အထာကျကျနဲ့ ခပ်မိုက်မိုက်ဖက်ရှင်လေးတွေ ဝတ်ရတာ ကြိုက်တဲ့သူတွေအတွက် ထိုင်းမင်းသမီးချောလေး Prang Kannarun ရဲ့ အထာကျတဲ့ဖက်ရှင်တွေကို မျှဝေပေးလိုက်ပါတယ်။

ဒီဖက်ရှင်လေးဆိုရင် အခုနောက်ပိုင်းခေတ်စားနေတဲ့ ပုံစံမျိုးလေးပါ။ အထာကျပြီး အရမ်းမိုက်ပါတယ်။ ဝတ်ရတာလည်း ပေါ့ပါးမှုရှိစေပြီး ပွဲလည်းတိုးပါတယ်။

Prang Kannarun ဝတ်ထားတဲ့ ဒီဖက်ရှင်လေးဆိုရင် အထာကျပြီး အရမ်းမိုက်ပါတယ်။ Biker short ကို T shirt အပွနဲ့တွဲဝတ်ပြီး အပေါ်ကနေ Coat ထပ်ဝတ်လိုက်တာကြောင့် ပိုပြီးအထာကျကျနဲ့ မိုက်သွားတာပါ။

ဒီဖက်ရှင်လေးဆိုလည်း အရမ်းမိုက်ပါတယ်။ ခါးပေါ်တာလေးတွေဝတ်ရဲရင် Prang Kannarun ဝတ်ထားသလိုမျိုးလေး Try ကြည့်သင့်ပါတယ်။

အခုနောက်ပိုင်း Coat လေးတွေဝတ်တာက အရမ်းခေတ်စားနေတာကြောင့် ကြိုက်တယ်ဆိုရင် ဒီလိုဖက်ရှင်မျိုးလည်း Try ကြည့်သင့်ပါတယ်။ Coat က ကာလာလေးနဲ့ဆို ပိုပြီးဖက်ရှင်ကျစေပါတယ်။

ဒီလို Coat ဝမ်းဆက်ဝတ်မယ်ဆိုရင် အောက်ကနေ ရင်ခံလေးတွေ၊ မိုက်တဲ့ Top လေးတွေနဲ့သာ တွဲဝတ်ပါ။ အထာကျပြီး ပိုမိုက်ပါတယ်။

Prang Kannarun ဝတ်ထားသလို အတွင်းကို အထာကျတဲ့ Bra set ဝတ်ပြီး Jean ဘောင်းဘီအရှည်နဲ့ Coat နဲ့ ဒီလိုလေး တွဲဖက်ဝတ်ဆင်ကြည့်ပါ။ လုံးဝကိုဖက်ရှင်ကျပြီး မိမိုက်နေမှာသေချာပါတယ်။

Prang Kannarun ရဲ့ ဒီဖက်ရှင်ဆို အရမ်းမိုက်ပါတယ်။ တကယ့်ကို ဖက်ရှင်ကျကျဝတ်ထားတာပါ။ Jean ဘောင်းဘီကို Waistcoat နဲ့တွဲဝတ်ထားတာ သူများထက်ဆန်းပြီးကို အထာကျနေစေပါတယ်။

Jean ဘောင်းဘီကို ဒီလိုလက်ပြတ် Top အပွတွေနဲ့ တွဲဝတ်တာကလည်း အထာကျပြီး အရမ်းမိုက်ပါတယ်။ Freestyle ဖက်ရှင်မျိုးကြိုက်ရင် ဒါမျိုးလေးလည်း ဝတ်ကြည့်ပါ။

ဒီလိုအမိုက်စား Top လေးတွေကို Skinny jeans တွေနဲ့ တွဲဝတ်လိုက်ရင်လည်း အရမ်းမိုက်ပြီး လှလည်းလှတာကြောင့် ချပ်ချပ်ကပ်ကပ်ကောင်မလေးတွေ ဝတ်သင့်ပါတယ်။

ဒီလို Top လေးတွေကို Jeans တွေနဲ့ တွဲဝတ်တာက ကြည့်ရတာရှင်းပြီး မိုက်ပါတယ်။ အထာကျတဲ့ဖက်ရှင်မျိုးဖြစ်ပြီး အခုနောက်ပိုင်းခေတ်စားနေတဲ့ ပုံစံလေးလည်း ဖြစ်ပါတယ်။

ခုနကလိုမျိုး ဒီတိုင်းမဝတ်ချင်ရင် အပေါ်ကနေ ဒီလို Shirt အင်္ကျီလေးတွေ ထပ်ဝတ်ပါ။ အထာကျတဲ့ပုံစံလေးနဲ့ မိုက်ပါတယ်။

Photo source:www.pinterest.com