Stress တွေမရှိတဲ့ Stress ကင်းမဲ့ဇုန်မှာ လူတိုင်းနေချင်ကြမှာပါ။ ဘဝမှာ Stress ဆိုတာတော့ ရှိမှာပါပဲ၊ ကြုံရမှာပါပဲ။ အဓိကကတော့ ကိုယ့်စိတ်ကို ထိန်းချုပ်နိုင်ဖို့၊ ပြင်ဆင်ဖို့ လိုပါတယ်။ ဒါကြောင့် သင့်အနေနဲ့ Stress ကင်းမဲ့စွာနဲ့ နေထိုင်ချင်တယ်ဆိုရင် ဒါလေးတွေကိုတော့ အမြဲတမ်းလုပ်ပေးဖို့ လိုပါမယ်။

အကောင်းမြင်စိတ်ထားပါ

အရာရာကို အကောင်းမြင်စိတ်ထားပြီး အကောင်းဘက်ကနေပဲတွေးတတ်ရင်၊ ကြည့်တတ်ရင် တော်တော်အဆင်ပြေပါတယ်။ Stress တွေ လျော့နည်းသွားပါလိမ့်မယ်။ စိတ်ညစ်စရာနဲ့တွေ့နေရင်တောင် ကိုယ့်စိတ်က အကောင်းဘက်ကနေပဲ တွေးတတ်တဲ့အတွက် စိတ်ညစ်ရမှာမဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်စိတ်ကသာ အဓိကပါ။

ကိုယ့်အတွက်အချိန်ပေးပါ

ကိုယ့်အတွက် ကိုယ်ပိုင်အချိန်လေး အမြဲဖယ်ထားပါ။ ကိုယ်ပိုင်အချိန်လေးမှာ ကိုယ်လုပ်ချင်တာလုပ်ပြီး နေသလိုနေပါ။ ပျော်သလိုနေပါ။ အပြည့်အဝအနားယူပါ။ ဒီအချိန်က Stress လုံးဝမရှိတဲ့ Stress ကင်းမဲ့ဇုန်ပါပဲ။

ကြိုးစားပါ

ဒီတိုင်းမနေပါနဲ့။ အမြဲကြိုးစားပါ။ ကိုယ်ဖြစ်ချင်တာတွေဖြစ်လာအောင် ကြိုးစားပါ။ ကိုယ်ကြိုးစားသမျှ အရာထင်လာတဲ့အခါ စိတ်ပျော်ရွှင်ပြီး Stress လည်း ရှိတော့မှာ မဟုတ်ပါဘူး။ ကိုယ်ကြိုးစားပေမယ့် ဖြစ်မလာသေးရင်လည်း အပေါ်မှာပြောခဲ့သလို အကောင်းဘက်နေတွေးလိုက်ပါ။ အတွေ့အကြုံရတယ်ပေါ့။ စိတ်ဓာတ်မကျပဲ ပြန်ကြိုးစားပါ။

အရာရာကိုခေါင်းထဲမထည့်ပါနဲ့

ကိစ္စတိုင်းကို ခေါင်းထဲထည့်ပြီး လိုက်ခံစားနေရင်၊ လိုက်တွေးနေရင်တော့ Stress ကင်းမဲ့ဇုန်ကို ဘယ်တော့မှ ရောက်လာမှာမဟုတ်ပါဘူး။ ဒါကြောင့် ပျော်စရာကိုပဲ တွေးပါ။ အရာရာတိုင်းကို ခေါင်းထဲမထည့်ပါနဲ့။

ကျန်းမာအောင်နေပါ

ကျန်းမာအောင်နေထိုင်စားသောက်ပါ။ ကျန်းမာမှလည်း စိတ်ချမ်းသာရမှာပါ။ အရာရာအဆင်ပြေနေပြီး မကျန်းမာရင်လည်း Stress ပိပြီး စိတ်ညစ်ရပါလိမ့်မယ်။

Photo Source: www.pinterest.com