မနက်နိုးထလာတိုင်းမှာ စိတ်ညစ်နွမ်းနေရင် တစ်နေကုန် အဆင်မပြေတော့ပါဘူး။ တက်ကြွလန်းဆန်းမှုလည်း မရှိတော့ပဲ ထိုင်းမှိုင်းနေမယ်၊ ပျင်းရိပြီး စိတ်ဓာတ်ကျလွယ်ပါမယ်။ ဒါကြောင့် မနက်နိုးထလာတိုင်းမှာ စိတ်ခွန်အားအပြည့်နဲ့ Motivated ဖြစ်နေစေဖို့ လုပ်ဆောင်ရမယ့်အရာတွေကို ပြောပြပေးလိုက်ပါတယ်။

လေ့ကျင့်ခန်းလုပ်ပါ

မနက်စောစောထပြီး လေ့ကျင့်ခန်းလုပ်ပါ။ အများကြီးလုပ်စရာမလိုပါဘူး။ တက်ကြွလန်းဆန်းပြီး ကိုယ်လက်ပေါ့ပါးသွားအောင် လုပ်ရုံနဲ့တင် ရပါပြီ။ လေ့ကျင့်ခန်းမလုပ်နိုင်ရင်တောင်မှ ပြေးတာ၊ ကြိုးခုန်တာလောက်တော့ လုပ်ပေးပါ။

ကိုယ်နှစ်သက်တဲ့အရာနဲ့ Alarm ပေးထားပါ

မနက်ထမယ့်အချိန်ကို သတ်မှတ်ထားပြီး အမြဲတမ်း အဲ့အချိန်မှာထပါ။ Alarm ကို ဆူညံတာတွေ၊ စိတ်အနှောင့်အယှက်ဖြစ်စေမယ့် အသံတွေ မပေးထားပါနဲ့။ အဲ့လိုအသံတွေနဲ့နိုးလာရင် စိတ်တိုပြီး ဒေါသထွက်တတ်ပါတယ်။

ကိုယ်ကြိုက်တဲ့အဝတ်အစားကိုရွေးဝတ်ပါ

ကိုယ်ကြိုက်တဲ့အဝတ်အစား၊ ကိုယ့်ကိုယ်ကို အလှဆုံးလို့ထင်မယ့် အဝတ်အစားတွေကို ရွေးဝတ်ပါ။ မှန်ကြည့်တိုင်း စိတ်ချမ်းသာပြီး Confident ပိုရှိစေပါတယ်။

မနက်စာကောင်းကောင်းစားပါ

ကိုယ့်ရဲ့တစ်နေ့တာကို Motivated အပြည့်အဝရစေဖို့ အရေးကြီးတာက မနက်စာပါပဲ။ မနက်စာကို အာဟာရပြည့်ဝတာ၊ ကျန်းမာရေးနဲ့ညီညွတ်တာ စားသောက်ပါ။

သီချင်းနားထောင်ပါ

မိုးလင်းထဲက တက်ကြွလန်းဆန်ပြီး Moti ရစေဖို့ သီချင်းမြူးတာလေးတွေ၊ ကိုယ်ကြိုက်တဲ့သီချင်းလေးတွေ နားထောင်ရင်းလုပ်ပါ။

ရေများများသောက်ပါ

ရေများများသောက်ပေးဖို့ကို လုံးဝမမေ့ပါနဲ့။ မနက်အိပ်ယာနိုးတာနဲ့ ရေတစ်ခွက်သောက်ပါ။

ကိုယ်လုပ်ချင်တာတွေ၊ လုပ်ရမှာတွေကို List လုပ်ပါ

ကိုယ်လုပ်ချင်တာတွေနဲ့ လုပ်ရမယ့်အရာတွေကို List လုပ်ပြီး ချရေးပါ။ ပြီးရင် တစ်ခုချင်းစီ ခေါင်းအေးအေးထားပြီး လုပ်သွားပါ။ လုပ်ရမှာတွေကိုပဲ ချရေးထားရင်လည်း အားပျက်သွားပါလိမ့်မယ်။ လုပ်ချင်တာလေးတွေကိုပါ ချရေးထားမှ ငါလုပ်ရမှာတွေပြီးရင် လုပ်ချင်တာလေးတွေ လုပ်လို့ရပြီဆိုတဲ့ Moti မျိုး ရစေမှာပါ။

တရားထိုင်ပါ

ညအိပ်ခါနီးမှာ တရားထိုင်ပေးပါ။ စိတ်တည်ငြိမ်စေပြီး စိတ်ခံစားချက်တွေ ကောင်းလာစေတယ်၊ စိတ်ခွန်အားဖြစ်စေပါတယ်။ ညဘက်တွေမှာလည်း ကောင်းမွန်စွာ အိပ်ပျော်စေပါတယ်။

ညဘက်စောစောအိပ်ပါ

ညဘက်တွေမှာ စောစောအိပ်မှ မနက်စောစောထနိုင်မယ်၊ အိပ်ရေးဝမယ်၊ လူရောစိတ်ပါ လန်းဆန်းမှု ရှိပါမယ်။ ဒါကြောင့် ညဘက်စောစောအိပ်ဖို့ကလည်း အရေးကြီးပါတယ်။

အိပ်ယာကိုသန့်ရှင်းသပ်ရပ်အောင်ထားပါ

အိပ်ယာကို အမြဲတမ်း သပ်သပ်ရပ်ရပ်ထားပြီး သန့်ရှင်းအောင်ထားပါ။ ကိုယ့်အိပ်ယာက သပ်ရပ်နေပြီး နေချင်စဖွယ်လေးဖြစ်နေမှ စိတ်ကြည်လင်ပြီး ကောင်းမွန်စွာ အိပ်ပျော်နိုင်မှာပါ။