လူတိုင်းမှာ နောင်တဆိုတာ ရှိတတ်ပါတယ်။ နောင်တရရင် ပြန်ပြင်လို့ရတဲ့အရာတွေ ရှိသလို၊ ပြန်ပြင်လို့မရနိုင်တော့တဲ့အရာတွေလည်း ရှိပါတယ်။ ဒါကြောင့် အချိန်လွန်မှ နောင်တရတာမျိုးမဖြစ်အောင် သတိထားပြုလုပ်ပေးရမယ့်အရာ (၅) ခုကို ပြောပြပေးလိုက်ပါတယ်။

မမှားခင်စဉ်းစားပါ

တစ်ခုခုလုပ်တော့မယ်၊ ပြောတော့မယ်ဆိုရင် မမှားခင်မှာ လုပ်သင့်လား၊ ပြောသင့်လားဆိုတာကို သေချာစဉ်းစားပါ။ အချိန်လွန်မှ ပြင်လို့မရတဲ့အတွက် မှားပြီးသွားမှ နောင်တရနေလို့လည်း မထူးတော့ပါဘူး။

ခံစားချက်ကိုထုတ်ပြောပါ

ခံစားချက်ကို ထုတ်ပြောဖို့အရှက်ပါနဲ့။ ရှက်နေပြီး မပြောပဲထားလိုက်ရင် သူများနောက်ပါသွားမှာပါ။ သူများနောက်ပါသွားမှ နောင်တရတာမျိုးမဖြစ်အောင်၊ လက်လွှတ်လိုက်ရတာမျိုးမဖြစ်အောင် ခံစားချက်တွေကို ထုတ်ပြောလိုက်ပါ။

ရှိနေတုန်းတန်ဖိုးထားပါ

ချစ်သူရည်းစား၊ မိဘ၊ ညီအစ်ကိုမောင်နှမ၊ ကိုယ်ချစ်တဲ့သူတွေကို အနားမှာရှိတုန်း တန်ဖိုးထားပေးပါ။ မရှိတော့မှ တန်ဖိုးကို နားလည်တာမျိုး မဖြစ်ပါစေနဲ့။ ရှိနေတုန်းမှာ အကောင်းဆုံးဆက်ဆံပြီး တန်ဖိုးထားပေးလိုက်မယ်ဆိုရင် နောင်တဆိုတာ ရှိလာမှာမဟုတ်ပါဘူး။

ငွေစုပါ

အချိန်ရှိတုန်း၊ အသက်ငယ်တုန်းမှာ ငွေစုထားမှ အသက်ကြီးလာတဲ့အခါ ဒုက္ခမရောက်မှာပါ။ ငွေကိုရရင်ရသလို မစုပဲ သုံးဖြုန်းနေမယ်ဆိုရင်တော့ တစ်ခုခု အရေးကြုံလာတဲ့အခါမှာ နောင်တရပါလိမ့်မယ်။

မိသားစုကိုအချိန်ပေးပါ

အလုပ်များနေရင်တောင် မအားလပ်တဲ့ကြားက မိသားစုကို အချိန်ပေးပါ။ တစ်ချိန်မှာနောင်တရတာမျိုးမဖြစ်ရအောင် ရှိနေတုန်းမှာ ကောင်းကောင်းမွန်မွန် ပြုစုစောက်ရှောက်ပေးပါ။