နေ့စဉ်ဘဝက ပျင်းရိပြီး ငြီးငွေ့စရာကောင်းတယ်လို့ ခံစားနေရတဲ့ပျိုမေတွေရှိလား။ ဒါဆိုရင်တော့ ဒီအကြောင်းအရာကသင့်အတွက်ပါပဲ။ ပျိုမေတို့အနေနဲ့ နေ့စဉ်ဘဝကို စိတ်ရောကိုယ်ပါ ကျန်းကျန်းမာမာနဲ့ အဓိပ္ပာယ်ရှိရှိကုန်ဆုံးနိုင်ဖို့ ကိုယ့်အတွက်အကျိုးရှိစေမယ့် အရာတွေကို မပျက်မကွက်ပြုလုပ်တတ်တဲ့ အကျင့်ရှိထားဖို့ အရေးကြီးပါတယ်။

သင်က အလုပ်တွေဖိလုပ်ပြီး စိတ်ဖိစီးမှုတွေကြားမှာပိတ်မိနေမယ် ဒါမှမဟုတ် ကိုယ်ပိုင် Comfort Zone ထဲ ရောက်နေမယ်ဆိုရင် ဘဝက အသစ်အဆန်းမရှိဘဲ ပျင်းစရာကောင်းနေသလိုဖြစ်နေမှာပါ။

ဒီလိုမဖြစ်ရအောင် နေ့ရက်တိုင်းမှာ သင့်ဘဝပိုပျော်စရာကောင်းပြီး ကျန်းမာတဲ့ Lifestyle ကိုရရှိစေဖို့ ပုံမှန်ပြုလုပ်ပေးသင့်တဲ့အရာတွေအကြောင်းကို အကြံပြုပေးလိုက်ရပါတယ်။

၁။ မနက်ထပြေးပါ


တစ်နေ့တာလုံးလန်းဆန်းနေဖို့ မနက်ပိုင်းတွေမှာ လမ်းလျှောက်ထွက်တာ ဒါမှမဟုတ် ဖြေးဖြေးမှန်မှန်ပြေးတာမျိုး ပြုလုပ်ပေးပါ။ (၁၀) မိနစ်မှ မိနစ် (၃၀) လောက်ထိပြုလုပ်ပေးသင့်ပါတယ်။

၂။ ၁၀ မိနစ်လောက် ခဏအနားယူပါ


အာရုံစိုက်ရတာများတဲ့အချိန်တွေမှာ ကိုယ့်မျက်လုံးနဲ့ ခန္ဓာကိုယ်ကိုအနားပေးဖို့မမေ့ပါနဲ့။ တစ်နေ့မှာ ၁၀ မိနစ်ခန့် ဘာမှမလုပ်ဘဲ ခဏမှေးတာ၊ အေးအေးဆေးဆေးထိုင်ပြီး လေကောင်းလေသန့်ရှုတာမျိုး ပြုလုပ်ပေးသင့်ပါတယ်။

၃။ တရားထိုင်ပါ၊ ယောဂကျင့်ပါ


တရားထိုင်တာကလည်း အာရုံစိုက်အားတိုးတက်စေပြီး စိတ်ရောကိုယ်ပါကျန်းမာစေတဲ့ အလေ့အကျင့်ကောင်း တစ်ခုပါပဲ။ ဒါကြောင့် တရားထိုင်ခြင်းအပြင် ယောဂကျင့်တာ၊ ဘုရားဝတ်ပြုတာအစရှိတဲ့ သင့်စိတ်ကိုငြိမ်းချမ်းစေတဲ့ အရာတွေကို ပုံမှန်ပြုလုပ်ကြည့်ဖို့အကြံပြုချင်ပါတယ်။

၄။ ကျန်းမာရေးနဲ့အညီ သဘာဝအစားအစာတွေစားပါ


ခန္ဓာကိုယ်ပေါ့ပါးပြီး ကိုယ်တွင်းအဆီတွေလျှော့ချနိုင်ဖို့ ကျန်းမာရေးနဲ့ကိုက်ညီပြီး လတ်ဆတ်တဲ့ သဘာဝအသီးအရွက်နဲ့ အသား၊ ငါးတွေ များများစားဖို့လည်းမမေ့သင့်ပါဘူး။

၅။ တစ်နေ့ ၈ နာရီပြည့်အောင်အိပ်ပါ


သင့်ကျန်းမာရေးနဲ့ အလှအပအတွက်အိပ်ချိန်ကအရေးအကြီးဆုံးပါပဲ။ ၈နာရီပြည့်အောင်အိပ်ဖို့နဲ့ စောစောအိပ်တတ်တဲ့အကျင့်ကို မွေးမြူထားဖို့လိုပါတယ်။

၆။ ရေများများသောက်ပါ


တစ်နေ့တာအတွက် ရေများများသောက်တတ်တဲ့အကျင့်ကိုလည်းမွေးမြူပေးပါ။ သင့်အသားအရေ ကျန်းမာရေးကို မြှင့်တင်ပေးပြီး ကိုယ်တွင်းအဆိပ်အတောက်တွေပြယ်စေတာကြောင့် ဝိတ်ထိန်းနိုင်ဖို့အတွက်ပါကူညီပေးပါလိမ့်မယ်။

၇။ ကိုယ့်ကိုကိုယ်အရမ်းဖိအားမပေးပါနဲ့

အားတဲ့အချိန်မှာ ကိုယ့်စိတ်တိုင်းကျ ပေါ့ပေါ့ပါးပါး ဇာတ်လမ်းကြည့်တာ၊ ဂိမ်းဆော့တာ၊ အပြင်လျှောက်သွားတာတွေကလည်း ပျော်ရွှင်ကျန်းမာတဲ့ နေ့စဉ်ဘဝအတွက်မဖြစ်မနေရှိသင့်တဲ့ အရာတွေထဲပါဝင်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုကိုယ်အချိန်တိုင်း ဖိအားမပေးဘဲ ပျော်ပျော်နေဖို့ကိုလည်း မမေ့သင့်ပါဘူး။

Photo Source: Pinterest

By MyStyle Myanmar