တစ်ခါတစ်လေကျရင် ကိုယ်တိုင်လုပ်နေမိတဲ့အရာတွေ၊ ကိုယ့်ရဲ့အတ္တတွေကြောင့် လက်ရှိအချစ်ရေးက ပြတ်တောက်သွားတာမျိုး၊ ပြီးဆုံးသွားတာမျိုး ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်အနေနဲ့ မှားနေတာရှိရင်လည်း ပြန်ပြီးပြင်ဆင်လို့ရအောင်၊ လက်ရှိအချစ်ရေးက ပိုပြီးသာယာခိုင်မြဲလာအောင် ဒီအရာတွေကို သတိထားဖို့တော့ လိုပါလိမ့်မယ်နော်။

ယုံကြည်မှုမရှိကြဘူး

အချစ်ရေးမှာ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုရှိဖို့က အရေးအကြီးဆုံးပါပဲ။ ဒီလိုယုံကြည်မှုမရှိကြရင် အချစ်ရေးက သာယာနိုင်မှာမဟုတ်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုတွေမရှိ၊ သံသယတွေများနေပြီး ကြာလာရင် ဝေးကွာသွားနိုင်ပါတယ်။

သဝန်တိုစိတ်တွေပြင်းထန်နေတယ်

ကိုယ့်ချစ်သူအပေါ်မှာ လူတိုင်းကတော့ သဝန်တိုကြတာပါပဲ။ ဒါပေမယ့် တရားလွန်ကြီး သဝန်တိုနေတာမျိုး၊ ဘာမဟုတ်တာလေးတွေကအစ တစ်ချိန်လုံးသဝန်တို၊ ပြဿနာရှာနေတာမျိုးဆိုရင်တော့ ကြာလာရင် ပြဿနာခဏခဏဖြစ်ပြီး ပြတ်ဆဲသွားပါလိမ့်မယ်။

ကိုယ့်အချစ်ရေးကို တခြားအတွဲတွေနဲ့ အမြဲနှိုင်းယှဉ်နေတယ်

ကိုယ့်ချစ်သူကို တခြားသူနဲ့ ယှဉ်ပြီးပြောဆိုတာမျိုး မလုပ်သင့်သလို၊ ကိုယ့်အချစ်ရေး၊ ကိုယ့်ရဲ့ Relationship ကိုလည်း တခြားအတွဲတွေနဲ့ ယှဉ်ပြီး မပြောသင့်ပါဘူး။ ဒီလိုလိုက်နှိုင်းယှဉ်နေရင် ကိုယ်လဲစိတ်ညစ်ရမယ်၊ ကိုယ့်ချစ်သူကိုလည်း စိတ်ညစ်စေပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်လည်း ကြာလာတာနဲ့အမျှ စိတ်ပျက်လာပါလိမ့်မယ်။

ကိုယ့်အမှားကိုမမြင်တော့ဘူး

အမှားလုပ်မိတာကို နားလည်ပေးလို့ရပေမယ့် ကိုယ့်အမှားကို ကိုယ်မမြင်တာမျိုးကတော့ တော်တော်ဆိုးပါတယ်။ တစ်ခုခုဆိုရင် သူများကိုပဲ အပြစ်တင်ပြောဆိုမယ်၊ ကိုယ့်အမှားကိုလည်း ကိုယ်မမြင်ဘူး၊ သူများကထောက်ပြနေလည်း ကိုယ့်အမှားကိုယ်မမြင်ဘူး။ ဒီလိုလုပ်ရက်တွေက တစ်ဖက်လူအတွက်တော့ စိတ်ပျက်စိတ်ကုန်စေတဲ့အရာတစ်ခုပါပဲ။

ခွင့်မလွှတ်နိုင်ဘူး

ကိုယ်ကချစ်တယ်၊ မပြတ်နိုင်ဘူးဆိုရင် ခွင့်လွှတ်လိုက်ပါ။ တော်ရုံတန်ရုံ ခွင့်လွှတ်ပေးလို့ရတာမျိုးဆိုရင် ခွင့်လွှတ်ပေးလိုက်ပါ။ မာနတွေထားပြီး တစ်ယောက်နဲ့ တစ်ယောက် တင်းမာနေရင် မပြတ်သင့်ပဲ ပြတ်သွားတာမျိုး ဖြစ်တတ်ပါတယ်။