သင်သဘောကျတဲ့ သူက သင့်ကို ချစ်လာစေမယ့် နည်းလမ်းတွေကို သိချင်သူလား။ ဒါဆိုရင်တော့ အခုဖော်ပြထားတဲ့ နည်းလမ်းတွေက သင့်အတွက် အသုံးဝင်မှာပါ။ သင်က ဆွဲဆောင်မှု မရှိတဲ့ မျက်နှာကို ပိုင်ဆိုင်ထားရင်တောင် ဒီနည်းလမ်းတွေက အသုံးဝင်ပါတယ်။ လူတွေရဲ့ စိတ်က Puzzle နဲ့တူပါတယ်။ သူတို့ရဲ့ အသည်းနှလုံးကို ရဖို့ လှည့်ကွက်အမျိုးမျိုး လိုအပ်ပါတယ်။

ဒီနည်းလမ်းတွေကို သင်က လုပ်ပေးမယ်ဆိုရင်တော့ ဘယ်လိုလူပဲ ဖြစ်ဖြစ် သင့်အပေါ် နှစ်သက် သဘောကျလာပါလိမ့်မယ်။

၁။ ဂစ်တာတီးတတ်အောင် သင်ယူပါ

ဂစ်တာတီးတာက သေချာ အချိန်ယူပြီး သင်ယူမယ်ဆိုရင် သိပ်ခက်တဲ့ ပညာရပ် မဟုတ်ပါဘူး။ အခြေခံ အနည်းငယ်လောက်ကို YouTube ပေါ်က သင်ယူနိုင်ပါတယ်။ သင်သဘောကျတဲ့ ကောင်မလေးအတွက် ဂစ်တာ တီးပြီး သီချင်းဆိုပြမယ်ဆိုရင်တော့ ဒီမိန်းကလေးက သင့်ကို သဘောကျလာမှာ မလွဲမသွေပါပဲ။

၂။ သူတို့အကြောင်း အကုန်သိချင်ကြောင်း ပြောပြပါ

သင်က သူပြောတဲ့စကားတွေကို အင်း၊ သြော် လုပ်ရင်း နားထောင်တာထက် တကယ်စိတ်ဝင်စားတဲ့ ပုံစံမျိုး နားထောင်သင့်ပါတယ်။ မမေးသင့်တဲ့ မေးခွန်းတွေကလွဲရင် သူငယ်ငယ်က ဘာတွေ လုပ်ခဲ့လဲ။ ဘာတွေ ဝါသနာပါလဲ အကုန်လုံးကို စိတ်ဝင်တစား မေးနိုင်ပါတယ်။

၃။ အရမ်းလွယ်ကြောင်း မပြပါနဲ့

သူ့ကို ကြွေတာက ဘာမှမဖြစ်ပေမယ့် ကိုယ်က သူ့အတွက် အချိန်တိုင်း အားနေတာမျိုး မဖြစ်သင့်ပါဘူး။ ဒီလိုဆိုရင် သင့်ရဲ့ ဆွဲဆောင်အားက ကျဆင်းသွားပါလိမ့်မယ်။ တစ်ခါတလေ မအားသလို နေသင့်ပါတယ်။

သင်က အားလွန်းနေတဲ့ သူဆိုရင်တောင် သင့်သူငယ်ချင်းတွေနဲ့ ဒီအချိန်မှာ ဆုံနိုင်ပါတယ်။ သူ့အကြောင်းပဲ အချိန်မပေးလွန်းဘဲ မျှမျှတတ နေထိုင်သင့်ပါတယ်။

၄။ တစ်ခုခုမှာ တော်အောင် လုပ်ပြီး သူတို့ကို ပြသပါ

ကိုယ်တတ်တဲ့ ပညာတစ်ခုခုကို သူ့ရှေ့ ပြသတာက ကိုယ့်ကို အထင်ကြီးသွားစေပါတယ်။ သင်က မိန်းကလေးဆိုရင် ခန္ဓာကိုယ် ပျော့ပြောင်းကြောင်း Split လုပ်ပြီး ပြနိုင်ပါတယ်။ ယောက်ျားလေးဆိုရင် ကိုယ်ဘာတွေ လုပ်နိုင်ကြောင်း ကိုယ်သဘောကျတဲ့သူ မြင်အောင် ပြနိုင်ပါတယ်။

၅။ သင့်ရဲ့ ခန္ဓာကိုယ် Shape ကို ပြသပါ

6 Packs ရှိနေမှ မဟုတ်ပါဘူး။ ကျစ်ကျစ်လစ်လစ်နဲ့ အနေတော် ကြည့်ကောင်းနေရင် လုံလောက်ပါတယ်။ သင့်အနေနဲ့ ဒီလို ဖြစ်နေဖို့ အပတ်တိုင်း လေ့ကျင့်ခန်း ပုံမှန်လုပ်သင့်ပြီး ရေပုံမှန်ချိုးတာ၊ ၃ လ ကြာတိုင်း ဆံပင် ပုံပြောင်းတာ စသဖြင့် သင့်ဆွဲဆောင်မှုကို သူမြင်အောင် ပြသသင့်ပါတယ်။

၆။ သူ့စကားလေးတွေကို မှတ်ထားပါ

သူက ဘယ်လိုလေးတွေ လုပ်ရတာ ကြိုက်တာ၊ ဘယ်ပစ္စည်း တွေကို နှစ်သက်တာ စသဖြင့် သင့်ကို ပြောပြတဲ့အချိန် မှတ်ထားသင့်ပါတယ်။ ဒီလိုလေး မှတ်ထားပြီး သင်က သူ့ကို ဂရုစိုက်ကြောင်း ပြသမယ်ဆိုရင် သူ့စိတ်ထဲ သင်က သူ့ရဲ့ ဖူးစာရှင်အစစ်အမှန်လို့ ထင်မှတ်သွားပါလိမ့်မယ်။

၇။ သီချင်းဆိုပြပါ

သူ့ရှေ့မှာ သီချင်းဆိုပြဖို့ သီချင်းစာသားကို အတိအကျ သိထားသင့်ပြီး Key မှန်ဖို့တော့ လိုပါတယ်။ သူ့ကို ဘယ်လောက်ထိ ကြွေကြောင်း ပြောပြတဲ့ သီချင်းတွေကို အခွင့်အရေးရရင် ရသလို သူ့ရှေ့မှာ ဆိုပြနိုင်ပါတယ်။ သူက သင် သီချင်းဆိုနေတုန်း ကြည့်နေရင် မျက်စိပါ မှိတ်ပြနိုင်ပါတယ်။

၈။ သူ့ကို ပွေ့ဖက်ပြီး လှည့်ပေးပါ

ဒါကတော့ ယောက်ျားလေးတွေအတွက် သီးသန့်ပါပဲ။ ကိုယ်သဘောကျတဲ့ ကောင်မလေးက ကိုယ့်ရှေ့မှာ သတင်းကောင်းတစ်ခုခု ပြောလာရင် သင်ပါ ဝမ်းသာပြီး သူ့ကို ပွေ့ဖက်ကာ ချီမြှောက်လိုက်တာမျိုး လုပ်သင့်ပါတယ်။

Source: Allwomenstalk

By MyStyle Myanmar