မိန်းကလေးတိုင်းအတွက် ဆံကေသာက တန်ဖိုးရှိတဲ့အရာတစ်ခုလို့ ပြောလို့ရပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ ဆံကေသာနဲ့ပတ်သက်ပြီး မိန်းကလေးတိုင်း ဂရုတစိုက်နဲ့ ဆင်ခြင်သင့်တဲ့အချက်တွေကို ပြောပြပေးလိုက်ပါတယ်။ Healthy Hair ဖြစ်ချင်ရင်တော့ ဒီအချက်တွေကို ဆင်ခြင်ဖို့လိုပါတယ်။

Hair Care လုပ်ရမှာပျင်းခြင်း

ဆံသားလှပပြီး ကျန်းမာဖို့အတွက်ဆိုရင် Hair Care မလုပ်လို့မရပါဘူး။ ဆိုင်မှာမလုပ်နိုင်ရင်တောင်မှ အနည်းဆုံးတော့ အိမ်မှာ တစ်ပတ်တစ်ခါ ပေါင်းတင်တာမျိုး၊ Hair Mask သေချာသုံးတာမျိုးတွေ လုပ်ပေးသင့်ပါတယ်။

ပျက်စီးနေတဲ့ဆံသားတွေကိုမညှပ်ခြင်း

ပျက်စီးနေတဲ့ဆံသားတွေကို မညှပ်ပဲထားရင် ဆံပင်တွေပိုပျက်စီးလာမယ်၊ ဆံပင်အရှည်နှေးလာပါမယ်။ ဒါကြောင့် တစ်လတစ်ခါ မဟုတ်တောင်မှ နှစ်လတစ်ခါတော့ ပျက်စီးနေတဲ့ဆံသားတွေကို ညှပ်ထုတ်ပေးပါ။ အဖျားနှစ်ခွဖြစ်နေတာတွေကို ညှပ်ပေးပါ။

အရမ်းပြင်းတဲ့ Shampoo တွေသုံးခြင်း

Shampoo ကို ကိုယ့်ဆံသားအတွက် အဆင်ပြေတာမျိုး ရွေးသုံးပေးဖို့ လိုပါတယ်။ သူများကောင်းတယ်ဆိုတိုင်းလည်း ကိုယ်နဲ့မတည့်ရင် ဗောက်ထတာတွေ ဖြစ်လာမှာပါ။ အရေးကြီးတာက အရမ်းပြင်းတဲ့ Shampoo တွေမသုံးဖို့ပါ။ အရမ်းပြင်းတဲ့ Shampoo တွေသုံးတဲ့အခါ ဆံပင်ခြောက်သွေ့ပြီးဖွာတာ၊ ဆံပင်ကျွတ်တာတွေ ဖြစ်စပါတယ်။

ဆံပင်ရေစိုနေချိန်ခေါင်းဖြီးခြင်း

ဆံပင်ရေစိုနေချိန်မှာ ခေါင်းဖြီးတာက ဆံသားအရမ်းနာပြီး ဆံပင်ကျွတ်စေပါတယ်။ ဆံပင်ရှည်တဲ့သူတွေဆို ပိုဆိုးပါတယ်။ ဒါကြောင့် ဆံပင်ရေစိုနေချိန် ခေါင်းဖြီးတာမျိုး လုံးဝမလုပ်ပါနဲ့။

ခေါင်းခဏခဏလျှော်ခြင်း

တော်တော်များများ ဆင်ခြင်ရမယ့်အရာက ခေါင်းခဏခဏလျှော်တာပါပဲ။ ခေါင်းခဏခဏလျှော်တာက ဆံသားအတွက်လိုအပ်တဲ့ အဆီဓာတ်တွေ ဆုံးရှုံးစေပြီး ဆံသားခြောက်သွေ့ ပျက်စီးစေတယ်၊ ဆံပင်ကျွတ်စေပါတယ်။

Pony Tail အမြဲစည်းထားခြင်း

တချို့က ဆံပင်ကို အမြဲတမ်း Pony Tail စည်းထားတတ်ပါတယ်။ တင်းကြပ်နေအောင် Pony Tail စည်းတာက ဆံသားနဲ့ဦးရေပြား နာကျင်ပြီး ဆံပင်ကျိုးကြေတာ၊ ဆံပင်ကျွတ်တာ၊ ထိပ်ပြောင်တာတွေ ဖြစ်စေတာကြောင့် ဆင်ခြင်သင့်ပါတယ်။