ငန်းတွေလို လည်ပင်းမျိုးဖြစ်နေတယ်ဆိုတာက လည်ပင်းအနေအထား အရှေ့ကိုရောက်ပြီး လက်ပြင်ကုန်းသလိုမျိုး ဖြစ်နေတာပါ။ ဒီလိုပုံစံမျိုးဖြစ်နေရင် ပြင်သင့်ပါတယ်။ လေ့ကျင့်ခန်းတွေလုပ်ပေးရင် ဖြေးဖြေးချင်းစီသက်သာပြီး အနေအထားမှန်သွားစေပါတယ်။ ဒါကြောင့် ဒီလေ့ကျင့်ခန်းတွေကို နေ့တိုင်းလုပ်ကြည့်ပါ။ လုပ်ရတာလည်း အရမ်းလွယ်ပါတယ်။

လက်နှစ်ဖက်ကိုဘေးချပြီး အနောက်ကို ပုံမှာပြထားတဲ့အတိုင်းညှစ်ပြီး နေပေးပါ။ စက္ကန့် ၃၀ အဲ့အတိုင်းနေပြီး ပုံမှန်အတိုင်း အကြောပြန်လျှော့ပါ။ ပြီးရင် အဲ့အတိုင်း စက္ကန့် ၃၀ ပြန်နေပါ။ စုစုပေါင်း ၃ ကြိမ်လုပ်ပေးရပါမယ်။

မတ်တပ်ရပ်ပြီး ပုံမှာပြထားတဲ့အတိုင်း လက်နှစ်ဖက်က ခေါင်းပေါ်ရောက်နေရပါမယ်။ ခေါင်းနဲ့မထိရပါဘူး။ အဲ့အတိုင်း စက္ကန့် ၃၀ လောက်နေပြီးမှ လက်ပြန်ချပါ။ ပြီးရင် ထပ်လုပ်ပါ။ ၅ ကြိမ်လောက်လုပ်ပေးရင် ရပါပြီ။

ခေါင်းကိုနည်းနည်းငုံ့ပြီး ပုံမှာပြထားတဲ့အတိုင်း လက်နှစ်ဖက်ကို လုပ်ပေးပါ။ ထုံးစံအတိုင်း အဲ့အနေအထားနဲ့ စက္ကန့် ၃၀ နေပါ။ ပြီးရင် ပုံမှန်အတိုင်းပြန်နေပြီး ထပ်လုပ်ပါ။ ၅ ကြိမ်ပဲလုပ်ပေးရရင် ရပါပြီ။

လက်တစ်ဖက်ကိုချပြီး နောက်လက်တစ်ဖက်က ခေါင်းနောက်ကိုထိထားပါ။ မျက်နှာနဲ့ခေါင်းက တည့်မတ်နေရပါမယ်။ အဲ့အတိုင်း စက္ကန့် ၃၀ နေပြီးရင် ဘယ်ညာပြောင်းလုပ်ပါ။ စုစုပေါင်း ဘယ် ၅ ကြိမ်၊ ညာ ၅ ကြိမ် လုပ်ပေးပါ။

ခန္ဓာကိုယ်က မတ်မတ်ရပ်ပြီး ခေါင်းကိုဘယ်လှည့်ကာ စက္ကန့် ၃၀ နေပါ။ ပြီးရင် ညာလှည့်ပြီး စက္ကန့် ၃၀ နေပါ။ အဲ့အတိုင်း ဘယ်ညာ တစ်လှည့်စီ ၃ ကြိမ်လုပ်ပေးရပါမယ်။

ခန္ဓာကိုယ်က မတ်မတ်နေပြီး လက်နှစ်ဖက်ကို ကပ်ထားပါ။ ပြီးရင် ပုံမှာပြထားတဲ့အတိုင်း ပခုံးကိုအပေါ်ပင့်ကာ စက္ကန့် ၃၀ နေပါ။ ပြီးရင် ပခုံးပင့်ထားတာပြန်ချ၊ ပြီးရင် ပြန်ပင့်ပါ။ ဒါလည်း ၃ ကြိမ်ပဲ လုပ်ပေးရမှာပါ။

ပုံမှာပြထားတဲ့အတိုင်း ဘယ်လက်ကခေါင်းကိုကိုင်ပြီး ဘယ်ဖက်ကိုစောင်းပါ။ အဲ့အတိုင်း စက္ကန့် ၃၀ နေပါ။ ပြီးရင် ခေါင်းပြန်မတ်ပါ။ ပြီးမှ ညာလက်ကခေါင်းကိုကိုင်ပြီး ညာဖက်ကိုစောင်းကာ စက္ကန့် ၃၀ နေပေးပါ။ အဲ့အတိုင်း ဘယ်ညာတစ်လှည့်စီ ၃ ကြိမ်လုပ်ပေးရပါမယ်။