ပျော်စရာကောင်းပြီး ချစ်သူနှစ်ဦးကြားမှာ သံယောဇဉ်တွေ နားလည်မှုတွေ ချစ်ခြင်းမေတ္တာတွေတိုးပွားလာစေဖို့အတွက် နှစ်ဦးသားအတူတူ အမှတ်တရလေးတွေ ဖန်တီးရယူရမှာဖြစ်ပါတယ်။ ကဲ ဒါဆိုချစ်သူစုံတွဲတိုင်း ချစ်သူဘဝမှာအနည်းဆုံးတစ်ခေါက်လောက်အတူတူပြုလုပ်ကြည့်သင့်တဲ့အရာလေးတွေကို ဆက်ဖတ်ကြည့်လိုက်ရအောင်။

(၁) ခရီးသွားပါ

Source : Daily Travel Pill

ချစ်သူနဲ့အတူ ခရီးသွားတာက တစ်ယောက်နဲ့တစ်ယောက်ကြား ရင်းနှီးမှုပိုတိုးစေပြီး တစ်ယောက်အကြောင်း တစ်ယောက်ပိုမိုလေ့လာခွင့်ရစေနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး မမေ့နိုင်စရာအမှတ်တရတွေ ကြည်နူးပျော်ရွှင်စရာတွေ ပတ်ဝန်းကျင်အသစ်ရဲ့ အတွေ့အကြုံအသစ်အဆန်းတွေကိုလည်း အတူတူခံစားရရှိစေမှာဖြစ်ပါတယ်။ ဒါကြောင့်ချစ်သူဘဝမှာ ခရီးတစ်ခုတော့ သွားဖြစ်အောင်သွားကြည့်ပါ။

(၂) အလှူအတန်းလုပ်ပါ

ချစ်သူနှစ်ဦးအတူတကွ အလှူအတန်းလုပ်ရတာက အင်မတန်ပျော်ရွှင်ဖို့ကောင်းသလို မလှူခင်အချိန် လှူနေတဲ့အချိန်နဲ့ လှူပြီးတဲ့အချိန်အထိပါ ကြည်နူးစရာကောင်းတဲ့ ခံစားမှုကိုရရှိစေမှာပဲ ဖြစ်ပါတယ်။ အလှူအတန်းလုပ်ဖို့အတွက် လတိုင်းတစ်ယောက်ကို ဘယ်လောက်စုမယ်ဆိုတာမျိုးလေးသတ်မှတ်ပြီး နှစ်ယောက်အတူတူ စုပေါင်းကာလိုအပ်တဲ့နေရာလေးတွေမှာ သွားရောက်အလှူအတန်းပြုလုပ်ကြည့်ဖို့ အကြံပြုချင်ပါတယ်။

(၃) အတွေ့အကြုံအသစ်အဆန်းတစ်ခုလုပ်ကြည့်ပါ

Source : Austin Bazzar

နှစ်ယောက်လုံးတစ်ခါမှ အတူတူမလုပ်ဖူးသေးတဲ့ အသစ်အဆန်းဖြစ်စေမယ့် အရာတစ်ခုခုကို စမ်းသပ်လုပ်ဆောင်ကြည့်ပါ။ ဥပမာ နှစ်ယောက်လုံးနဲ့ သိပ်မရင်းနှီးတဲ့ ဘာသာစကားအသစ်တစ်ခုသင်ယူတာမျိုး တူရိယာတီးခတ်နည်းသင်တန်းတက်တာမျိုး စသည်ဖြင့်အတွေ့အကြုံအသစ်အဆန်း ခံစားမှုအသစ်အဆန်းတစ်ခုခုရစေမယ့် အရာလေးတွေလုပ်ကြည့်ပါ။

(၄) First Date တုန်းကလို ဒိတ်ပြန်လုပ်ကြည့်ပါ

First Date ဆိုတာ ချစ်သူစုံတွဲတိုင်းအတွက် ရင်ခုန်စရာ စိတ်လှုပ်ရှားစရာနဲ့ ပျော်စရာတွေနဲ့ ပြည့်နှက်နေတဲ့ နေ့ရက်တစ်ခုပါပဲ။ ရင်ခုန်သံတွေ ပြန်ပြီးလတ်ဆတ်စေချင်တယ် ကြည်နူးစရာအချိန်တွေကို တစ်ကြောပြန် ပြန်လည်ခံစားချင်တယ်ဆိုရင်တော့ First Date တုန်းကသွားခဲ့တဲ့ စားသောက်ဆိုင် ၊ ကော်ဖီဆိုင် လေးတွေမှာ ပြန်ပြီး ဒိတ်လုပ်ကြည့်သင့်ပါတယ်။