ကိုယ်လက်လှုပ်ရှားအားကစားတွေအကြောင်း ပြောရင် နှစ်မျိုးခွဲပြောနိုင်ပါတယ်။ တစ်ခုက Cardio နဲ့ နောက်တစ်ခုက Resistance Training မျိုး ဖြစ်ပါတယ်။ Cardio ကို Aerobic ကစားနည်းလို့လည်း ပြောကြပါတယ်။ Resistance Training သမားတွေက ကြွက်သား Muscle ကို အဓိကထား ကစားကြတာ ဖြစ်ပြီး Cardio က နှလုံးနဲ့ အသက်ရှုနှုန်းကောင်းဖို့ ရည်ရွယ်တာလို့ ဆိုနိုင်ပါတယ်။ ဒီတစ်ခေါက်မှာ Cardio လေ့ကျင့်ခန်းနဲ့ ပတ်သက်လို့ သိသင့်တဲ့အချက်လေးတွေ မျှဝေပေးချင်ပါတယ်။

(၁) နှလုံးနဲ့ အဆုတ်အတွက် ကောင်းတယ်

Photo: Live Science

Cardio ကစားတဲ့ အဓိက ရည်ရွယ်ချက်ကိုက နှလုံးနဲ့ အဆုတ်ကျန်းမာစေဖို့ ဖြစ်ပါတယ်။ Cardio ကစားချိန်မှာ လူဟာ အောက်ဆီဂျင်ရယူနှုန်း ပိုတက်လာတာကြောင့် ကိုယ်တွင်း သွေးလည်ပတ်မှုနှုန်း ပိုအားကောင်းလာပါတယ်။ ဒါကို VO2max တက်လာတယ်လို့ ဆိုကြပါတယ်။ Cardio ကစားသူဟာ အသက်ကြီးလာလည်း သွက်လက်ပေါ့ပါးပြီး သက်လုံပိုကောင်းစေပါတယ်။

(၂) အဆီကို ထိရောက်အောင် မလောင်ကျွမ်းနိုင်ပါဘူး

Photo: Go! Running Tours

Cardio ကစားတဲ့ပုံစံက အဆီကို တိုက်ရိုက်မလောင်ကျွမ်းနိုင်ပါဘူး။ မိနစ် သုံးဆယ်လောက် ပြေးတာဟာ ကယ်လိုရီ ၃၀၀ လောက်ပဲ လောင်ကျွမ်းပါတယ်။ အဆီလောင်ကျွမ်းဖို့ဆိုရင် Weight ကျတဲ့အခါနဲ့ Muscle Mass တက်လာတဲ့အချိန်မျိုးမှ Fat Burning ဖြစ်တာပါ။ ကိုယ် စားသောက်တာထက် ကယ်လိုရီ ပိုလောင်ကျွမ်းမှ ကိုယ်အလေးချိန် ကျပါတယ်။ ဝိတ်များများ မှ Muscle Mass တက်ပါတယ်။

(၃) Cardio ကစားနည်းတွေ အများကြီး ရှိပါတယ်

Photo: Runner’s World

လူအတော်များများက ပြေးနေလွှားနေမှ Cardio ကစားတာလို့ ထင်ကြပါတယ်။ ဒိုက်ထိုးတာ Plank ထောက်တာနဲ့ ကခုန်တာလည်း Cardio ထဲမှာ ပါပါတယ်။ ဘတ်စကတ်ဘောကစားတာ ၊ Martial Arts ကစားတာလည်း နှလုံးခုန်နှုန်းတက်လာဖို့အတွက် ထိထိရောက်ရောက် ကူညီနိုင်ပါတယ်။ Weight မပြီးနောက် Cardio ကစားတာက ပိုပြီးလည်း ထိရောက်ပါတယ်။

(၄) ကြွက်သားတွေ တက်မလာဘူး

Photo: YouWorkForThem

အနည်းဆုံးတော့ Cardio ကစားတာက Muscle Building ကို ထိထိရောက်ရောက် မပံ့ပိုးနိုင်ပါဘူး။ ဒီလိုပြောလို့ Gym ရောက်ရင် Cardio မကစားနဲ့လို့ ပြောတာ မဟုတ်ပါဘူး။ Cardio တွေက ဝိတ်ချရာမှာ အထောက်အကူဖြစ်ပြီး ကိုယ်ခံအားစနစ်နဲ့ စိတ်ကျန်းမာရေးအတွက် အလွန်ကောင်းတဲ့ လေ့ကျင့်ခန်းတွေ ဖြစ်ပါတယ်။ Resistance Training တွေနဲ့ တွဲကစားတာက ကျန်းမာရေးအကျိုးများပါတယ်။