မိန်းကလေးတစ်ယောက်အတွက် အသက်ကြီးကြီး ငယ်ငယ် ရင်သားတင်းရင်းတာက လှပခြင်းတစ်မျိုးပါပဲ။ ဒါကြောင့် ရင်သားတင်းရင်းချင်တဲ့သူတွေအတွက် ဆာဂျရီလုပ်စရာမလိုပဲ ရင်သားတင်းရင်းလာစေဖို့ အထောက်အကူပြုတဲ့ ယောဂကျင့်စဉ်တွေကို မျှဝေပေးလိုက်ပါတယ်။

ယောဂကျင့်စဉ် ၁

ပုံမှာပြထားတဲ့အနေအထားအတိုင်း လုပ်ပေးရမှာ ဖြစ်ပါတယ်။ လက်က ၉၀ ဒီဂရီ ဖြစ်နေရပါမယ်။ အဲ့အတိုင်း စက္ကန့် ၂၀ လောက်နေပြီး မတ်တပ်ပြန်ရပ်ပါ။ ပြီးရင် အဲ့အတိုင်းပြန်လုပ်ပါ။ ၁၀ ကြိမ်လုပ်ပြီးရင် ဘယ်ညာပြောင်းပြီး ထပ်လုပ်ပေးပါ။ တစ်ဖက်ကို ၁၀ ကြိမ်စီ၊ တစ်ကြိမ်ကို စက္ကန့် ၂၀ စီ နေပေးရမှာ ဖြစ်ပါတယ်။

ယောဂကျင့်စဉ် ၂

ပုံမှာပြထားတဲ့အတိုင်း အသက်ကို ခပ်ပြင်ပြင်း ရှိုက်ရှူလိုက်၊ ရှူထုတ်လိုက်နဲ့ စက္ကန့် ၃၀ နေပေးပါ။ အချိန်ပြည့်ရင် ပုံမှန်အတိုင်း ၁၅ စက္ကန့် ပြန်နေပါ။ ပြီးရင် ထပ်လုပ်ပါ။ စုစုပေါင်း ၅ ကြိမ် လုပ်ပေးပါ။ တစ်ကြိမ်ကို စက္ကန့် ၃၀ နေပေးပါ။ လက်နှစ်ဖက်က ပုံထဲကအတိုင်း တန်းပြီး ခြေထောက်နှစ်ဖက်ကို ကိုင်ထားရမှာပါ။

ယောဂကျင့်စဉ် ၃

ဒူးထောက်ပြီး ခေါင်းနဲ့ခါးကို အနောက်ကိုကော့လန်ထားပါ။ လက်က ခြေဖနောင့်ကို ထိပြီးကိုင်ထားနိုင်ရပါမယ်။ အဲ့အတိုင်း စက္ကန့် ၂၀ နေပေးပြီး အချိန်ပြည့်ရင် ပုံမှန်အတိုင်း ၁၀ စက္ကန့် ပြန်နေပါ။ ပြီးရင် ခုနကလိုပဲ ပြန်လုပ်ပါ။ ၅ ကြိမ်လောက်လုပ်ပေးရင် ရပါပြီ။

ယောဂကျင့်စဉ် ၄

ခြေထောက်နှစ်ဖက်ကို နည်းနည်းကားပြီး ဆင်းထားပါ။ လက်ဖဝါးနှစ်ဖက်ကို ပုံမှာပြထားတဲ့အတိုင်းထောက်ပြီး ခါးအထက်ပိုင်းကို အပေါ်ကော့ထားပါ။ ခေါင်းကိုမော့ထားပါ။ အဲ့အတိုင်း စက္ကန့် ၂၀ နေပြီး ပုံမှန်အတိုင်းပြန်နေ၊ ပြီးရင် ထပ်လုပ်ပါ။ ၅ ကြိမ်ကနေ ၁၀ ကြိမ်အထိ လုပ်လို့ရပါတယ်။

ယောဂကျင့်စဉ် ၅

ပုံမှာပြထားတဲ့ အနေအထား ၃ မျိုးကို လုပ်ပေးရမှာ ဖြစ်ပါတယ်။ အနေအထားတစ်မျိုးကို ၁၀ စက္ကန့်စီနေပေးပါ။ အနေအထား ၃ မျိုးလုံးပြီးမှ တစ်ကြိမ်လို့ မှတ်ရပါမယ်။ စုစုပေါင်း အနည်းဆုံး ၅ ကြိမ်စီတော့ လုပ်ပေးရပါမယ်။
ဒီယောဂကျင့်စဉ်တွေကိုသာ နေ့တိုင်းပုံမှန်လုပ်မယ်ဆိုရင် ဖြေးဖြေးချင်းစီ ရင်သားတင်းရင်းလာမှာပါ။