ယနေ့ခေတ်မှာ အလုပ်တစ်ခုရဖို့ မလွယ်ကူဘူးဆိုတာမှန်ပါတယ်။ ဒါပေမယ့် ဒီထက်ပိုကောင်းတဲ့နေရာ ပိုပြီးမြင့်တဲ့နေရာတစ်ခုကို ရောက်ချင်ရင်တော့ စိန်ခေါ်ရဲတဲ့သတ္တိတော့ရှိဖို့ လိုပါလိမ့်မယ်နော်။ တစ်ချိုသောလူတွေကတော့ ပုံမှန်အတိုင်းပဲ နေ့စဉ်လုပ်နေကျ လုပ်ငန်းဆောင်တာတွေနဲ့ အလုပ်ရဲ့ Comfort Zone မှာနစ်မွန်းနေတက်ကြပါတယ်။ Comfort Zone ဖြစ်နေတဲ့အလုပ်ကထွက်ဖို့ စဉ်းစားတိုင်းမှာလည်း ဒီလိုမျိုးစိုးရိမ်ပူပန်စိတ်တွေ ဖြစ်ပေါ်လာတတ်ပါတယ်။ ဘယ်လိုစိုးရိမ်ပူပန်မှုမျိုးတွေလဲဆိုတော့…

အသစ်ကနေ ပြန်စရမယ်

Source : Working Mother

အလုပ်သစ်ဆိုတာ ကိုယ့်နာမည်ကို မိတ်ဆက်ပြီး ချက်ချင်းဝင်သွားလို့ရတာ မဟုတ်ပါဘူး။ ကိုယ်သိထားတဲ့ အသိတွေအပြင် တစ်ခြားအသစ်တွေကိုပါ ကိုယ့်ကိုယ်ကို မိတ်ဆက်ရတာပါ။ Comfort Zone ကနေ ခွာဖို့အတွက် လူတွေ လန့်ကြတဲ့အထဲမှာလည်း အခုပြောတဲ့ အစကနေ ပြန်စရတဲ့ အခြေအနေလည်း ပါပါတယ်။

နေရာသစ်မှာ နေသားကျပါ့မလား

Source : E-Commerce Times

အရင်ဆုံး စဉ်းစားမိတာက ကိုယ်နဲ့သိပြီးသားနေရာကို ခွာဖို့ဆိုတာ အမြဲပဲ့ ခက်ခဲပါတယ်။ နောက်တစ်ခုက ဒီအလုပ်မှာ ကိုယ်ပေးဆပ်ခဲ့တာလည်း မနည်းဘူးလေ။ လုပ်သက်ရင့်တဲ့ အသက်ကြီးကြီး ပုဂ္ဂိုလ်တွေမှာဆို ပိုဆိုးပါတယ်။ ပြီးခဲ့တဲ့နှစ်များက သူတို့ရဲ့ အလုပ်ဟာ သူတို့ရဲ့ ဒုတိယနေအိမ် ၊ ဒုတိယမိသားစု ဘဝလည်း ဖြစ်ခဲ့တာကိုး။ ဒါကြောင့်ပဲ နေရာသစ်ကို ရွက်လွှင့်ဖို့ဆိုတာ သူတို့အတွက် သိပ်ကို ခက်ခဲပါတယ်။

မှားသွားမလား

Source : www.itc.edu

ဒီအလုပ်က ထွက်လိုက်တာဟာ ကိုယ့်အတွက် နောင်တရစရာ ဖြစ်သွားမလားဆိုတာ လူတော်တော်များများ တွေးဖူးခဲ့ကြပါတယ်။ Career တစ်ခု ခုန်ကူးချိန်မှာ ကိုယ့်ရဲ့ အဟုန်ကြီးရင် ကြီးသလောက် အပြောင်းအလဲဒဏ်ကို ခံရတာပါပဲ။ ဒီအချိန်မှာ ငါသာ အပြောင်းအလဲ မလုပ်ခဲ့ရင်လို့တွေးမိတတ်ကြမှာပါပဲ။တကယ်က လူတွေ အလုပ်က ထွက်ခြင်းမှာ အကြောင်းရင်းများစွာ ရှိထားပြီး နှစ်ပေါင်းများစွာ လုပ်ခဲ့တဲ့ အလုပ်တစ်ခုကနေ ထွက်ခဲ့သူတွေမှာ ပိုပြီး များပြား ရှူပ်ထွေးတဲ့ အကြောင်းတရားတွေ ရှိပါလိမ့်မယ်။ ဆက်နေလည်း မပျော်တဲ့ဘဝ ၊ တိုးတက်မှုမရှိတဲ့ နေရာမှာ ဘာလို့ကြာကြာနေမလဲ။လိုအပ်တဲ့ အတတ်ပညာ ၊ အသိဉာဏ်နဲ့အတွေ့အကြုံတွေ ရှိထားတယ်ဆိုရင် အလုပ်ဟောင်းပေါ် သံယောဇဉ်မတွယ်ဘဲ အသစ်ရှာသင့်ပါတယ်။

ဒီအသက်အရွယ်နဲ့ငါအလုပ်ရော ရပါ့မလား

Source : Freepik

အခုခေတ်မှာ အသက် ၃၅ နှစ်အောက်ဆိုတာက အများသားပါ။ တကယ်လို့ကိုယ်ဟာ အလုပ်တစ်ခုတည်းမှာ ၁၀ နှစ်လောက် အလုပ်လုပ်ခဲ့ပြီဆိုရင် ရာထူးနဲ့အတွေ့အကြုံ ဆယ်နှစ်စာထက် ပိုအောင် ရမှကို တစ်ခြားအလုပ်သစ်ရှာဖို့ လွယ်ပါတယ်။ အသက် ၃၀-၃၅ နှစ်ကနေ အထက်ဆိုရင် တကယ့်ပရော်ဖက်ရှင်နယ် တတ်ကျွမ်းမှုမပါရင်တော့ အလုပ်ရဖို့ခက်ခဲပါတယ်။