ဖွင့်မပြောခဲ့တဲ့ အရာတွေက တကယ်လိုချင်ခဲ့တဲ့ အရာတွေ ဆိုရင် အခုပြောပြမယ့် အချက်တွေက ယောင်္ကျားလေးတွေ သူတို့ချစ်သူမိန်းကလေးဆီ တကယ်မျှော်လင့်မိတဲ့ အရာတွေ ဖြစ်မှာပါ။

(၁) စိတ်ခွန်အားနဲ့ ပံ့ပိုးမှု

Photo : iStock

အမျိုးသားတွေဟာ သူတို့ပြဿနာတွေအတွက် ချစ်သူမိန်းကလေးဆီမှာ အားပေးမှုနဲ့ အကြံဉာဏ်ကို လိုချင်ကြပါတယ်။ ဒါပေမယ့် ကောင်မလေးဆီက ပံ့ပိုးမှုကို တိုက်ရိုက်ကြီး တောင်းဆိုတာမျိုးတော့ လုပ်လေ့ မရှိပါဘူး။ များသောအားဖြင့် ကိုယ့်ဘာသာ ကြိတ်ပြီး အားပေးဖြေရှင်းလိုက်တာပါပဲ။

(၂) ချစ်သူရဲ့ ကိုယ့်အပေါ်အမြင်နဲ့ ခွင့်ပြုချက်

Photo : Galtelligence

အဝတ်အစားဝယ်တာကအစ ယောင်္ကျားလေးတွေဟာ သူတို့ ကောင်မလေးရဲ့ အမြင်နဲ့ ခွင့်ပြုလိုက်လျောမှုကို ကြားချင်ကြပါတယ်။ သူတို့ လုပ်သမျှ အလုပ် မှား ၊ မှန် ကောင်း ၊ ဆိုးကိုလည်း ကောင်မလေးဘယ်လို ထင်သလဲဆိုတဲ့ Feedback ကို မေးချင်ပါတယ်။

(၃) အထိအတွေ့

Photo : Pinterest

တစ်ခါတစ်လေ စိတ်ထဲမှာ ကိုယ့်ကို နှစ်သိမ့်ပွေ့ဖက်အားပေးမလားဆိုပြီး ကောင်မလေးဆီက မျှော်နေမိတတ်ပါတယ်။ ယောင်္ကျားတစ်ယောက်အတွက် ရင်းနှီးလှိုက်လှဲတဲ့ ခံစားမှုမျိုးကို ချစ်သူဆီက တောင့်တစမြဲ ဖြစ်ပေမယ့် များသောအားဖြင့် သူကပဲ အဲ့ဒီခံစားမှုမျိုးကို ချစ်သူကောင်မလေးကို ပေးရတာ များပါတယ်။

(၄) ချစ်သူရဲ့ သစ္စာရှိယုံကြည်မှု

Photo : An Everlasting Love

ဒီအချက်က ရှင်းပါတယ်။ မိန်းကလေးတွေလိုပဲ ယောင်္ကျားလေးတွေလည်း သူ့ချစ်သူရဲ့ သစ္စာရှိမှုကို လိုချင်တာပေါ့။ ပိန်နေရင်ဖြစ်စေ ဝနေရင်ဖြစ်စေ လှနေရင်ဖြစ်စေ ရုပ်ဆိုးနေရင်ဖြစ်စေ ၊ အောင်မြင်ရင်ဖြစ်စေ ကျရှုံးနေရင် ဖြစ်စေ ကိုယ့်အနားမှာ အမြဲရှိနေမယ့် လက်တွဲဖော်တော့ ရှိစေချင်မှာ အမှန်ပါပဲ။