သင်နေ့တိုင်း ရွေးချယ်လိုက်တဲ့ ရွေးချယ်မှုတွေက သင့်ဘဝပျော်ရွှင်မှုပေါ် သက်ရောက်မှု ရှိပါတယ်။ ဒီနေ့မှာ ပျော်ရွှင်ဖို့ ရွေးချယ်မလား၊ ဒါမှမဟုတ် အဆိုးမြင်စိတ်တွေကို ရွေးချယ်မလားဆိုတာက သင့်လက်ထဲမှာပါပဲ။ အခုတစ်ခေါက်မှာတော့ ဘဝရဲ့ နောက်ပိုင်းအချိန်တွေမှာ ပျော်ရွှင်ကျေနပ်နေဖို့ အသက် ၂၀ ကျော်အရွယ် မိန်းကလေးတွေ လုပ်သင့်တဲ့ အရာတွေကို ဖော်ပြလိုက်ပါတယ်။

၁။ ပတ်ဝန်းကျင်ကို သိပ်ဂရုမစိုက်ပါနဲ့

အသက် ၂၀ ကျော်လာရင် ဘာလုပ်ရမယ်၊ ညာလုပ်ရမယ်ဆိုတဲ့ စကားတွေကို သိပ်ဂရုမစိုက်သင့်ပါဘူး။ သင့်ကိုယ်ပိုင် စံသတ်မှတ်ချက်တွေ သတ်မှတ်ကာ တခြားသူ၊ ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ ဖြတ်သန်းသင့်ပါတယ်။

၂။ မိတ်ဆွေထားပါ

တစ်ယောက်တည်း ဘဝကို ဖြတ်သန်းလို့မရပါဘူး။ ၂၀ ကျော်အရွယ်တည်းက မိတ်ဆွေတွေ ရှာထားသင့်ပါတယ်။ ကိုယ့်မိတ်ဆွေတွေနဲ့ သဟဇာတဖြစ်အောင် ပြုမူနေထိုင်သင့်ပါတယ်။

၃။ ရည်မှန်းချက် ပန်းတိုင်ထားပါ

လက်ရှိမှာ သင့်ပန်းတိုင်က ဘယ်လောက်ပဲ ဝေးကွာပါစေ အရှုံးမပေးပါနဲ့။ အချိန်ကြာဦးမယ်ဆိုလည်း စိတ်ရှည်ရှည် ကြိုးစားကာ ရှေ့ဆက်သင့်ပါတယ်။

၄။ ကိုယ်တော်တဲ့အရာတွေကို ရှာပါ

လူတိုင်းမှာ အရည်အချင်း ကိုယ်စီ ရှိကြပါတယ်။ သင် တော်တဲ့အရာတွေက ဘာတွေလဲ သိအောင် လုပ်ထားသင့်ပါတယ်။

၅။ ရိုးသားစွာနေထိုင်ပါ

Social Media ပေါ်မှာ ကိုယ်မဟုတ်တဲ့ ဘဝပုံစံကို အယောင်ဆောင်ကာ မနေသင့်ပါဘူး။ ကိုယ့်အရှိကို အရှိအတိုင်း လက်ခံကာ ရိုးရိုးသားသား နေထိုင်သင့်ပါတယ်။

၆။ လေးစားခံရအောင် နေထိုင်ပါ

သင့်ကို မလေးမစား ဆက်ဆံတဲ့ အမူအရာတွေကို လုံးဝ မဖြစ်စေရဘူးလို့ ဆုံးဖြတ်ထားသင့်ပါတယ်။ မလေးမစား လုပ်လာတဲ့ လူတွေကိုလည်း သတ္တိရှိရှိ ရင်ဆိုင်သင့်ပါတယ်။

၇။ စူးစမ်းလေ့လာပါ

ကိုယ်နဲ့ မဆိုင်သလို နေတတ်တဲ့ အကျင့်ရှိရင် ပြင်သင့်ပါတယ်။ ကိုယ့်ဝန်းကျင်မှာ လေ့လာစရာ ရှိတာကို လိုက်လေ့လာသင့်ပါတယ်။

၈။ မပျင်းပါနဲ့

မနက် မိုးလင်းရင် Snooze Button နှိပ်တာကို တတ်န်ိုင်သမျှ လျှော့ချသင့်ပါတယ်။ နေ့ရက်အများစုကို သင့်ကိုယ်ပိုင် လုပ်ချင်တဲ့ အရာတွေ အကုန်ပြီးအောင် ကြိုးစားသင့်ပါတယ်။

၉။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှု ပုံစံကို ပျိုးထောင်ပါ

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှု ပုံစံကို စောစောစလေလေ သင်ပိုပျော်ရွှင်လေပါပဲ။

၁၀။ လေ့ကျင့်ခန်းပုံမှန်လုပ်ပါ

လှုပ်လှုပ်ရှားရှား နေထိုင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကိုလည်း အသက် ၂၀ ကျော် အရွယ်မှာ ထားသင့်ပါတယ်။

Photo source: Pinterest

By MyStyle Myanmar