တစ်ချို့စုံတွဲတွေကို ကြည့်လိုက်ရင် အရမ်းပျော်နေပုံရပြီး သူတို့ဒီလိုအမြဲပျော်နေအောင် “ဘယ်လိုနေနေကြလဲ” လို့တောင် သင်တွေးကောင်းတွေးမိပါလိမ့်မယ်။ ပျော်ရွှင်စရာကောင်းတဲ့ စုံတွဲတွေ နေ့စဉ်လုပ်တဲ့အရာတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် ရယ်စရာကောင်းတာက အများစုကတော့ သူတို့ လုပ်နေတာကိုတောင် မသိကြဘူး။ ဒါတွေကတော့ သတိမထားမိဘဲ ပျော်ရွှင်တဲ့စုံတွဲတွေ နေ့တိုင်းလုပ်တဲ့အရာတွေပါပဲ။

အချိန်ယူတာ

ပျော်ရွှင်တဲ့စုံတွဲအများစုဟာ မနက်ခင်းမှာ တစ်ယောက်ကိုတစ်ယောက် တန်ဖိုးထားဖို့ အချိန်ယူတတ်ကြပါတယ်။ သူတို့ဘဝရဲ့ အလုပ်အများဆုံးနေ့ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် တစ်ယောက်ကိုတစ်ယောက် တန်ဖိုးထားဖို့ အချိန်ယူဖို့ မမေ့ကြပါဘူး။

ချစ်တဲ့အကြည့်နဲ့ကြည့်တာ

မျက်လုံးဆိုတာ စိတ်ဝိညာဉ်အတွက် ပြတင်းပေါက်ပါ။ ရိုးရှင်းတဲ့အကြည့်ကနေတဆင့် ဆက်သွယ်လို့ရတဲ့ အများကြီးရှိပါတယ်။ မြတ်နိုးခြင်းကနေ စက်ဆုပ်ရွံရှာခြင်းအထိပေါ့။ ပျော်ရွှင်စရာကောင်းတဲ့ စုံတွဲတွေဟာ တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြပြီး သူတို့ရဲ့ လက်တွဲဖော်ကို စိုက်ကြည့်မိတဲ့အခါ ချစ်စဖွယ်မျက်လုံးတွေနဲ့ လိုက်လုပ်တတ်ကြပါတယ်။

ရီမောတာ

အသက်ကြီးလာတာနဲ့အမျှ ပိုလေးနက်သင့်တယ်လို့ လူတွေက ထင်လာကြပါတယ်။ ဒါပေမဲ့ အပျော်ရွှင်ဆုံးလို့ သင်မြင်တဲ့ စုံတွဲတွေက တစ်ယောက်ရှေ့မှာတစ်ယောက် ဂရုစိုက်စရာမလိုဘဲ အော်ဟစ်ရယ်မောဖို့ ဝန်မလေးတတ်ကြပါဘူး။

သတင်းပို့တာ

အမြဲပျော်ရွှင်နေကြတဲ့စုံတွဲတွေဟာ နေ့စဉ်လူနေမှုဘဝမှာ ဖြစ်ပျက်နေတဲ့အရာများနဲ့ အစီအစဉ်များကို လက်တွဲဖော်ကို အမြဲပြောလေ့ရှိကြပါတယ်။ တစ်ခုခုဖြစ်တဲ့အခါ သူတို့ရဲ့လက်တွဲဖော်ကို အသိပေးဖို့က သူတို့အတွက် ဒုတိယသဘာဝပါပဲ။

ချီးကျူးစကားပြောတာ

ချီးကျူးစကားပြောပေးတာဟာ သူတို့အတွက် အခြေခံအားဖြင့် ဒုတိယသဘာဝပါပဲ။ ချီးကျူးစကားပြောတယ် ဆိုတာက သူတို့က သူတို့ရဲ့ လက်တွဲဖော်ကို မြှောက်ပင့်ဖို့ လုပ်နေတာ မဟုတ်ပါဘူး။

နေရာပေးတာ

လူတွေဟာ ပျော်ရွှင်ပြီး ချစ်ဖို့ကောင်းတဲ့စုံတွဲတစ်တွဲကို တွေ့တဲ့အခါ တစ်ယောက်နဲ့တစ်ယောက် အမြဲတစေ တွယ်တာနေတဲ့သူတွေလို့ ထင်တတ်ကြပါတယ်။ တကယ်က သူတို့ဟာ တစ်ယောက်ကိုတစ်ယောက် နားလည်မှုနဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်အပြည့်ပေးထားကြတဲ့ လူတွေပါ။

ပြသာနာကိုရှောင်ရှားတာ

ပျော်ရွှင်တဲ့အိမ်ထောင်ရေးရဲ့ လျှို့ဝှက်ချက်တွေထဲက တစ်ခုကတော့ ပြသနာတစ်ခုခုက ငြင်းခုံဖို့ မထိုက်တန်ဘူးဆိုတာသိတဲ့အခါ ရိုးရိုးလေးဖြတ်ကျော်သွားခြင်းပါဘဲ။ လူတိုင်းဟာ အမှားနဲ့မကင်းကြပါဘူး။ သင့်လက်တွဲဖော်က သင်မကြိုက်တဲ့အပြုအမူ စကားလုံးတွေ လုပ်တာမျိုး ပြောတာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒါက ကြီးကြီးမားမားမဟုတ်တာမလို့ ပခုံးတွန့်ပြီး ကျော်ဖြစ်သွားရုံပါပဲ။

ထင်မြင်ယူဆချက်

အမြဲပျော်ရွှင်နေကြတဲ့စုံတွဲတွေဟာ ဘာဘဲလုပ်လုပ် တစ်ယောက်နဲ့တစ်ယောက် ထင်မြင်ယူဆချက်တွေကို တောင်းခံတတ်ကြပါတယ်။ ညစာဘာစားမလဲကစလို့ ဆုံးဖြတ်ချက်ကြီးကြီးမားမားတွေအထိဘဲပေါ့။

ဂရုတစိုက် နားထောင်တာ

တချို့လူတွေက ကိုယ့်ရဲ့လက်တွဲဖော် စကားပြောနေတဲ့အခါမျိုးတွေမှာ စိတ်မရှည်နိုင်ဘဲ စိတ်ပျက်လက်ပျက် ဖြစ်နေတတ်ကြပါတယ်။ ဒါပေမယ့် ပျော်ရွှင်နေတဲ့စုံတွဲတွေကတော့ ခေါင်းစဉ်က ထပ်ခါထပ်ခါဖြစ်နေရင်တောင်မှ အာရုံစိုက်နားထောင်ဖို့ ကြိုးစားနေကြဆဲပါပဲ။

လေးစားတာ

လူတွေက သင်သူတို့ကို သင်ဖြစ်စေချင်တဲ့အတိုင်း 100% ဖြစ်မလာဘူးဆိုတာ အာမခံပါတယ်။ သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ပြုပြင်ဖို့တွန်းအားပေးမယ့်အစား သူတို့ရဲ့ဖြစ်တည်မှုကို လေးစားတာက ပျော်ရွှင်နေတဲ့စုံတွဲတွေမှာ တွေ့ရလေ့ရှိတဲ့အချက်ပါပဲ။

အာဃာတမထားတတ်တာ

စုံတွဲတွေကြား ပဋိပက္ခတွေဆိုတာက ရှောင်လွှဲလို့မရပေမယ့် အပြန်အလှန်ချစ်ခြင်းမေတ္တာကိုတော့ ဖျက်ပစ်မှာ မဟုတ်ပါဘူး။ပျော်ရွှင်တဲ့လူတွေဟာ တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြပြီး သူတို့ရဲ့ အာဃာတတွေကို လွှတ်ချဖို့ ဝန်မလေးတတ်ကြပါဘူး။ သူတို့ဟာ သူတို့ရဲ့ အတ္တကို ဘယ်လိုဖယ်ထားရမလဲဆိုတာ သိပြီး တစ်ယောက်ကိုတစ်ယောက် ချစ်ခြင်းမေတ္တာတွေနဲ့ အနိုင်ယူပြီး ပြီးသွားတာပါပဲ။