ဟိုမရောက် ဒီမရောက် ရည်းစားတွေမဖြစ်ခင် အဆင်ပြေနေတဲ့အချိန်မှာ ဒီလိုအရာလေးတွေ မလုပ်မိဖို့ အရမ်းသတိထားဖို့ လိုအပ်ပါတယ်နော်။ မဟုတ်ရင်တော့ အခြေအနေတိုးတက်နေချိန်မှာ သင်လုပ်လိုက်မိတဲ့အရာတချို့ကြောင့် တစ်ဖက်လူက စိတ်ပျက်သွားတာမျိုးတွေဖြစ်ပြီး ရှေ့မဆက်နိုင်တော့တဲ့ အခြေအနေမျိုးတွေ ဖြစ်တတ်ပါတယ်။

ဒါကြောင့် ရည်စားလည်းမကျ သူငယ်ချင်းမိတ်ဆွေအဆင့်လည်း မဟုတ်တဲ့ ကြားအချိန်မှာ တဖက်လူ စိတ်ပျက်နောက်ဆုတ်သွားတာမျိုး မဖြစ်ရလေအောင် ဒီအရာလေးတွေကို သတိထားရှောင်ကြဉ်နိုင်ဖို့ ပြောပြပေးလိုက်ပါတယ်။

Control လုပ်အားကြီးတာမျိုး

ရည်းစားတွေဖြစ်နေချိန်မှာတောင် အရမ်းချုပ်ချယ်လွန်းရင် တစ်ဖက်လူက စိတ်ပျက်တာမျိုး ဖြစ်နိုင်တာမို့ ရည်းစားမဖြစ်သေးခင်အချိန်မှာ အရမ်းသွားချုပ်ချယ်တာမျိုး မလုပ်ပါနဲ့။ တစ်ဖက်လူက စိတ်ပျက်ပြီး လက်လျော့သွားနိုင်ပါတယ်။

အရမ်းသဝန်တိုတာမျိုး

သဝန်တိုတာလောက်ကတော့ တစ်ဖက်လူလည်း သဘောကျပါတယ်။ ဒါပေမယ့် အရေးကြီးတာက တရားလွန်ကြီး အရမ်းသဝန်တိုတာမျိုး မဖြစ်မိဖို့ပါပဲ။ ရည်းစားတောင်မဖြစ်သေးပဲ အရမ်းကို တရားလွန်ကြီး သဝန်တွေတိုပြီး ပြဿနာတွေရှာမိရင် ပြောမိရင် တစ်ဖက်လူက စိတ်ရှုပ်ပြီး ကိုယ့်ကို လက်လျော့ သွားတာမျိုး ဖြစ်လာပါလိမ့်မယ်။

အားအားနေ ရစ်နေတာမျိုး

ချစ်သူရည်းစားတွေတောင် အရမ်းရစ်လာရင်၊ ခဏခဏရစ်လာရင် ပြဿနာတွေတက်ပြီး စကားများကြတာ ကိုယ်က ရည်းစားလည်းမဖြစ်သေးပဲ အရာရာကို လိုက်ပြောပြီး ရစ်နေရင် စိတ်ပျက်စရာဖြစ်သွားပါလိမ့်မယ်။

စကားကိုရင့်သီးအောင်ပြောတာမျိုး

ရည်းစားတောင်မဖြစ်သေးခင်မှာ သူက ကိုယ်မပိုင်တဲ့သူတစ်ယောက်ပါပဲ။ ဒီလို ကိုယ်မပိုင်ဆိုင်ရသေးတဲ့သူတစ်ယောက်ကိုတောင် စကားပြောတဲ့အခါမှာ ရင့်သီးအောင်ပြောပြီး၊ စိတ်ဆိုးတိုင်း နာကျင်အောင်ပြောတာမျိုး၊ ဆဲဆိုတာမျိုး လုံးဝမလုပ်မိပါစေနဲ့။ ဒီလိုတွေက တစ်ဖက်လူက သင့်ကို စိတ်ပျက်သွားစေမယ့် အရာတွေပါပဲ။