အားလုံးပဲ့ မင်္ဂလာပါ MyStyle Myanmar ပရိတ်သတ်ကြီးတို့ရေ… သင့်ခန္ဓာကိုယ်မှာ တစ်ခုခုအဆင်မပြေဖြစ်တာနဲ့ ချက်ချင်း အဲ့ဒါကို ပြောင်းလဲပစ်တတ်တဲ့သူတွေထဲမှာ သင်ရော ပါနေသလား။ သင်က ဒီရာသီခွင်တွေထဲက တစ်ယောက်ဆိုရင်တော့ ပြောစရာမလိုအောင် ကိုယ့်ကိုယ်ကို အထူးဂရုစိုက်တတ်တဲ့ သူဖြစ်တယ်ဆိုတာ သေချာပါတယ်။ ကဲ..ဘယ်လိုရာသီခွင်လေးတွေက ကိုယ့်ရဲ့ခန္ဓာကိုယ်ကို အထူးဂရုစိုက်တတ်ပြီး အချိန်ပေးလေ့ရှိသလဲဆိုတာကို အတူတူကြည့်လိုက်ရအောင်…

အကယ်လို့ သင်ဟာ ဒီရာသီခွင်တွေထဲ မပါခဲ့ရင်တောင်မှ ကိုယ့်ကိုကိုယ် ချစ်ပေးပြီး အထူးဂရုစိုက်ပေးသင့်တယ်နော်…

Aries (March 20 ကနေ April 20)

ဒီရာသီခွင်တွေက သူတို့ ခန္ဓာကိုယ်ရဲ့အသံကို နားထောင်လေ့ရှိတတ်တဲ့ သူမျိုးပဲ့ဖြစ်ကြပါတယ်။ ငါပင်ပန်းနေပြီ နားဖို့လိုနေပြီဆိုတာသိတာနဲ့ ချက်ချင်း အနားယူလိုက်ကြပါတယ်။ ဒီရာသီခွင်မွေးဖွားသူတွေက တက်ကြွပြီး အားကစားလုပ်ရတာ ဝါသနာပါကြပါတယ်။ ပြေးတာ တောင်တက်တာ စတာတွေပါ။

Cancer (June 21 ကနေ July 23)

Cancer ရာသီဖွားတွေက စိတ်ခံစားလွယ်ပါတယ်။ စိတ်နုတာကြောင့် သူတို့ခန္ဓာကိုယ်ကို ပိုဂရုစိုက်တတ်ကြပါတယ်။ သူတို့ ခန္ဓာကိုယ်မှာ တစ်ခုခုမူမမှန်တာတွေ့တာနဲ့ ချက်ချင်း တစ်ခုခုထလုပ်တတ်ကြပါတယ်။

Leo (July 23 ကနေ August 23)

ဒီရာသီဖွားတွေက စိတ်ဖိစီးမှုရှိပြီဆိုတာနဲ့ ချက်ချင်း ရပ်ပစ်လိုက်တတ်ပါတယ်။ ကိုယ့်ကိုကိုယ်ဂရုစိုက်ချိန်ဆိုပြီး Leo ရာသီခွင်တွေမှာ ရှိတတ်ပါတယ်။

Scorpio (October 23 ကနေ November 22)

ဒီရာသီခွင်တွေကလည်း တစ်ခုခုပြောင်းလဲလာပြီဆိုတာနဲ့ ဒါကို ချက်ချင်း မှတ်သားလိုက်နာလေ့ရှိတယ်။ နောက်ပြီး ကိုယ့်ရဲ့ ခန္ဓာကိုယ်ကိုလည်း နားချိန်အပြည့်ပေးတတ်ပါတယ်။

Aquarius (January 20 ကနေ February 18)

ဒီရာသီဖွားတွေက ပါးနပ်တဲ့နားထောင်သူတွေဖြစ်ပါတယ်။ ပုံမှန်လှုပ်ရှားမှုတွေ လုပ်တတ်ပြီး ခန္ဓာကိုယ်ကို အထူးဂရုစိုက်တဲ့သူလေးတွေပဲ့ ဖြစ်ပါတယ်။