ကိုယ့်ကို ရက်ရက်စက်စက်ထားခဲ့တဲ့ ရည်းစားဟောင်းကို နောင်တရအောင်လုပ်မယ်ဆိုပြီး နောက်တစ်ယောက်နဲ့ ချက်ချင်းကောက်တွဲလိုက်တာမျိုး မလုပ်ပါနဲ့။ တကယ်နောင်တရအောင် လုပ်ချင်တယ်ဆိုရင် ဒီအချက်လေးတွေကိုသာ လုပ်ပေးပါ။ ကိုယ့်အတွက်လည်း ကောင်းကျိုးဖြစ်စေသလို၊ ရည်းစားဟောင်းကိုလည်း နောင်တရအောင်လုပ်နိုင်တာမို့ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပါပဲနော်။

အရင်ထက်ပိုကြိုးစားပါ

အရင်ထက်အလုပ်တွေ၊ အရာရာကို ပိုကြိုးစားပြီး ကိုယ့်ဘဝတိုးတက်ပြောင်းလဲလာအောင် လုပ်ပါ။ သူနဲ့တွဲတုန်းကထက် အစစအရာရာ အများကြီးပြောင်းလဲပြီး တိုးတက်လာရင် ကိုယ့်ဘဝအတွက်လည်း ကောင်းကျိုးဖြစ်စေသလို ကိုယ့်ကိုထားခဲ့တဲ့ရည်းစားဟောင်းကိုလည်း နောင်တရအောင် လုပ်နိုင်ပါတယ်။

အရင်ထက်ပိုလှအောင်နေပါ

သူနဲ့တွဲတုန်းကထက် အများကြီးပိုလှသွားအောင် ပြင်ပြင်ဆင်ဆင်နေပါ။ အမြဲတမ်းလှနေအောင်၊ အရင်ထက်ပိုလှအောင် နေပါ။ ဒါဆိုရင် ကိုယ်လည်း ပိုလှသွားသလို၊ ကိုယ့်ကိုထားခဲ့တဲ့ ရည်းစားဟောင်းကိုလည်း နောင်တရအောင်လုပ်ပေးနိုင်တဲ့ နည်းလမ်းကောင်းပါပဲ။

အမြဲတမ်းပျော်ရွှင်နေတဲ့ပုံစံပဲ့ပြပါ

သူနဲ့ပြတ်သွားလို့ ဝမ်းနည်းနေမယ်ဆိုရင်တောင် စိတ်ထဲမှာပဲ ဝမ်းနည်းပါ။ အပြင်ကိုထုတ်မပြပါနဲ့။ ကိုယ့်ကိုတန်ဖိုးမထားလို့ ပစ်သွားခဲ့တဲ့ ရည်းစားဟောင်းကို ကြိုးစားမေ့ပစ်ပြီး အမြဲပျော်ပျော်ရွှင်ရွှင်နေပါ။ ပျော်ရွှင်နေတဲ့ပုံစံပဲပြပါ။ ဒါက ကောင်းသောလက်စားချေနည်းနဲ့ နောင်တရအောင် လုပ်ပေးနိုင်မယ့် နည်းလမ်းကောင်း ဖြစ်ပါလိမ့်မယ်။