လူတိုင်းကတော့ အသည်းမကွဲချင်ပါဘူး။ ဒါပေမယ့်လည်း ကိုယ့်အပေါ်တကယ်ချစ်ရဲ့လားဆိုတာ သေချာမသိတဲ့လူတစ်ယောက်ကို အားလုံးပုံအပ်ပြီးချစ်မိပြီဆိုရင်တော့ အသည်းကွဲဖို့က ၁၀၀% သေချာနေပါပြီ။ ဒါကြောင့် အသည်းမကွဲအောင် သင်ကိုယ်တိုင် ဘာတွေလုပ်ရမလဲဆိုတာ ပြောပြပေးလိုက်ပါတယ်နော်။

မျှော်လင့်ချက်အများကြီးမထားပါနဲ့

လူတစ်ယောက်အပေါ်မှာ မျှော်လင့်ချက်ထားမိတဲ့အခါ ကိုယ်ပဲပိုပြီး စိတ်ပင်ပန်းရပါတယ်။ မျှော်လင့်ချက်တွေ ပျက်စီးသွားတဲ့အခါမှာ ပိုခံစားရတယ်။ ပိုပြီး အသည်းကွဲရတယ်။ နာကျင်ရပါတယ်။

ကိုယ့်ကိုမချစ်တဲ့သူအပေါ် မတွယ်တာပါနဲ့

ကိုယ့်အပေါ် အရမ်းချစ်တဲ့သူ၊ ကိုယ့်အပေါ်ကောင်းတဲ့သူနဲ့ပဲ လက်တွဲပါ။ ကိုယ့်ကိုမချစ်တဲ့သူကိုမှ သွားချစ်မိရင်၊ သွားပြီးတွယ်တာမိရင် သင်ပဲ အသည်းကွဲပြီး ခံစားရမှာပါ။ ဒါပေမယ့်လည်း တော်တော်များများက ကိုယ့်ကို ချစ်တဲ့သူဆိုရင် လှည့်မကြည့်တတ်ကြဘူး။ ကိုယ့်ကိုမချစ်တဲ့သူကိုမှ သွားချစ်တတ်ကြတာ သဘာဝလို ဖြစ်နေပါပြီ။

တစ်ယောက်ထဲနေနိုင်အောင်ကြိုးစားပါ

သူမရှိရင် မဖြစ်ဘူးဆိုတဲ့စိတ် မထားပါနဲ့။ တစ်ယောက်ထဲနေနိုင်အောင် ကြိုးစားထားပါ။ ဒါမှ ထွက်သွားတဲ့အခါ ပြိုလဲပြီးခံစားရတာ သက်သာပါလိမ့်မယ်။ တစ်ယောက်ထဲနေတတ်နေတဲ့အခါ ခံစားရတာ သက်သာမယ်။ စိတ်ဓာတ်မာတဲ့အတွက် အသည်းကွဲလည်း အရမ်းမခံစားရတော့ဘူးပေါ့။

Photo Source: www.freepik.com