ချစ်သူနဲ့ လက်ထပ်ဖို့ စီစဉ်ထားပြီးပြီလား။ ဒါမှမဟုတ် တချိန်မှာ ချစ်သူနဲ့ နှစ်ဦးတစ်အိမ် ထူထောင်ဖို့ အစီစဉ်ရှိလား။ ဒါဆိုရင်တော့ လက်မထပ်ခင်မှာ ဒါလေးတွေကို အရင်လုပ်ထားဖို့လိုပါတယ်။

သင့်ကိုယ်သင်အချိန်ပေးပါ။

နှစ်ဦးတစ်ဘဝမထူထောင်ခင်မှာ တစ်ယောက်တည်း လွတ်လွတ်လပ်လပ် စိတ်ပျော်သလိုနေလိုက်ပါ။ သင်ချစ်တဲ့သူ ခင်တဲ့သူတွေနဲ့ သွားပါလာပါ။

သင့်ချစ်သူရဲ့ အကောင်း အဆိုးတွေကို လက်ခံထားပါ။

လူတိုင်းမှာ အားနည်းချက်ကိုယ်ဆီရှိကြပါတယ်။ ကိုယ့်ချစ်သူရဲ့ အားနည်းချက် အားသာချက်တွေကို လက်ခံပါ။ လေးစားပါ။

သူငယ်ချင်းတွေနဲ့ အဝလည်ထားပါ။

လက်ထပ်ဖို့အစီစဉ်ရှိတယ်ဆိုရင်တော့ သင့်သူငယ်ချင်းတွေနဲ့ အဝလည်ထားပါ။ ပျော်စာတွေကို အတူတူလုပ်ပါ။ အိပ်ရေး၀၀အိပ်ချင်ရင် တဝကြီးသာ အိပ်ပစ်ပါ။

သင်ပျော်ရွှင်တဲ့အရာတွေကို လုပ်ဆောင်ပါ။

လက်ထပ်ပြီးရင် နှစ်ဦးသား အိမ်ထောင်ရေးကိစ္စတွေနဲ့ ဆိုတော့ လက်မထပ်သေးခက်မှာ ကိုယ်စိတ်ကြိုက် ကိုယ်ပျော်တဲ့အရာတွေကို လုပ်ဆောင်ပါ။ သင်လုပ်ချင်တာကိုလုပ်ပါ။

ပညာရေးကိုပြီးဆုံးအောင်သင်ထားပါ။

အရမ်းကိုအရေးကြီးပါတယ်။ ပြီးမှ အိမ်ထောင်တစ်ဖက် ကလေးတစ်ဖက်နဲ့ ကျောင်းစာလုပ်ရတာ ကတိကအောင့်ဖြစ်စရာကောင်းလှပါတယ်။ ကိုယ့်ကလေးအပေါ် ချစ်ခင်ပွန်း၊ ချစ်ဇနီးအပေါ် အားနာရပါတယ်။ ဒါ့ကြောင့် ပညာရေးကို ပြီးဆုံးအောင်လုပ်ထားပါ။

ဟင်းဘယ်လိုချက်ရမလဲသင်ထားပါ။

ဒါကတော့ အမျိုးသား အမျိုးသမီးရယ်လို့မဟုတ်ပါဘူး။ ချစ်တဲ့သူကို ချစ်တဲ့သူက ထမင်းဟင်းချက်ကျွေးတာပျော်စရာပါ။ အမျိုးသမီးတွေအတွက်ဆိုရင် ယောက္ခမကြီးဆီက အချစ်တွေ တိုးဖို့ ထမင်းဟင်း ကောင်းကောင်းချက်တတ်အောင်သင်ထားပါနော်။

မိဘတွေအပေါ် အချိန်ပေးပါ။

သင့်မိဘတွေဟာ သင့်ဘဝမှာ အရေးပါဆုံးကျေးဇူးရှင်တွေပါပဲ။ အိမ်ထောင်ကျပြီးရင် မိဘနဲ့အတူတူနေမယ်ဆိုရင်တောင် သားမယား ကိစ္စနဲ့ မိဘကို အရင်လို ဂရုစိုက်နိုင်တော့မှာမဟုတ်ပါဘူး။ အချစ်လျှော့သွားတာမဟုတ်ပေမယ့် အချိန်တွေက တခြားကိုပေးစရာရှိလာပါတယ်။ ဒါ့ကြောင့် မိဘတွေအပေါ် တဝကြီးအချိန်ပေးပါချစ်ပါ။

မောင်နှမတွေနဲ့အတူ ခရီးသွားပါ။

လက်ထပ်ပြီးရင်မောင်နှမတွေပဲ ခရီးအတူတူသွားဖို့ခက်သွားပါပြီ။ လက်မထပ်ခင် ကိုယ့်မောင်နှမတွေနဲ့ ခရီးအတူတူသွားပါနော်။