မိန်းကလေးတစ်ယောက်က မျက်နှာကိုပဲအလှပြင်နေရုံနဲ့ မပြီးသေးပါဘူး။ အလှအပြင်ရင်တောင်လှပနေစေဖို့ အချိန်တိုင်းမှာ ကိုယ့်ကိုယ်ကိုဂရုစိုက်ပေးမှ ဖြစ်မှာပါ။ ဒါကြောင့် နေ့ရက်တိုင်းမှာလှပနေစေဖို့ မိန်းကလေးတစ်ယောက်အနေနဲ့ ပုံမှန်လုပ်ပေးသင့်တဲ့ အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ရေများများသောက်ပေးပါ။

Source: www.doctorstime.com

အသားအရေလှပဖို့အတွက် ပိုက်ဆံမကုန်စေတဲ့ အထိရောက်ဆုံးအရာကတော့ ရေများများသောက်ပေးခြင်းပါပဲ။ မိုးလင်းလို့ အိပ်ယာထတဲ့အချိန်ကစပြီး ညအိပ်ယာဝင်ချိန်ထိ ရေကိုများများသောက်ပေးပါ။ အသားအရေလည်းလှပစေသလို ဝမ်းလည်းမှန်စေပါတယ်။

တစ်နေ့ ၂ ကြိမ် မျက်နှာသစ်ပါ။

Source: www.birthorderplus.com

ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် မျက်နှာကို တစ်နေ့ ၂ ကြိမ် ပုံမှန်သစ်ပေးပါ။ ဘယ်လောက်ပဲ အသားအရေထိန်းသိမ်းတယ်ပြောပြော မျက်နှာကို စင်ကြယ်အောင်သစ်ပေးမှသာ ထူးခြားတဲ့ရလဒ်ကို ရရှိစေမှာပါ။

တစ်နေ့ ၂ ကြိမ် သွားတိုက်ပါ။

Source: www.rayburndds.com

မိန်းကလေးတစ်ယောက်အနေနဲ့ ခံတွင်းအနံ့ဆိုးမနံစေဖို့ အထူးဂရုစိုက်ပေးရပါမယ်။ သွားကို မနက် တစ်ကြိမ်၊ ည တစ်ကြိမ် ပုံမှန်တိုက်ပေးဖို့ အရမ်းအရေးကြီးပါတယ်။

Skincare ပုံမှန်လုပ်ပါ။

Source: www.beautynesia.id

မိန်းကလေးတိုင်းကတော့ အသားရေလှချင်ကြတာပါပဲ။ ဒီလိုအသားအရေလှပဖို့ Skincare ကို ပုံမှန်လုပ်ပေးပါ။ Mask လေးတွေလည်း ပုံမှန်ကပ်ပေးဖို့ မမေ့ပါနဲ့။

ကျန်းမာတဲ့အစားအသောက်တွေစားပါ။

Source: www.tarunclinicallab.in.com

တစ်နေ့တာမှာ ကျန်းမာတဲ့အစားအသောက်တွေကို ရွေးချယ်စားသုံးပေးပါ။ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေနဲ့ အသီးအရွက်တွေ၊ သစ်သီးတွေကို များများစားသုံးပေးပါ။

လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။

Source: www.1zoom.me.com

ကျန်းမာပြီး လှပတဲ့ခန္ဓာကိုယ်လေး ရရှိလာစေဖို့ လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါ။ ယောဂကျင့်တာနဲ့ တရားထိုင်တာတွေလည်း ပြုလုပ်ပေးပါ။

ဗဟုသုတရှာဖွေပါ။

Source: www.fasttospreads.com

နေ့စဉ်နဲ့အမျှ ဘာတွေဖြစ်ပျက်နေလဲဆိုတာကို သိစေဖို့ သတင်းအမြဲကြည့်ပေးပါ။ တစ်နေ့တာကို ဖုန်းနဲ့အချိန်ကုန်နေမယ့်အစား အကျိုးရှိစေမယ့်စာအုပ်တွေဖတ်ပြီး ဗဟုသုတဖြစ်စေမယ့်အရာတွေကို ရှာဖွေလေ့လာပါ။ စိတ်ကြည်လင်လန်းဆန်းအောင် သီချင်းနားထောင်ပါ။ ထက်မြတ်တဲ့မိန်းကလေးတစ်ယောက်က သူများထက်ပိုလှပါတယ်။