အမျိုးသမီးတွေအားလုံး ရှက်တတ်ကြပါတယ်။ သူတို့ရဲ့ အိမ်မှာ ဒါမှမဟုတ် သီးသန့်တစ်ယောက်တည်းရှိနေတဲ့အချိန်တွေမှာသာ လုပ်တတ်တဲ့ အကျင့်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

လေလည်ခြင်း

လူတွေဟာ တစ်နေ့ကို ပျမ်းမျှအားဖြင့် လေ ၁၀ ကြိမ်ကနေ အကြိမ် ၂၀ ထိလည်ကြပါတယ်။ အမျိုးသမီးတွေရော အမျိုးသားတွေရောပါပဲ။ လေလည်တာဟာ အူလမ်းကြောင်းလုပ်ဆောင်ချက်ကို ကောင်းမွန်ပါတယ်။ အမျိုးသမီးတွေကတော့ သူတို့ရဲ့ ချစ်သူရှေ့မှာရော လူရှေ့မှာရော လေလည်တာမျိုးကို အသံမထွက်အောင်ထိန်းပြီးလည်တတ်ကြပါတယ်။ အိမ်မှာတော့ ပွင့်ပွင့်လင်းလင်းပဲ လေလည်ကြပါတယ်။

ခေါင်းမလျှော်ခြင်း

ဦးရေပြားက အဆီပြန်လာလို့ ဆံပင်စီးနေရင် စတိုလ်လည်းပျက်စေပါတယ်။ ခေါင်းကိုနေ့တိုင်းလျှော်ရင်လည်းဦးရေပြားခြောက်သွေ့စေပါတယ်။ အမျိုးသမီးတွေဟာ အဲဒီလို ဆံပင်စီးနေတဲ့အခါတိုင်း ခေါင်းမလျှော်ဘူးဆိုတာကို ဝန်ခံလေ့မရှိပါဘူး။

အတွင်းခံကိုပြောင်အောင်မလျှော်ခြင်း (သို့) အတွင်းခံအရောင်မွဲနေခြင်း

တခါတလေ အလုပ်ရှုပ်တဲ့ မိန်းကလေးတွေဆို ကိုယ့်အဝတ်စားကိုယ်လျှော်လေ့မရှိဘဲ အဝတ်လျှော်စက်နဲ့ပဲလျှော်လိုက်တတ်ကြပါတယ်။ ကိုယ်တိုင်လျှော်ရင်လည်း အတွင်းခံကို လက်နဲ့ သေချာမပွတ်တိုက်ပဲ ရေပဲဆေးချလေ့ရှိပါတယ်။ အခုလို အတွင်းခံကိုပြောင်အောင်မလျှော်ထားတာ အတွင်းခံအရောင် မွဲနေတာ ပြဲနေတာတွေကိုလည်း သင်လူမသိစေချင်ပါဘူးတဲ့။

လက်သည်းကိုက်တတ်ခြင်း

လက်သည်းကိုက်ရတဲ့အကြောင်းအချင်းရာ အမျိုးမျိုးရှိပါတယ်။ စိတ်ဖိစီးမှုကြောင့် တစ်ခုခုကိုစိတ်ညစ်နေလို့ပဲဖြစ်ဖြစ် အကျင့်ကြောင့်ပဲဖြစ်ဖြစ်အမျိုးမျိုးရှိပါတယ်။ အခုလိုလက်သည်းကိုက်တာမျိုးကို အိမ်မှာ (သို့) ကိုယ်တစ်ယောက်တည်းရှိနေတဲ့အချိန်မှာသာ တိတ်တခိုးလေး လုပ်တတ်ကြပါတယ်။

နှာခေါင်းနှိုက်ခြင်း

သင်နှာခေါင်းနှိုက်မယ်လုပ်တဲ့အခါ သင့်အမေက လက်ကို ဖြတ်ခနဲ့ ရိုက်လိုက်တာ ခံခဲ့ဖူးပါသလား။ နှာခေါင်းနှိုက်တာဟာ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ အခုလိုနှာခေါင်းထဲ လက်နှိုက်တာမျိုးကို လူရှေ့မှာ လုပ်လေ့မရှိသလို တစ်ယောက်တည်း တိတ်တိတ်ကလေးသာ လုပ်လေ့ရှိပါတယ်။

နောက်ထပ် ဝန်ခံလေ့မရှိတဲ့အမူအကျင့်တွေကတော့

အမျိုးသမီးတွေ ဝန်ခံလေ့မရှိတဲ့ (သို့) လျှို့ဝှက်စွာလုပ်တတ်တဲ့ အမူအကျင့်တွေ

သင်ရေမချိုးရသေးတဲ့အကြောင်း ၊ ခေါင်းကိုမြန်မြန် အလောတကြီးလျှော်ရတဲ့အကြောင်း၊ လူတစ်ယောက်ကိုကြည့်ရင် ဖိနပ်ကစပြီးကြည့်တဲ့အကြောင်းတွေပါပဲ။ ပြီးတော့ နောက်တစ်ခုက သင့်ရဲ့ ကိုယ်အနံ့နံနေမှာကို တခြားသူအနံ့ရသွားမှာ သင်စိုးရိမ်တတ်ပါတယ်။