မင်္ဂလာပါ… ပျိုမဒီတို့ရေ… Airport Fashion ဆိုတာ Cele တွေအကစ ဂရုတစိုက်နဲ့ ဝတ်ဆင်ကြတဲ့ Fashion တစ်ခုပါပဲ။ ခရီးသွားဖို့ဘဲဖြစ်ဖြစ် ၊ အလုပ်အတွက်နဲ့ဘဲဖြစ်ဖြစ် လေဆိပ်သွားတဲ့အခါ ဝတ်တဲ့ဖက်ရှင်ကလည်း အရေးကြီးပါတယ် နွေရာသီလို ပူတဲ့အချိန် လေဆိပ်သွားတဲ့အခါ Fashionနဲ့ ပတ်သက်တဲ့ စိန်ခေါ်မှုတွေထဲက တစ်ခုကတော့ အပူချိန် ပြောင်းလဲခြင်းပါပဲ။ ဒီလို ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိဖို့ ဘာဝတ်ရမလဲဆိုတာ သတိထားသင့်ပါတယ်။

နွေရာသီ ခရီးသွားရက်တွေမှာ ဖက်ရှင်နဲ့ပတ်သက်ပြီး အမြဲတမ်း ယုံကြည်မှုရှိစေဖို့ Summer Airport Fashion တွေကို ဝေမျှပေးလိုက်ပါတယ်။

Loose Trousers and Jeans

လေဆိပ်ထဲမှာ အေးနေပေမယ့် လေဆိပ်အပြင်ထွက်တဲ့အခါ နေပူတော့မှာမို့လို့ လေဝင်လေထွက်ကောင်းဖို့အတွက် ဘောင်းဘီပွပွ အရှည်တွေ ချောင်ချောင်ချိချိရှိတဲ့ ဘောင်းဘီတွေက အသင့်တော်ဆုံးပါ။

Simple Sneakers and Flats

လေဆိပ်သွားတဲ့အခါ ဒေါက်မြင့်တွေစီးမယ့်အစား ပေါ့ပေါ့ပါးပါးနဲ့သက်တောင့်သက်သာရှိဖို့အတွက် ဖိနပ်အပါးလေးတွေ ၊ Sneakers တွေက သင့်ကို သက်တောင့်သက်သာရှိစေမှာပါ။

ပေါ့ပါးတဲ့ဝတ်စုံ

လေဆိပ်မှာ leggings တွေဝတ်တာက ဆောင်းရာသီလိုအေးတဲ့အချိန်မျိုးမှာ အဆင်ပြေပေမယ့် ပူပြင်းတဲ့နွေရာသီမှာတော့ အသက်ရှူကျပ်တာမျိုး ခံစားရစေပါတယ်။ ဒါကြောင့် ပေါ့ပါးတဲ့ဝတ်စုံတွေက အဆင်ပြေဆုံးပါပဲ။

ချည်သားနဲ့ ပိတ်ချော

100% polyester နဲ့ပြုလုပ်ထားတဲ့ အဝတ်အစားတွေက အသက်ရှုရကြပ်တာမျိုးတွေဖြစ်စေနိုင်တာကြောင့် လေဆိပ်သွားတဲ့အခါ ချည်သားမျိုးလေးတွေကို ရွေးချယ်တာက နွေရာသီနဲ့အသင့်တော်ဆုံးပါပဲ။

Hat

ဦးထုပ်ဆောင်းပါ။ ဦးထုပ်ဆောင်းတာက ဖက်ရှင်အတွက်သာမက နွေရာသီမှာ နေပူပူကနေလည်း ကာကွယ်ပေးပါတယ်။

အပေါ်ထပ်

Summer Airport Fashion အတွက် ပေါ့ပေါ့ပါးပါးဝတ်ရမှာမှန်ပေမယ့် အပေါ်ထပ်ပါးပါးလေးတော့ ယူသွားဖို့ မမေ့ပါနဲ့နော်။ လေဆိပ်ထဲမှာ ဒါမှမဟုတ် လေယာဥ်ပေါ်အေးတဲ့အခါဝတ်ဖို့အတွက်ပါ။