အရမ်းဒေါသထွက်နေတဲ့အချိန်မှာ လုပ်လိုက်မိတဲ့အရာတိုင်းက အမှားတွေဖြစ်သွားဖို့များပါတယ်။ ထိန်းချုပ်နိုင်ဖို့လည်း ခက်ခဲပါတယ်။ ဒါပေမယ့် အမှားမလုပ်မိအောင် အတတ်နိုင်ဆုံးတော့ ကိုယ့်စိတ်ကို ပြန်ထိန်းချုပ်ရပါမယ်။ ဒါကြောင့် အရမ်းဒေါသထွက်နေတဲ့စိတ်ကို ထိန်းချုပ်နိုင်ဖို့အတွက် ကူညီပေးနိုင်မယ့်အရာတွေကို ပြောပြပေးလိုက်ပါတယ်။ အရမ်းဒေါသထွက်နေတဲ့အချိန်မှာ ဘာမှမလုပ်သေးပဲ ဒီအရာတွေကိုပဲ အရင်လုပ်ကြည့်ဖို့အကြံပေးချင်ပါတယ်။

အရင်ဆုံးပီကေဝါးပါ။ ပီကေဝါးတာက အရမ်းဒေါသထွက်နေချိန်မှာ စိတ်ကိုနည်းနည်းလောက်ပဲဖြစ်ဖြစ် တည်ငြိမ်စေပါတယ်။

ပြေးပါ။ ဘာမှမစဉ်းစားပဲ ချွေးတွေထွက်ပြီး အရမ်းမောလာတဲ့အထိ ပြေးလိုက်ပါ။ မပြေးချင်ရင် ဘယ်သူမှမရှိတဲ့နေရာမှာ အော်လိုက်ပါ။ နည်းနည်းလောက်ပဲဖြစ်ဖြစ် စိတ်ပေါ့ပါးသွားပါလိမ့်မယ်။

မာကြွပ်တဲ့အရာတစ်ခုခုကို ဝါးနေပါ။ ဒီလိုလုပ်ပေးခြင်းကလည်း ဒေါသထွက်နေတဲ့စိတ်ကို လျော့ကျစေပြီး စိတ်နည်းနည်းတည်ငြိမ်သွားစေပါတယ်။

စိတ်ငြိမ်လာပြီး အရမ်းဒေါသထွက်နေတာကိုလည်း နည်းနည်းလောက်ပဲဖြစ်ဖြစ် ထိန်းချုပ်နိုင်လိုက်ပြီဆိုရင် ကိုယ်ဘာကြောင့် ဒေါသထွက်ရလဲ၊ ဘယ်အကြောင်းအရာတွေက ဒေါသထွက်စေတာလဲ ချရေးပါ။ ကိုယ်ဒေါသထွက်သမျှ၊ မကျေနပ်သမျှအကုန် ချရေးလိုက်ပါ။ နည်းနည်းစိတ်တည်ငြိမ်လာပြီဆိုမှ ဒါတွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာကို ခေါင်းအေးအေးထားပြီး စဉ်းစားပါ။

ကိုယ်နှစ်သက်တဲ့သီချင်းကိုဆိုပါ။ ဒီလိုသီချင်းဆိုပေးခြင်းက ဒေါသဖြစ်နေတဲ့စိတ်ကို ထိန်းချုပ်ပေးနိုင်ပြီး ဒေါသတွေလည်းတဖြေးဖြေးချင်းစီ ပြေလာစေပါတယ်။

အရမ်းဒေါသထွက်နေရာကနေ စိတ်နည်းနည်းတည်ငြိမ်လာပေမယ့် တစ်ချက်တစ်ချက် အတွေးထဲပြန်ဝင်လာပြီး ဒေါသဖြစ်နေသေးတယ်ဆိုရင်တော့ ၁ ကနေ ၁၀ အစဉ်လိုက်ရီတာမျိုး၊ အပင်လေးတွေနားမှာသွားရပ်ပြီးနေတာမျိုး၊ အပင်ရေလောင်းတာမျိုးတွေ လုပ်ပေးခြင်းဖြင့် စိတ်တည်ငြိမ်လာအောင် ပြန်လုပ်ပေးလို့ရပါတယ်။

Source:www.brightside.me