ဝိတ်မတက်ချင်ဘူးဆိုရင်တော့ အစစအရာရာ သတိထားပြီး ကိုယ့် body ကို ဂရုစိုက်မှရမှာပါ။ မဟုတ်ရင်တော့ စားသမျှဝိတ်တက်တာ၊ ခဏလေးနဲ့ဝိတ်တွေပြန်တက်လာတာ၊ အဆီတွေများလာတာမျိုး ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် ဝိတ်မတက်ချင်တဲ့သူတွေအနေနဲ့ သတိထားပြီးလုပ်ပေးရမယ့် အရာတွေကို ပြောပြပေးလိုက်ပါတယ်။

ရေများများသောက်ပါ

ရေများများသောက်ပေးခြင်းက ဝိတ်မတက်လာအောင် ကူညီပေးပြီး ဝိတ်လည်းကျစေသလို အသားအရေလည်း စိုပြည်ပြီး လှလာစေပါတယ်။ ဒါကြောင့် ရေများများသောက်ဖို့က အရေးအကြီးဆုံးအချက် ဖြစ်ပါတယ်။

ဝိတ်တက်စေမယ့်အစားအသောက်တွေရှောင်ပါ

ဝိတ်မတက်ချင်ရင်တော့ ဝိတ်တက်စေမယ့် အစားအသောက်တွေကို ရှောင်ရမှာပါပဲ။ မရှောင်နိုင်ရင်တောင်မှ လျှော့စားရပါမယ်။ အဆီအစိမ့်တွေ၊ ဆီကြော်မုန့်တွေ၊ အချိုရည်တွေကိုလည်း ရှောင်ရပါမယ်။

အသီးအရွက်၊ အသီးအနှံများများစားပါ

ထမင်းစားတိုင်းမှာ ထမင်းနည်းနည်း အသီးအရွက်များများ၊ အသား စတာတွေနဲ့ စားပေးပါ။ အသီးအရွက်၊ အသီးအနှံများများစားပေးခြင်းက ကိုယ်ရည်စစ်ပြီး အသားအရေလည်း လှပစေပါတယ်။

အထိုင်မများပါစေနဲ့

အစားအသောက်တွေတော့ ဆင်ခြင်ပါရက်နဲ့ အထိုင်များနေရင်လည်း ဗိုက်နဲ့ခါးမှာ အဆီတွေစုလာပြီး ဝိတ်တက်တာ၊ အဆီတက်တာတွေ ဖြစ်စေပါတယ်။ ဒါကြောင့် အထိုင်မများပါစေနဲ့။ တစ်နေကုန်ထိုင်လုပ်ရတဲ့ အလုပ်ကို လုပ်နေရတယ်ဆိုလည်း ကြားမှာ နားချိန်ထားပြီး လမ်းလျှောက်ပေးတာမျိုး လုပ်ပေးပါ။ စားသောက်ပြီးတာနဲ့ တန်းထိုင်တာမျိုး မလုပ်ပါနဲ့။

ညပိုင်းအစားစားတာဆင်ခြင်ပေးပါ

ဝိတ်မတက်ချင်ရင် ညနေ ၆ နာရီနောက်ပိုင်းမှာ ထမင်းမစားပါနဲ့တော့။ အဲ့နောက်ပိုင်းမှာ ဗိုက်ဆာတယ်ဆိုရင် သစ်သီးနဲ့ အသီးအရွက်တွေ၊ တခြားဝိတ်မတက်ပဲ အာဟာရဖြစ်စေတာတွေ စားသုံးနိုင်ပါတယ်။

လေ့ကျင့်ခန်းလုပ်ပါ

ဝိတ်ထိန်းဖို့အတွက် လေ့ကျင့်ခန်းလုပ်ပေးပါ။ လေ့ကျင့်ခန်းလုပ်ဖို့ အရမ်းအချိန်မပေးနိုင်ရင်တောင်မှ တစ်နေ့ကို ၁၅ မိနစ်လောက် ကြိုးခုန်တာမျိုး၊ plank ထောက်တာမျိုးနဲ့ အချိန်သိပ်မပေးရတဲ့ လွယ်ကူတဲ့ လေ့ကျင့်ခန်းတွေတော့ လုပ်ပေးသင့်ပါတယ်။