တခါတလေ အချစ်ဆိုတာက တကယ့်ကိုရှုပ်ထွေးလွန်းပါတယ်။ တကယ်ချစ်တယ်လို့ထင်ရတာတွေလည်း အချစ်မဟုတ်တာတွေလည်း ရှိတတ်ပါတယ်။ အချိန်အကြာကြီး ချစ်သူတွေဖြစ်လာခဲ့ကြပြီးလက်ထပ်ခဲ့ကြပေမယ့် တကယ်ပဲ သူ့ကို ချစ်မိသွားသလား ဒါမှမဟုတ် သံယောဇဉ်ရှိတာလားဆိုတာ မဝေခွဲတတ်တဲ့သူတွေလည်း အများကြီးရှိပါတယ်။ ဒါ့ကြောင့်လည်း နောက်ပိုင်းအကျိုးဆက်တွေအနေနဲ့ ပြဿနာတွေဖြစ်လာကြတာပေါ့။ တကယ်သာသူ့ကို အချစ်စစ် မေတ္တာအမှန်နဲ့ ချစ်ခဲ့မယ်ဆိုရင် ဒီလိုလက္ခဏာတွေကို သင်ကြုံတွေ့ခံစားရမှာ အသေအချာပါပဲ့။ ဘယ်လိုအရာလေးတွေက အချစ်စစ်ဖြစ်မလဲဆိုတာ ကြည့်လိုက်ပါအုံးနော်။

၁။ အချစ်ဆိုတာ လုပ်ယူလို့မရပါ

သင်ဒီတစ်ယောက်ကိုချစ်မယ်ဆိုပြီး ဆုံးဖြတ်ထားလို့မရပါဘူး။ ဒီလိုမျိုးမိန်းကလေး ၊ ဒီလိုယောကျ်ားလေးမျိုးကိုမှ ရွေးချယ်မယ်ဆိုပြီး ကန့်သတ်ချက်တွေနဲ့သတ်မှတ်ထားလို့မရပါဘူး။ တစုံတစ်ယောက်ကို တကယ်ချစ်မိသွားရင် အကြောင်းပြချက်တွေ ကန့်သတ်ချက်တွေ မလိုအပ်တော့ဘူးဆိုတာ သင်သိလာရမှာပါ။

၂။ အချစ်ဆိုတာ ဦးစားပေးတတ်တဲ့အရာပါ

အချစ်ဆိုတာ သူ့ကို ဦးစားပေးတတ်တာမျိုးပါ။ ကိုယ့်ဆန္ဒတွေကို ဘေးချိတ်လို့ သူ့ဆန္ဒတွေကိုပဲ အမြဲလိုလိုဦးစားပေးစဉ်းစားလေ့ရှိတာပါ။ တစ်ခုခုဆို သူ့အတွက် စဉ်းစားပေးတတ်တာမျိုးပါ။

၃။ အချစ်ဆိုတာ အဆုံးသတ်မရှိပါဘူး

စိတ်ကုန်သွားတာ အချစ်တွေကုန်သွားတယ်ဆိုတာ မရှိပါဘူး။ အချစ်ဆိုတာ အမြဲတမ်းခိုင်မြဲနေတာပါ။

၄။ အချစ်ဆိုတာ ကျန်းမာရေးကောင်းစေပါတယ်

အချစ်ဆိုတာ သင့်ကို စိတ်ချမ်းသာစေပြီး ကျန်းမာရေးကောင်းစေပါတယ်။ လူတစ်ယောက်ကို တကယ်ချစ်မိသွားရင် သင်စိတ်ညစ်မှာ မဟုတ်ပါဘူး။ သူ သင့်ကို ပြန်ချစ်သည်ဖြစ်စေ၊ မချစ်သည်ဖြစ်စေ သင်ဘယ်လိုမှ စိတ်ညစ်မှာမဟုတ်ဘဲ ချစ်နေရရင်ပဲ့ သင်ပျော်နေမှာပါ။

၅။ စိတ်ခံစားမှုအမျိုးမျိုးဖြစ်စေတယ်

သင့်ကို ပျော်စေတယ်၊ ရယ်စေတယ်။ သန်မာစေတယ်၊ ဝမ်းနည်းစေနိုင်တယ်။ နာကျင်ရနိုင်ပါတယ်။

၆။ အချစ်စစ်ဆိုတာ ချစ်သူအပေါ် တန်ဖိုးထားတာမျိုးပါ

အချစ်စစ်သာမှန်ရင် သူ့ကို တန်ဖိုးထားမှာပါ။ သူ့ရဲ့ ဆန္ဒမပါဘဲ သင်ဘာမှ လုပ်မှာမဟုတ်ပါဘူး။

၇။ အချစ်စစ်မှန်ရင် သူ့ကိုလွှမ်းမိုးဖို့ ကြိုးစားမှာမဟုတ်ပါဘူး

အချစ်ဆိုတာ မိတ်ဆွေပါ။ အာဏာရှင်မဟုတ်ပါဘူး။ ချစ်သူကို ပြုပြင်ဖို့ လွှမ်းမိုးဖို့ ကြိုးစားမှာမဟုတ်ပါဘူး။ အချစ်ဆိုတာ ချစ်သူကိုအောင်မြင်အောင် ပံ့ပိုးပေးမယ့် မိတ်ဆွေမျိုးပါ။

၈။ အချစ်စစ်သာမှန်ရင် မခက်ခဲပါဘူး

အချစ်စစ်သာမှန်ရင် သူ့ဆန္ဒကို ဦးစားပေးလိုက်ဖို့ တခါတလေ ရန်ဖြစ်စကားများရင်တောင် ပြန်ချော့ဖို့၊ မာနတွေကို ခဝါချဖို့ သင် ဝန်လေးနေမှာမဟုတ်ပါဘူး။

ကဲ…ဒါဆိုရင်ဘယ်လိုလဲ။ သင်ရော အချစ်စစ်နဲ့ တွေ့နေပြီလားဆိုတာ ပြောခဲ့အုံးနော်…