မင်္ဂလာပါနော်။ မိမိရဲ့ ချစ်သူခင်သူ၊ သူငယ်ချင်း ယောကျ်ားလေးတွေကို ဒီပို့စ်အောက်မှာ မန်းရှင်းလေး ခေါ်လိုက်ရအောင်နော်။ အမျိုးသားတွေရဲ့ ဖက်ရှင်ကလည်း အမျိုးသမီးတွေလိုပဲ ပြောင်းလဲနေပါပြီ။ ဒါပေမယ့်လည်း အမျိုးသားတွေက ဖက်ရှင်ကို အမျိုးသမီးတွေထက် စိတ်ဝင်စားမှုနည်းတတ်ကြပါတယ်။

ဘာပဲဖြစ်ဖြစ် သင့်ရဲ့ အဝတ်အစား ဝတ်ပုံဟာ အမြဲတမ်းစမတ်ကျနေစေဖို့ မှားတတ်လေ့ရှိတဲ့ ဖက်ရှင်ရွေးချယ်မှု အမှားတချို့ကို မျှဝေပေးချင်ပါတယ်။

၁။ ဆွယ်တာပါးပါးလေးအောက်မှာ ရှပ်အင်္ကျီခံဝတ်ခြင်း

ထူထူနဲ့ တွဲဝတ်တာပိုပြီး လှစေသလို သင့်ကိုလည်း ပိုပြီးသက်သောင့်သက်သာရှိစေပါတယ်။

၂။ ရိုးရှင်းတဲ့ အရောင်ကိုပဲ ရွေးချယ်ပါ

အမျိုးသားတွေအတွက် Suit ဟာ မပါမဖြစ်ပါ။ အဲဒီအခါ အရောင်ကွက်တိကွက်ကြားထက် ရိုးရှင်းတဲ့ အရောင်ကိုပဲ ရွေးချယ်ပါ။

၃။ လည်ပင်းအရမ်းပြဲတဲ့ (သို့) အရမ်းကျယ်တဲ့ V ပုံစံ တီရှပ်ဝတ်ခြင်း

လည်ပင်းအဝိုင်းလေး ဝတ်တာဟာ ပိုလှပါတယ်။

၄။ အရမ်းကြပ်တဲ့ ဂျင်းဘောင်းဘီတွေ

အရမ်းကြပ်နေတဲ့ ဂျင်းဘောင်းဘီတွေဟာ တကယ်တော့ ဒိတ်အောက်နေပါပြီနော်။ အခုတော့ ဒဲ့ပွလေးတွေ၊ ပွပွရွရွလေးတွေပဲခေတ်စားပါတယ်။

၅။ အောက်ပိုင်းအကြပ် အားကစားဘောင်းဘီ

အောက်ပိုင်းအရမ်းကြပ်တဲ့ အားကစားဘောင်းဘီထက် ပွပွရွရွ အားကစား ဘောင်းဘီကို ဝတ်ဆင်ပေးပါ။

၆။ ဘောင်းဘီအတိုရွေးချယ်မှု

အမှန်ခြစ်နားမှာ ပြထားတဲ့ ဘောင်းဘီပုံစံမျိုးကို ရွေးချယ်ပါ။

၆။ ဆောင်းတွင်းလည်သာ ဝတ်တဲ့အခါ အမွှေးပါတဲ့ လည်သာကိုရှောင်ပါ။

အမွှေးတွေအများကြီးပါတဲ့ လည်သာထက် ရိုးရိုးရှင်းရှင်းပဲကောင်းပါတယ်။

၇။ ဆောင်းတွင်း ကုတ်အင်္ကျ ီနဲ့ Suit အင်္ကျ ီတွဲဝတ်ခြင်းကိုရှောင်မယ်

၈။ လည်သာဂျက်ကတ်အင်္ကျ ီမှာ အဆူးချောင်းတွေ အများကြီးထည့်မဝတ်ကြတော့ပါဘူး

၉ ခါးပတ်ခေါင်းကြီးကြီးထက် ရိုးရိုးရှင်းရှင်း ခါးပတ်ခေါင်းလေးတွေ ခေတ်စားနေပါပြီ

၁၀။ ရှုးဖိနပ်နဲ့ ခြေအိတ်အရှည်တွဲဝတ်ခြင်းကို ရှောင်ပါ။

၁၁။ ဦးထုပ်ကို ဒီလိုရွေးချယ်ပါ။

၁၂။ ဆွဲကြိုးတွေအများကြီးထက် လက်ကောက်ဝတ်ပါ။