မင်္ဂလာပါ… ပျိုမဒီတို့ရေ… Victoria Secret model Gigi Hadid ဟာ ကျန်းမာပြီး လှပတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူဖြစ်ပြီး သူမဟာ ကမ္ဘာ့ထိပ်တန်းမော်ဒယ်တွေထဲမှာ ပါဝင်ပါတယ်။ ငယ်ငယ်ကတည်းက ဘော်လီဘော ကစားခဲ့ပြီး မြင်းစီးပြိုင်ပွဲတွေမှာ ပါဝင်ခဲ့တဲ့ Gigi က ဂျူနီယာအိုလံပစ်ပြိုင်ပွဲတွေအတွက်ပါ အရည်အချင်းပြည့်မီတဲ့သူပါ။

ဒီလိုအရည်အချင်းတွေနဲ့ပြည့်စုံပြီး နိုင်ငံတစ်ကာ Runway တွေမှာ လျှောက်လှမ်းနေတဲ့ Gigi ရဲ့ အသွင်အပြင်ကလည်း လုံးဝကိုအမိုက်စားမိမလို့ လှပတဲ့ ခန္ဓာကိုယ်ကို ထိန်းသိမ်းထာနိုင်တဲ့ သူမရဲ့လျှို့ဝှက်ချက်ကို ဝေမျှလိုက်ပါတယ်နော်။

Kickboxing

Gigi ဟာ လက်ဝှေ့ထိုးရတာကို ကြိုက်ပြီး ခန္ဓာကိုယ်ကို တင်းမာစေဖို့ လက်ဝှေ့လေ့ကျင့်ခဲ့ပါတယ်။ ဒါကြောင့် မော်ဒယ်နဲ့တူတဲ့ လက်တွေကို ပိုင်ဆိုင်ချင်တယ်ဆိုရင် ဒီလေ့ကျင့်ခန်းကို စမ်းကြည့်ပါ။

အော်ဂဲနစ်အစားအစာ

Gigi ဟာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ အသားများ၊ ဥများ၊ နို့နဲ့ ဂျုံစားလေ့ရှိပြီး အော်ဂဲနစ်အစားအစာကို နှစ်သက်တဲ့သူတစ်ယောက်ပါ။

Daily Exercises

Gigi ဟာ ခရီးထွက်နေရင်တောင်မှ သူမရဲ့ လေ့ကျင့်ခန်းတွေကို ဘယ်တော့မှ မမေ့ပါဘူး။ Gigi ရဲ့ abs လိုရဖို့ဆိုရင်တော့ Planks, Crunches, And Leg Raises စတဲ့လေ့ကျင့်ခန်းတွေက မဖြစ်မနေလုပ်သင့်တဲ့ လေ့ကျင့်ခန်းတွေပါ။

ပရိုတင်းနဲ့ ဟင်းသီးဟင်းရွက်များ

Gigi ဟာ အာဟာရတန်ဖိုးပါဝင်မှု သေချာပြင်ဆင်ထားတဲ့အစားအစာကိုဘဲ ဦးစားပေးစားသုံးလေ့ရှိတာကြောင့် Gigi ရဲ့ အစားအသောက်မှာ အရေးကြီးတဲ့ အစိတ်အပိုင်းနှစ်ခုက ဟင်းသီးဟင်းရွက်နဲ့ ပရိုတင်းပါ။

Squats And Donkey Kicks

တင်းရင်းတဲ့တင်ပါးတွေကို ပိုင်ဆိုင်ဖို့အတွက် Squats နဲ့ Donkey Kicks လေ့ကျင့်ခန်းတွေက သူမအတွက် မပါမဖြစ်ပါ။