို့အရေးကြီးပါတယ်။ကဲ့ဒီလိုဆိုရင် အစာမစားမှီရှောင်ကြည်ရသင့်တဲ့အချက်တွေရှိသလို၊ အစာစားပြီးတိုင်းလည်းလုံး၀မပြုလုပ်သင့်တဲ့ အချက်တွေလည်းရှိပါတယ်။အခုပြောပြမဲ့အချက်တွေထဲမှာ အကျင့်လေးတွေလည်းဖြစ်နေတတ်ပါတယ်။ဒီလိုဆိုရင်တော့ အခုပဲရှောင်လိုက်ပါနော်။

ဆေးလိပ်မသောက်ရ 

Photo Source-daily meal

တစ်ချို့ ယောကျာ်းလေးတွေက ထမင်းစားပြီးတိုင်းဆေးလိပ်ကို အာသာပြေအနေနဲ့ သောက်တတ်ကြပါတယ်။ထမင်းစားပြီးအချိန်မှာ သောက်လိုက်တဲ့ဆေးလိပ်တစ်လိပ်က ဆေးလိပ် ၁၀လိပ်ရဲ့ အာနိသင်နဲ့တူညီပါတယ်နော်။

မအိပ်ရ 

Photo Source- Insider

ထမင်းစားပြီးတဲ့ အချိန်အိပ်ရင် ချက်ချင်းအိပ်ပျော်သွားတယ်၊ ဘာမှမဖြစ်လောက်ဘူးဆိုပြီး တစ်ရေးတစ်မောအိပ်တတ်ကြပါတယ်။ တကယ်တမ်းချက်ချင်းအိပ်ပျော်သွားခြင်းက အစာအိပ်လမ်းကြောင်းရဲ့ အစာခြေစနစ်ကိုရပ်နားလိုက်လို့ပါ။

ရေမချိုးရ 

Photo Source-NDTV

အစာစားပြီးနောက် ရေချိုးခြင်းက အစာခြေစနစ်ကိုနှောက်နှေးနိုင်တဲ့အတွက် အစာခြေနှုန်းကိုလျော့ကျစေပါတယ်။ဆရာ၀န်တွေက အစာစားပြီး အနည်းဆုံးမိနစ် ၂၀ လောက်ကြာမှချိုးခိုင်းလေ့ရှိပါတယ်။

လက်ဖက်ရည်မသောက်ရ 

Photo Source-the time.com

လက်ဖက်ရွက်က အက်စစ်ဖြစ်တဲ့အတွက် အစာခြေခြင်းလုပ်ငန်းကိုထိခိုက်စေပါတယ်။ အစာစားပြီး ချက်ချင်းသောက်ခြင်းကခန္ဓာကိုယ်မှသံစုပ်ယူနိုင်မှုလည်းနှောင့်ယှက်နိုင်တဲ့အတွက် အစာစားပြီးတစ်နာရီမှ သောက်သင့်ပါတယ်။