တချို့မိန်းကလေးတွေက ယောကျာ်းလေးတွေပြောတဲ့အတိုင်း လက်ခံပြီး တသွေမတိမ်းမလုပ်တတ်ပါဘူးနော်။ သူတို့ရဲ့ဘဝမှာ လိုချင်တဲ့အရာကို အတိအကျသိထားပြီး ဘယ်သူ့ကိုမှ အားမကိုးပဲ ယုံကြည်မှုအပြည့်ရှိတဲ့သူတွေကို တွေ့ဖူးမှာပါနော်။ ကျွန်မတို့မိန်းကလေးတွေဟာ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ဖို့ ကြိုးစားလေ့ကျင့်သင့်ပါတယ်။ ရာသီခွင်တချို့ကတော့ လေ့ကျင့်စရာမလိုဘဲနဲ့ကို အမှီအခိုကင်းကင်းနဲ့ ယောကျာ်းလေးတွေရဲ့ထိန်းချုပ်လွှမ်းမိုးမှုကို လုံးဝလက်မခံတတ်ကြပါဘူး။ အဲဒီလိုရာသီခွင်လေးတွေကတော့…

Aries (March 21 ကနေ April 19)

Aries ရာသီဖွားတွေက အမှီအခိုကင်းကြပါတယ်။ သူတို့ဘယ်လောက်ပဲစိတ်ညစ်ပါစေ ဘယ်သူမှ မမြင်ရအောင် ဖုံးကွယ်တတ်ကြတဲ့သူလေးတွေပဲ့ ဖြစ်ပါတယ်။ အဖွဲ့ထဲမှာဆိုလည်း အကြီးနေရာ၊ ခေါင်းဆောင်နေရာရတတ်ကြပါတယ်။ လောကဓံဘယ်လောက်ပဲတိုက်ခိုက်ပါစေ ကြံ့ကြံ့ခံရပ်တည်နိုင်ကြပါတယ်။ ဘယ်လိုကိစ္စတွေကိုမဆို ယုံကြည်မှုရှိရှိနဲ့ ဖြေရှင်းဖို့ အမြဲအဆင့်သင့်ပါပဲ။

Taurus (April 20 ကနေ May 20)

ဒီရာသီမွေးဖွားသူတွေကတော့ ထိန်းချုပ်ခံရတာကို လုံးဝမကြိုက်ပါဘူး။ သူတို့ကိုယ်တိုင် ထိန်းချုပ်လိုက်ရမှ ကြိုက်တာပါနော်။ စိတ်ထိခိုက်လည်း လွယ်တဲ့သူလေးတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ခေါင်းမာတယ်လို့ပဲ့ပြောရမလား သူတို့ရဲ့အတွေး ဆုံးဖြတ်ချက်တွေကို ပြောင်းလဲသွားအောင် လုပ်နိုင်တဲ့သူမရှိပါဘူး။ ယောကျာ်းလေးတစ်ယောက်က သူ့အကြိုက်လက်ဆောင်တွေ ဘယ်လောက်ပဲဝယ်ပေးပါစေ ဒီရာသီခွင်တွေရဲ့စိတ်ကတော့ တစ်သမတ်တည်းပါပဲ့။

Gemini (May 21 ကနေ June 20)

ဒီရာသီဖွားတွေကလည်း စိတ်ထိခိုက်အရမ်းလွယ်တဲ့သူလေးတွေပေါ့။ ဒါပေမဲ့ သူ့ကိုထိန်းချုပ်နိုင်လိမ့်မယ်လို့ မထင်လိုက်ပါနဲ့။ Gemini တွေရဲ့ စကားတစ်ခွန်းက အရာရာကို အပိုင်သိမ်းနိုင်ပါတယ်။ စကားအရာမှာ တကယ့်ကိုပါးနပ်ကြပါတယ်။

Sagittarius (November 22 ကနေ December 21)

ဒီရာသီမွေးဖွားသူတွေက လွတ်လပ်မှုကို နှစ်သက်ကြပါတယ်။သင်က သူနဲ့တွဲနေရင်း အဆင်မပြေဖြစ်ကြည့်လိုက် သူ့ဘက်က သင့်ကို စွန့်ခွာသွားဖို့ ဝန်မလေးပါဘူး။ ယောကျာ်းလေးတစ်ယောက်ကို ဘယ်လောက်ပဲသဘောကျပါစေ လွတ်လပ်မှုကိုတော့ အထိခိုက်မခံနိုင်တဲ့ သူတွေပါနော်။

Capricorn (December 22 ကနေ January 19)

Capricorn ရာသီဖွားတွေက သူတို့မှန်တယ်ထင်ရင် သင်ဘယ်လောက်ပဲပြောနေပါစေ နားထောင်မှာမဟုတ်ပါဘူး။ တာဝန်ယူစိတ်အပြည့်အဝရှိသူတွေလည်း ဖြစ်ပါတယ်။ သင်က ဒီရာသီဖွားရဲ့ ချစ်သူဆိုရင် သူမကို ထိန်းချုပ်ဖို့ မကြိုးစားပါနဲ့။ ဘာလို့လဲဆိုတော့ သူ့ကိုထိန်းချုပ်ဖို့ကြိုးစားရင်တော့ သူထားခဲ့တာကို သင်တစ်ဝကြီးခံစားရပါလိမ့်မယ်။

Photo Source: Pinterest