ဒီနေ့မှာတော့ အထိုင်များပြီး အညောင်းမိလို့ပဲ့ဖြစ်ဖြစ်၊ ပစ္စည်းအလေးတွေ မပြီးပဲ့ဖြစ်ဖြစ် ခံရတဲ့ ခါးနာတဲ့ဝေဒနာအတွက် ဆေးတွေမသောက်ချင်ဘူးဆိုရင် ယောဂလေ့ကျင့်ခန်းလုပ်ပြီး ခါးနာတာကို ကုသလို့ရပါတယ်နော်။ ခါးနာတတ်တဲ့သူတိုင်းအတွက် အသုံးဝင်စေမှာဖြစ်တာမို့လို့ ဒီအကြောင်းအရာလေးကို ဝေမျှပေးလိုက်ပါတယ်။

ကဲ..အလွယ်ကူဆုံးဖြစ်တဲ့အပြင် ရလဒ်ကိုလည်း သိသိသာသာခံစားရရှိစေမယ့် ယောဂကျင့်စဉ်လေးတွေဖြစ်တာမို့လို့ အကြောင်းအမျိုးမျိုးကြောင့် ခါးနာတတ်တဲ့သူတိုင်း လိုက်လုပ်ပေးဖို့ တိုက်တွန်းပါရစေနော်…

ပိရမစ် ပုံ

အရင်ဆုံး ကိုယ်ကိုမတ်မတ် ခြေထောက်နှစ်ဖက်ကို တပြေးညီထားပါ။ ပြီးရင် ခြေထောင်တစ်ဖက်ကို အနောက်သို့ ခြေ ၃ လှမ်းစာလောင် ဆုတ်လိုက်ပါ။ ခြေဖနောင့်ကို ကြမ်းပြင်နဲ့ ထိစရာမလိုပါဘူး။

ခါးအရှေ့ပိုင်းကို အရှေ့ကိုကိုင်းပေးပါ။ အသက်ရှုပါ။ ပြီးရင် ခါးကို အလည်လောက် တည့်တည့် မတ်ပါ။ အသက်ရှုထုတ်ပါ။

ပြီးရင် အနောက်ပို့ထားတဲ့ခြေထောက်ကို အရှေ့ပြန်ပို့ပြီး အသက်ကို ပြင်းပြင်းရှုလိုက် ထုတ်လိုက်လုပ်ပါ။ (၅) ခါလုပ်ပါ။

Down Dog ပုံ

အရင်ဆုံး ကိုယ်ကိုမတ်မတ်နေပါ။ ပြီးရင် လက်နှစ်ဖက်နဲ့ ခန္တာကိုယ်အပေါ်ပိုင်းကို ကိုင်းလိုက်ပါ။ V ပြောင်းပြန်ပုံစံ ကိုင်းပေးထားရမှာပါ။ လက်က ကြမ်းပြင်ကိုထိရပါမယ်။ ပြီးရင် အသက်ရှုပါ။ (၅ခေါက်လုပ်ပါ။)

ခန္တာကိုယ်အောက်ပိုင်းနဲ့ အဆုတ်

ခြေထောက်တစ်ဖက်ကို အရှေ့ထား ခြေထောက်နောက်တစ်ဖက်ကို အနောက်ပို့ပြီး ထောင်ထားပါ။ ပြီးရင် ဘယ်ဖက်ခြေထောက်ကို အနောက်ပို့ထားရင် ညာဖက်လက်နဲ့ ကိုင်ပါ။ ညာဖက်ကို အနောက်ပို့ထားရင် ဘယ်ဖက်လက်နဲ့ ကိုင်ပါ။ ကျန်တဲ့လက်တစ်ဖက်ကို ကြမ်းပြင်နဲ့ထိပြီး ဟန်ချက်ကို ထန်းထားပါ။ ပြီးရင် ရင်ဘတ်ကို လှည့်ပြီး အသက်ရှုပါ။ အသက်ကို ၁၀ ခါ ၁၅ ခါလောက်ရှုပါ။ တစ်ဖက်တစ်ချက်ဆီလုပ်ပေးပါ။

ကလေးပုခက်ပုံ

ကြမ်းပြင်မှာ ထိုင်ချလိုက်ပါ။ ခြေထောက်နှစ်ဖက်လုံးကို ရှေ့ဆန့်ထားပါ။ ပြီးရင် ညာဖက်ခြေထောက်ကို ကွေးပြီး အပေါ်ပင့်ပါ။ လက်နှစ်ဖက်နဲ့ ထိန်းထားပါ။ ကိုယ်ကိုမတ်မတ်ထားပါ။ အသက်ကို ၁၀ ခေါက်လောက်ရှုပါ။ ပြီးရင် နောက်တစ်ဖက်ပြောင်းပါ။

ထိုင်မယ်၊ ခြေထောင်ဘေးကား အကြောဆန့်မယ်

အရင်ဆုံး ထိုင်လိုက်ပါ။ ပြီးရင် ခြေထောက်တစ်ဖက်ကို ဒူးနဲ့ ကွေးပြီး လက်တစ်ဖက်နဲ့ ထိန်းပါ။ ကျန်ခြေထောက်တစ်ဖက်ကို ဆန့်ထားပါ။ နောက်လက်တစ်ဖက်ကို လားရာဖက်ကို ယိမ်းနိုင်သလောက်ယိမ်းပေးပါ။

အသက်ကို ၁၀ ခါ ၁၅ ခါလောက်ရှုပါ။ နောက်တစ်ဖက်ပြောင်းပါ။

အနားယူတဲ့ပုံ

ဖျာပေါ် (သို့) ကြမ်းပြင်ပေါ်လှဲလိုက်ပါ။ ခြေထောက်နှစ်ဖက်ကိုကားထားပါ။ လက်နှစ်ဖက်ကိုလည်း ဘေးသို့ ကားထားပါ။ မျက်လုံးမှိတ်ထားပါ။ ခန္တာကိုယ်တစ်ခုလုံးကို အားဖျော့ထားပါ။ ပြီးရင် အသက်ကို ဖြည်းဖြည်းလေး ရှုလိုက် ထုတ်လိုက် ၅ မိနစ်လောက်လုပ်ပေးပါ။