ချစ်သူနှစ်ဦးတစ်ယောက်ကိုယ်တစ်ယောက် ချစ်နေကြရုံနဲ့မပြီးသေးပါဘူး။ နားလည်မှုအပြည့်နဲ့ သာယာတဲ့ အချစ်ခရီးလမ်းကို လျှောက်လှမ်း နိုင်ဖို့အတွက် ဒီအချက်လေးတွေရှိသင့်ပါတယ်။

၁။ အပြန်အလှန်ယုံကြည်မှုနဲ့ လေးစားမှု

ချစ်သူနှစ်ဦး ဆက်ဆံရေး သာယာစိုပြေဖို့ဆိုတာ တစ်ယောက်ကိုယ်တစ်ယောက် ယုံကြည်မှုနဲ့ အပြန်အလှန်လေးစားမှုတွေရှိဖို့ လိုအပ်ပါတယ်။ တစ်ယောက်ကပြောတဲ့အယူအဆ အတွေးအခေါ်တွေကို တစ်ယောက်က လေးစားသင့်ပြီး တစ်ယောက်ရဲ့ အိပ်မက်တွေကိုလည်း တစ်ယောက်ဖြည့်ဆည်းပေးသင့်ပါတယ်။

၂။ ပျော်ရွှင်မှု

ချစ်သူထားပါတယ်ဆိုမှ အမြဲတမ်းမျက်ရည်နဲ့ မျက်ခွက်စိတ်ဆင်းရဲနေလို့ ဘယ်ဖြစ်မလဲနော်။ သင်ဟာ ပျော်ရွှင်မှုနဲ့ ထိုက်တန်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ချစ်သူထားပြီး ပျော်ပျော်သာနေပါ။ သင်တို့နှစ်ဦးဆက်ဆံရေးက ပျော်ရွှင်စရာတွေဘာမှမရှိဘူးဆိုရင် အဲဒီအတွက် သင်ဘာလို့ အချိန်ကုန်ခံနေဦးမှာလဲ။ သင့်ကိုငိုအောင်လုပ်တဲ့သူနဲ့မနေဘဲ သင့်ကို ရယ်အောင်လုပ်တဲ့သူနဲ့ နေပါ။

၃။ လုံခြုံမှု

ချစ်သူနဲ့ အတူရှိနေတဲ့အချိန် သင်ဘာမှကြောက်ရွံ့မှုမရှိဘဲ လုံခြုံမှုအပြည့်ရှိတယ်လို့ ခံစားရတယ်ဆိုရင် သင်ဟာသိပ်ကိုအားကိုရတဲ့ချစ်သူတစ်ယောက်ရထားတာပဲနော်။ သူနဲ့အတူရှိရတာ လုံခြုံတယ် သက်သောင့်သက်သာရှိတယ်လို့ ခံစားရတာဟာ သင်တို့နှစ်ဦးဆက်ဆံရေး ဘယ်လောက်သာယာကြောင်းဖော်ပြနေတာပါပဲ။ သင်ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို လက်ခံပြီး သင့်ကိုကာကွယ်ပေးချင်တဲ့ချစ်သူကို ရရှိပိုင်ဆိုင်နိုင်ကြပါစေနော်။

၄။ စွဲလန်းမှု

သင့်တို့နှစ်ဦးဆက်ဆံရေးမှာ တစ်ယောက်ကိုယ်တစ်ယောက် ချစ်ခင် စွဲလန်းမှုမရှိဘူးဆိုရင်တော့ ပြန်ပြီး စဉ်းစားဖို့လိုပါတယ်။ သင်ဟာ ကဗျာဆန်တဲ့အချစ်ရေး ရင်ခုန်စရာကောင်းတဲ့အချစ်ရေးနဲ့ ထိုက်တန်တဲ့သူပါပဲ။

၅။ စွန့်စားလိုစိတ်

ချစ်သူနဲ့ပတ်သတ်လို့ ဘာမဆိုရင်ဆိုင်မယ်ဆိုတဲ့ စွန့်စားချင်စိတ်ဟာ ချစ်သူနှစ်ဦးဆက်ဆံရေးမှာ လိုအပ်တယ်လား။ ချစ်သူနဲ့ပတ်သတ်လို့ အတွေ့အကြုံသစ်တွေ၊ အံ့သြစရာကောင်းတဲ့အရာတွေ၊ အမှတ်တရဖြစ်စေမယ့် တဒင်္ဂအဖြစ်အပျက်လေးတွေကို သင်ဖန်တီးပေးသင့်ပါတယ်။

၆။ ဘာအကြောင်းပြချက်မှမရှိတဲ့ ချစ်ခြင်း

လူတစ်ယောက်ကိုချစ်တယ်ဆိုရာမှာ ဘာအကြောင်းပြချက်မှမရှိဖို့လိုအပ်ပါတယ်။ ကိုယ့်ချစ်သူ ရုပ်လှလို့ ၊ ချမ်းသာလို့ ချစ်တာမျိုးဟာ အချစ်စစ်မဟုတ်ပါဘူး။ ချစ်သူပျော်ချိန်မှာ အတူတူ ပျော်ပေးပြီး ချစ်သူငိုရင် အတူတူ မျှဝေခံစားပေးမယ့်သူသာလျင် စစ်မှန်တဲ့ချစ်ခြင်းနဲ့ ထိုက်တန်တဲ့သူတွေပါ။ ချစ်သူကို ဘာအကြောင်းပြချက်မှမရှိဘဲ ချစ်ပေးပါ။