အမြင်အာရုံကြည်လင်ပြီး ပိုကောင်းလာစေဖို့အတွက် ရိုးရှင်းသော မျက်လုံးလေ့ကျင့်ခန်းတွေကို မျှဝေပေးလိုက်ပါတယ်။ အခုခေတ်က ဖုန်းတွေ၊ ကွန်ပျူတာတွေ အသုံးများတော့ မျက်လုံးထိခိုက်စေပါတယ်။ ဒါကြောင့် ဒီလေ့ကျင့်ခန်းတွေက လူတိုင်းအတွက် လိုအပ်ပါတယ်။

Shutters

မျက်လုံးကို ဖွင့်လိုက်၊ ပိတ်လိုက်နဲ့ အမြန်လုပ်ပေးရမှာပါ။ ၂ မိနစ်ဆက်တိုက် ဖြေးဖြေးချင်းမလုပ်ပဲ အမြန်လုပ်ရမှာ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းက သွေးလည်ပတ်မှုလည်း ကောင်းမွန်စေပါတယ်။

Big eyes

မျက်လုံးကိုပြူးလိုက်၊ ပုံမှန်အတိုင်း ပြန်နေလိုက်နဲ့ လုပ်ပေးရမှာပါ။ မျက်လုံးကိုပြူးပြီး ၅ စက္ကန့်နေပါ။ ပြီးရင် ပုံမှန်အတိုင်း ပြန်နေပါ။ ပြီးရင် ပြန်ပြူးပါ။ အဲ့အတိုင်း ၁၀ ကြိမ်လုပ်ပေးရင် ရပါပြီ။

Warm palms

အရင်ဆုံး လက်ဖဝါးနှစ်ဖက်ကို ပူအောင်ပွတ်လိုက်ပါ။ လက်ဖဝါးနှစ်ဖက် ပူသွားပြီဆိုမှ ပုံမှာပြထားတဲ့အတိုင်း မျက်လုံးနှစ်ဖက်ကို အုပ်ပြီး ၁ မိနစ်နေပါ။ အချိန်ပြည့်ရင် လက်ဖယ်လိုက်ပါ။

Massage

ပုံမှာပြထားတဲ့အတိုင်း လက်နှစ်ဖက်ကို မျက်လုံးမှာအုပ်ပြီး မျက်ရစ်နေရာကနေ နှာခေါင်းဘက်ကို တွန်းပြီး massage လုပ်ပေးရမှာ ဖြစ်ပါတယ်။ ၂ စက္ကန့် လုပ်၊ မျက်စိဖွင့်၊ ၂ စက္ကန့် ထပ်လုပ်၊ မျက်စိဖွင့်နဲ့ စုစုပေါင်း ၅ ကြိမ်လုပ်ပေးရင် ရပါပြီ။

Blind man’s bluff

မျက်လုံးကို တင်းကျပ်နေအောင်မှိတ်ပါ။ ၅ စက္ကန့် မှိတ်ထားပြီးမှ ပြန်ဖွင့်ပါ။ ပြီးရင် ပြန်မှိတ်ပါ။ အဲ့အတိုင်း ၁၀ ကြိမ်လုပ်ပေးရမှာ ဖြစ်ပါတယ်။

Flirting

မျက်ဆံနှစ်ဖက်လုံးကို ဘယ်ထောင့်ကပ်ကြည့်လိုက်၊ ညာထောင့်ကပ်ကြည့်လိုက်နဲ့ ဆက်တိုက် ၁၀ ကြိမ်လုပ်ပေးရမှာ ဖြစ်ပါတယ်။