လူမှုဆက်ဆံရေးကောင်းတဲ့သူတွေအတွက်ကတော့ အခုမှမြင်ဖူးတဲ့သူနဲ့လည်း ကောင်းကောင်းပြောဆိုဆက်ဆံနိုင်ပေမယ့် လူမှုဆက်ဆံရေးမကောင်းတဲ့သူတွေအတွက်ကျတော့ သူစိမ်းတွေနဲ့ ရင်းရင်းနှီးနှီးနေဖို့ဆိုတာက တကယ့်ကိုခက်ခဲလွန်းတဲ့အရာတစ်ခုပါပဲ့နော်။ ဒါပေမဲ့ လူမှုပေါင်းသင်းဆက်ဆံရေးအားနည်းလို့ စိတ်အားငယ်စရာမလိုပါဘူးနော်။ ဘာဖြစ်လို့လဲဆိုတော့ လူမှုဆက်ဆံရေးအားနည်းတဲ့သူတွေမှာလည်း ဒီလိုမျိုးအားသာချက်တွေ ရှိနေတဲ့အတွက်ကြောင့်ပဲ့ ဖြစ်တယ်။

အနာဂတ်ကို ကြိုတင်ခန့်မှန်းနိုင်ခြင်း

သူတို့တွေဟာ အန္တရာယ်ကို ကြိုတင်ခံစားသိရှိနိုင်ပြီး အနာဂတ်ကိုလည်း ခန့်မှန်းနိုင်ပါသေးတယ်။ သူတို့ရဲ့အာရုံခံအင်္ဂါခြောက်ပါးက အမြဲတမ်းနိုးကြားတက်ကြွနေပြီး အမြဲတစေ စိုးရိမ်ပူပန်တတ်တဲ့အကျင့်က အန္တရာယ်ကို ကြိုတင်ရှောင်ရှားဖို့ ကူညီပေးပါတယ်။

တစ်ဖက်လူရဲ့ စိတ်ကို ဖတ်နိုင်တယ်

သူတို့က အခြားသူရဲ့အခြေအနေကို အမြဲတမ်းအကဲခတ်နေတာကြောင့် တစ်ဖက်လူက ဘယ်လိုခံစားနေရလဲဆိုတာ နားလည်ပြီး စိတ်ကိုဖတ်နိုင်တဲ့ အရည်အချင်းတွေရှိပါတယ်။

လူတစ်ယောက် လိမ်ပြောနေသလားဆိုတာ ချက်ချင်းသိတယ်

သူတို့တွေက ပတ်ဝန်းကျင်ကို အမြဲတမ်းသတိထားတတ်တဲ့သူတွေပါ။ သင်က သူတို့ကို စကားပြောတဲ့အခါ သူတို့က အာရုံစိုက်ပြီး သေချာနားထောင်တတ်ကြတယ်။ တစ်ခုခု မူမမှန်ဘူး၊ အဓိပ္ပါယ်မရှိဘူးဆိုတာကို ချက်ချင်းရိပ်မိတဲ့အတွက်ကြောင့် သူတို့ကို လိမ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

ကိုယ်ချင်းစာစိတ်အပြည့်ရှိတယ်

သူတို့ရဲ့စိတ်ထဲမှာ ခံစားချက်မျိုးစုံရောထွေးနေတဲ့အတွက်ကြောင့် သူတစ်ပါးလည်း သူတို့လိုများ စိတ်ကျဉ်းကြပ်နေမလားဆိုတာ အမြဲတစေစဉ်းစားပေးလျက်ရှိပါတယ်။

မှတ်ဉာဏ်စွမ်းအားနဲ့ တီထွင်ဖန်တီးနိုင်မှုမြင့်မားတယ်

အမြဲတစေစိုးရိမ်ပူပန်တတ်တဲ့သူတွေက အချိန်ကြာကြာတွေးတောနိုင်တဲ့အတွက်ကြောင့် ဘယ်အရာကိုမဆို အကြာကြီးမှတ်မီနိုင်တဲ့ အရည်အချင်းရှိပါတယ်။ သူတို့တွေက စိတ်ကူးယဉ်သမားတွေဖြစ်တဲ့အတွက်ကြောင့် တီထွင်ဖန်တီးနိုင်မှုစွမ်းအားလည်း မြင့်မားပါသေးတယ်။

ကဲ အခုဆိုရင် ကိုယ့်မှာ ဒီလိုစူပါ ပါဝါတွေ ရှိနေတာကိုသိပြီဆိုတော့ ကိုယ့်ကိုယ်ကို ပေါင်းသင်းဆက်ဆံရေးမကောင်းလို့ဆိုပြီး သိမ်ငယ်အားငယ်စိတ်တွေ ဝင်တာကို ဖယ်ရှားပစ်လိုက်ပါနော်။

Source: Brightside.me