ကိုယ်တကယ်ချစ်ခဲ့တဲ့ ရည်းစားဟောင်းကိုက မေ့ပစ်ဖို့ အချိန်တော့ယူရမှာပါပဲ။ တချို့ကျတော့လည်း မြန်မြန် Move On လုပ်နိုင်ပေမယ့် တချို့ကျတော့ နှစ်တွေကြာတဲ့အထိကို စိတ်ထဲရှိနေသေးတာ၊ ခံစားချက်တွေ မကုန်သေးတာပါ။ သင့်အနေနဲ့လည်း ရည်းစားဟောင်းအပေါ်မှာ စိတ်ရှိသေးလား၊ ခံစားချက်တွေ ကျန်နေသေးလား သိချင်ရင် ဒီအချက်တွေနဲ့ တိုက်စစ်ကြည့်လိုက်ပါ။

သူ့အကြောင်းစဉ်းစားမိခြင်း

ဘာမှထွေထွေထူးထူးမရှိလည်း အလိုလိုနေရင်း ရုတ်တရက် သူ့အကြောင်းစဉ်းစားမိတာမျိုး၊ တွေးမိတာမျိုးတွေက နေ့တိုင်းလိုလို ဖြစ်နေပြီဆိုရင်တော့ သူ့အပေါ် စိတ်ရှိနေသေးတာ၊ မမေ့နိုင်သေးတာ သေချာပါတယ်။ တချို့ဆို ပြန်လာရင်တောင် လက်ခံအုံးမယ့်သူတွေပါ။

တိုက်ဆိုင်မှုရှိတိုင်းသတိရခြင်း

တိုက်ဆိုင်မှုရှိတိုင်းမှာ သီချင်းသံတစ်ခုခု ကြားလိုက်ရရင်တောင် သူ့ကိုပြေးမြင်ပြီး သတိရမိတာမျိုး၊ အရက်လေး နည်းနည်းသောက်လိုက်ရုံနဲ့ သူ့အကြောင်းတွေတွေးမိပြီး မျက်ရည်ကျလာတာ၊ ဝမ်းနည်းလာတာမျိုးဆိုရင်တော့ သေချာပါတယ်။ သူ့အပေါ်မှာ စိတ်ရှိနေသေးတာပါ။

သူ့အကြောင်းတွေသိချင်နေခြင်း

သူနဲ့သိတဲ့သူတွေနဲ့တွေ့လို့ စကားပြောတိုင်းမှာ သူ့အကြောင်းတွေ ကြားချင်နေတာ၊ သိချင်နေတာမျိုးတွေ ဖြစ်နေမယ်။ Social Media မှာဆိုလည်း လိုက်ရှာပြီး ဝင် Check နေမိမယ်၊ တချို့ကျတော့လည်း စိတ်ကိုချုပ်တည်းပြီး ဝင်မ Check ဘူး ဒါပေမယ့် ဝင်မကြည့်မိအောင် မနည်းထိန်းနေရတာမျိုးပေါ့။ မျက်စိရှေ့ပေါ်လာရင်တော့ ကြည့်မိမယ်၊ သိချင်စိတ်တွေ ဖြစ်လာမယ်၊ သူဘာတွေလုပ်နေလဲ၊ ဘယ်သူနဲ့ပတ်သက်နေပြီလဲဆိုတာကို သိချင်နေပါမယ်။

မျှော်လင့်ချက်ရှိနေခြင်း

အသိစိတ်ကြောင့် သူ့ကိုြ့ပန်ဆက်သွယ်တာမျိုးတွေ မလုပ်တော့ပေမယ့် မသိစိတ်မှာတော့ သူသာပြန်လာခဲ့ရင် လက်ခံမိမယ်၊ သူသာပြန်ဆက်သွယ်ခဲ့ရင် စသဖြင့် မျှော်လင့်ချက်တွေ ရှိနေမှာပါ။ ဒါဆိုရင်တော့ သူ့အပေါ်မှာ စိတ်ရှိနေသေးရုံတင်မဟုတ်ပဲ ချစ်တဲ့စိတ်ပါ ရှိနေသေးတာပါ။

ဒီလိုအချက်တွေ တော်တော်များများနဲ့ တိုက်ဆိုင်နေရင်တော့ သူ့အပေါ်မှာ စိတ်ရှိနေသးတာ သေချာတဲ့အပြင် ချစ်နေတုန်းပဲဆိုတာလည်း သေချာပါတယ်။