ယောကျာ်းလေးတွေက သူတို့ရဲ့ချစ်သူမိန်းကလေးတွေကို လက်ထပ်ခွင့်မတောင်းခင်မှာ ကောင်မလေးဆီမှာ ဒီလိုအရာလေးတွေ ရှိသလားဆိုတာကို အဓိကထားပြီး ဆုံးဖြတ်ရွေးချယ်လေ့ရှိတတ်ကြပါတယ်နော်။ ကဲ..တန်ဖိုးကြီးပစ္စည်းဥစ္စာတွေထက် ဘယ်လိုအရာလေးတွေက ယောကျာ်းလေးတိုင်း သူတို့ချစ်ရတဲ့ကောင်မလေးဆီက မက်မက်မောမောလိုချင်တောင့်တနေသလဲဆိုတာ ကြည့်လိုက်ပါအုံးနော်..

၁။ ရိုးသားခြင်း

ရိုးသားတဲ့မိန်းကလေးတွေက ယောကျာ်းလေးတွေရဲ့ အသည်းနှလုံးကိုဖမ်းစားနိုင်ပါတယ်။ သူတော်ကောင်းယောင်ဆောင်ပြီးတော့ အကွက်တွေရွေ့ ဇာတ်လမ်းတွေရိုက်နေတဲ့သူမျိုးဆို ယောကျာ်းလေးတွေက ချစ်ရေးမဆိုခင်၊ ဒါမှမဟုတ် ချစ်သူဖြစ်နေရင်တောင်မှ လက်ထပ်ခွင့်တောင်းသင့် မတောင်းသင့် သေချာပြန်စဉ်းစားလေ့ရှိပါတယ်။

၂။ စာနာခြင်း၊ မျှဝေခံစားခြင်း

စာနာစိတ်ရှိတဲ့ ကောင်မလေးနဲ့ ချစ်သူဖြစ်တဲ့ကောင်လေးတွေဟာဆိုရင် အချစ်ခံရတယ်လို့ ခံစားကြရတယ်။ ပြီးတော့အဲ့လိုကောင်မလေးတွေက သူတို့အခက်အခဲဖြစ်နေတဲ့အချိန်တိုင်း ဘေးနားမှာအဖော်ပြုပြီး မျှဝေခံစားပေးမယ်လို့လည်း ယုံကြည်တတ်ကြတယ်။

၃။ မိမိကိုယ်ကိုယုံကြည်မှုရှိခြင်း

စိတ်ဓာတ်ကြံခိုင်ပြီးတော့ မိမိကိုယ်ကိုယုံကြည်မှုရှိတဲ့ မိန်းကလေးကိုဆို ယောကျ်ားလေးတွေ ဒဲ့ကြွေပါတယ်။

၄။ ကြင်နာတတ်ခြင်း

သူတစ်ပါးအပေါ် မကောင်းကြံပြီး ကြင်နာစိတ်ကင်းမဲ့တဲ့သူမျိုးကို လူတိုင်းမကြိုက်ကြပါဘူး။ ဒါကြောင့် သနားကြင်နာစိတ်ရှိခြင်းကလည်းပဲ ယောကျာ်းလေးတွေချစ်ရေးဆိုစေတဲ့ အဓိကအချက်ပဲဖြစ်တယ်။

၅။ ဟာသဉာဏ်ရွှင်ခြင်း

အကယ်၍သင်ဟာ ဟာသဉာဏ်ရွှင်တဲ့ကောင်မလေးဆိုရင် သင့်အနားမှာနေရတာကို သူပျော်ပါလိမ့်မယ်။

၆။ ဉာဏ်ပညာထက်မြက်ခြင်း

မိန်းကလေးတွေရဲ့ ထက်မြက်တဲ့အရည်အချင်းကိုလည်းပဲ ကောင်လေးတွေလိုချင်တတ်ကြပါတယ်။ ဒါမှလည်း သူတို့အလေးအနက်ထားတဲ့သမီးရည်းစားဆက်ဆံရေးကို တည်ဆောက်နိုင်မှာမို့လို့ပါ။

၇။ လှပတဲ့ နှလုံးသားရှိခြင်း

စိတ်ဝိညာဉ်လှပတဲ့မိန်းကလေးမျိုးကို ယောကျာ်းလေးတွေ မကြွေပဲမနေပါဘူး၊ ကြွေကိုကြွေပါတယ်။

၈။ ပွင့်လင်းမှုရှိခြင်း


ကိစ္စတစ်ခု၊ ပြဿနာတစ်ခုရှိလာပြီဆိုရင် သွယ်ဝိုက်ကွေ့ပတ်နေတာမျိုးမဟုတ်ဘဲ သင့်ရဲ့အတွေးကို ပွင့်ပွင့်လင်းလင်းနဲ့ တိုက်ရိုက်ပြောပြမယ်ဆိုရင် သင့်ကောင်လေးဆီက လေးစားမှုကိုရရှိမှာ အမှန်ပါပဲ။

Source: banter.fun