မင်္ဂလာပါနော်။ လူတစ်ယောက်ကို အရမ်းချစ်မိရင် သူ့ရဲ့ အပြစ်တွေကို မမြင်တတ်တော့ဘူးလို့ တချို့က ဆိုလေ့ရှိပါတယ်။ ဒါ့ပေမယ့် အချစ်ဆိုတာ နားလည်မှုတွေ ၊ မေတ္တာတွေ၊ တစ်ဦးအပေါ် တစ်ဦး လေးစားမှုတွေနဲ့မှ ရှေ့ဆက်သွားနိုင်တာမျိုးပါ။

သင့်ကို အရမ်းချစ်တဲ့ကောင်လေးတစ်ယောက်က သင့်အပေါ် ဒီလိုအပြုအမူတွေလုပ်မှာမဟုတ်ပါဘူး။

၁။ သင်မကြိုက်သော မကောင်းသော အမူအကျင့်များလုပ်ခြင်း ( ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း အပြင် သင့်အပေါ် ထိခိုက်သော အပြုအမူများ )

၂။ သင့်အပေါ် ခြိမ်းခြောက်ခြင်း

၃။ သင့်ကို တစ်ခုခုလုပ်ဖို့ ဖိအားပေးခြင်း

၄။ ကတိကို မကြာခဏ ပျက်ကွက်ခြင်း

၅။ သင့်အပေါ် လျစ်လျူရှု ၊ ဥပေက္ခာပြုထားခြင်း

၆။ သင့်အပေါ် မလေးစားဘဲ ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုခြင်း

၇။ တခြားမိန်းကလေးတွေအပေါ် စိတ်ဝင်စားကြောင်း ပြသခြင်း

၈။ သင်ဟာ သူ့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေကြောင်း (သို့) အနှောင့်အယှက်ဖြစ်စေကြောင်း ပြုမူ ပြသခြင်း

၉။ သူ့ကိုယ်သူသာ အာရုံစိုက် ဂရုစိုက်ခြင်း