အမျိုးသမီးတစ်ယောက်က ကိုယ့်ကိုယ်ကိုချစ်ခင်ပြီး တန်ဖိုးထားတယ်ဆိုရင် အရည်အသွေးပြည့်မှီတဲ့ အရာဝတ္ထုပစ္စည်းတွေကို ဝယ်သုံးဖို့အတွက် ဘယ်တော့မှလက်မတွန့်ပါဘူး။ ဈေးချိုတဲ့ပစ္စည်းတွေဟာ ကိုယ့်ရဲ့တန်ဖိုးကိုနိမ့်ကျစေတဲ့အပြင် ကျန်းမာရေးအတွက်လည်း ကောင်းကျိုးမဖြစ်စေပါဘူး။ ဥပမာပြောရမယ်ဆိုရင်တော့ ဈေးပေါတဲ့မွေ့ရာက သင့်ရဲ့ခန္ဓာကိုယ်အနေအထားကို ပျက်စီးစေပြီး နောက်ကျတော့မှ အသစ်ပြန်ဝယ်မယ်ဆိုတာက ပိုက်ဆံလည်းနှစ်ခါကုန်စေတာကြောင့် ဈေးကြီးပေးရပေမယ့်လည်း အစပိုင်းကတည်းက ကောင်းတာကိုဝယ်လိုက်ခြင်းက မှန်ကန်တဲ့ ရွေးချယ်မှု ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ ဘယ်လိုအခြေအနေတွေမှာ ပိုက်ဆံမချွေတာသင့်ဘူးလဲဆိုတာကို အချက်လေးတွေစုစည်းပြီး ပြောပြပေးချင်ပါတယ်။

အရည်အသွေးကောင်းတဲ့မွေ့ရာ

ဈေးနှုန်းသက်သာတယ်ဆိုပြီး အရည်အသွေးမကောင်းတဲ့ မွေ့ရာကိုဝယ်ပြီးအိပ်တာက နာတာရှည်ပင်ပန်းနွမ်းနယ်မှုကိုဖြစ်ပေါ်စေတဲ့ အကြောင်းအရင်းတစ်ခုဖြစ်လာနိုင်ပါတယ်။ အမျိုးသမီးတွေအနေနဲ့ ခန္ဒာကိုယ်အနေအထားက အရေးကြီးတဲ့အတွက်ကြောင့် ၈ နှစ်တစ်ခါတိုင်း နူးညံ့အိစက်တဲ့မွေ့ရာကို လဲလှယ်အသုံးပြုပေးသင့်ပါတယ်။

ရေ

ဘုံပိုင်ခေါင်းက မကျိုချက်ထားတဲ့ရေက အန္တရာယ်ရှိတဲ့အတွက်ကြောင့် စတိုးဆိုင်တွေမှာရောင်းချတဲ့ ရေသန့်ဘူးတွေကိုသာ ရွေးချယ် ဝယ်ယူ သောက်သုံးပါ။ ကြည်လင်သန့်ရှင်းတဲ့ သောက်ရေသန့်ကို သောက်သုံးခြင်းက ကျန်းမာရေးအတွက် အဓိကကျတာကြောင့် ဖြစ်သလို တွေ့ရာရေကို မသောက်သင့်ပါဘူး။

အရည်အသွေးကောင်းတဲ့ အချိုပွဲများ

အမျိုးသမီးတိုင်းက စားကောင်းသောက်ကောင်းဆိုရင် ကြိုက်ကြပေမယ့်လည်း ချောကလက်တွေနဲ့ အချိုတွေက ခန္ဒာကိုယ်အချိုးအစားအတွက်နဲ့ အစာအိမ်အတွက် မကောင်းပါဘူး။ ချောကလက်တစ်ချို့မှာထည့်သွင်းထားတဲ့ ဓာတုဆိုးဆေးတွေက အသားအရေအတွက် ဆိုးကျိုးဖြစ်စေတဲ့အပြင် အရသာခံနိုင်စွမ်းရည်ကိုလည်း ပျက်စီးစေပါတယ်။

အိမ်သာသုံးစက္ကူ

အရည်အသွေးနိမ့်ကျတဲ့ အိမ်သာသုံးစက္ကူတွေက ဓာတ်မတည့်မှုနှင့် အရေပြားနီရဲရောင်ရမ်းခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် ဈေးကြီးပေမယ့်လည်း ကိုယ့်ခန္ဓာကိုယ်အတွက် ဆိုးကျိုးမဖြစ်စေအောင်လို့ အရည်အသွေးကောင်းတဲ့အိမ်သုံးပစ္စည်းတွေကိုသာ ရွေးချယ်အသုံးပြုပါ။

လက်အသားအရေ

အမျိုးသမီးတစ်ယောက်က ကိုယ့်ကိုယ်ကို ဘယ်လောက်ဂရုစိုက်သလဲဆိုတာကို သူမရဲ့လက်ကိုကြည့်ပြီးသိနိုင်ပါတယ်။ တခြားအချက်တွေကို ခဏဖယ်ထားလိုက်မယ်ဆိုရင် ဒီအစိတ်အပိုင်းက အမျိုးသမီးတစ်ယောက်ရဲ့ အသက်အစစ်အမှန်ကို ညွှန်ပြနေပါတယ်။ သန့်ရှင်းရေးလုပ်တဲ့အခါ လက်အိတ်စွပ်တာ၊ အရမ်းအေးတဲ့ အရမ်းပူတဲ့ရေတွေနဲ့ မထိတွေ့တာ စသဖြင့် အချက်အမျိုးမျိုးကို သတိထားသင့်ပါတယ်။

မိတ်ကပ်ဖောင်ဒေးရှင်း

ဈေးပေါတဲ့ဖောင်ဒေးရှင်းတွေက ချွေးပေါက်ပိတ်စေပြီး အသားအရေကိုခြောက်သွေ့စေပါတယ်။ ဒါ့အပြင် ကိုယ်လိုချင်တဲ့ပုံစံမျိုးကိုလည်း မရရှိစေသလို အသားအရေပြဿနာတွေကိုလည်း ဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့် မိန်းကလေးတွေအတွက် အရေးကြီးဆုံးဖြစ်တဲ့ မျက်နှာအသားအရေကို ဂရုစိုက်တယ်ဆိုရင် ဖောင်ဒေးရှင်ဝယ်ရာမှာ ပိုက်ဆံကပ်စေးမနည်းလိုက်ပါနဲ့။

Source: BrightSide