RS တစ်ခုမှာ တစ်ယောက်ယောက်က တစ်ကိုယ်ကောင်းဆန်စိတ်ရှိနေမယ်ဆိုရင် ပျော်စရာမကောင်းတော့ပါဘူး။ တစ်ခါတစ်လေကျရင်လည်း ကိုယ်တိုင်တောင် မသိလိုက်ပဲ ပြုမူနေမိတာတွေက တစ်ကိုယ်ကောင်းဆန်သလို ဖြစ်နေတတ်ပါတယ်။

RS တစ်ခုမှာ တော်တော်များများဖြစ်လေ့ရှိတဲ့ တစ်ကိုယ်ကောင်းဆန်တဲ့အရာကတော့ ကိုယ့်ရည်းစားကို အချိန်တိုင်း control လုပ်ချင်တာပါပဲ။ လူတိုင်းက ကိုယ့်ကို ချုပ်ချယ်တာ၊ control လုပ်တာကို မကြိုက်ပါဘူး။ ချစ်လို့လုပ်တာဆိုရင်တော့ တစ်ခါတစ်လေပဲကောင်းပါတယ်။ ကိစ္စတိုင်းကို လိုက်ပြီး control လုပ်နေရင်တော့ တစ်ကိုယ်ကောင်းဆန်တာ ဖြစ်သွားပါပြီ။

လူတစ်ယောက်ကို အတင်းပြောင်းလဲခိုင်းလို့ မရပါဘူး။ ကိုယ့်ကိုချစ်တဲ့သူက အလိုလိုပြောင်းလဲလာပါလိမ့်မယ်။ သင်တောင်လိုက်ပြောင်းလဲခိုင်းနေစရာမလိုပါဘူး။ စတွဲခါစမှာတော့ ဘယ်သူမှမပြောင်းလဲပါဘူး။ နောက်ပိုင်း တွဲတာကြာလာလို့ ကိုယ့်အပေါ်တစ်ကယ်ချစ်လာတဲ့အခါ သူကိုယ်တိုင်ပြောင်းလဲလာမှာပါ။ ဒါကိုပဲ အတင်းလုပ်ယူနေရင်၊ ငါ့ကိုချစ်ရင်ပြောင်းလဲဆိုတာမျိုးကတော့ တစ်ကိုယ်ကောင်းဆန်ရာကျပါတယ်။

ကိစ္စတစ်ခုခု၊ ပြဿနာတစ်ခုခုဖြစ်လာပြီဆိုရင် ကိုယ်ပြောချင်တာပဲ စွတ်ပြောတယ်၊ တစ်ဖက်လူပြောတာတွေကို ဘယ်တော့မှ နားမထောင်ပေးဘူး။ စိတ်ဆိုးတိုင်းလည်း ကိုယ်ပြောချင်သလို စွတ်ပြောတယ်။ ကိုယ်မှားလို့ တစ်ဖက်လူက ပြောလာရင်လည်း မတောင်းပန်တဲ့အပြင် သူများအပြစ်ဖြစ်အောင် ပြန်ပြောတာတွေက တစ်ကယ်ကို တစ်ကိုယ်ကောင်းဆန်တာပါ။

ကိုယ်လုပ်လိုက်တဲ့အရာကြောင့်၊ ကိုယ်ပြောလိုက်တဲ့အရာကြောင့် တစ်ဖက်လူ ဘာဖြစ်သွားမလဲ၊ ဘယ်လိုခံစားရမလဲဆိုတာကို မစဉ်းစားပေးပဲ ကိုယ့်အတွက်ကိုပဲ ကြည့်တာမျိုးတွေက RS တစ်ခုမှာ အရမ်းတစ်ကိုယ်ကောင်းဆန်တဲ့အရာတွေ ဖြစ်တာကြောင့် ဒါတွေကို မပြင်နိုင်ရင် အဆင်ပြေမှာမဟုတ်ပါဘူး။ နောက်တစ်ခုကတော့ သူများဒီလိုလုပ်တာကို မကြိုက်ဘူးဆိုရင် ကိုယ်တိုင်လည်း မလုပ်ပါနဲ့။ ကိုယ့်ရည်းစားကိုတော့ လိုက်ချုပ်ချယ်နေပြီး ကိုယ်တိုင်ကျ လုပ်ချင်တာလုပ်နေရင် အဆင်မပြေပါဘူး။

RS တစ်ခုမှာ နောက်ဆုံး တစ်ကိုယ်ကောင်းဆန်တဲ့အရာကတော့ တစ်ဖက်လူရဲ့ ဖြစ်တည်မှုကို လက်မခံနိုင်တာပါ။ အစထဲက ဒီပုံစံကို ကြိုက်လို့တွဲလာပြီး ကြာလာမှ လက်မခံနိုင်တော့တာ၊ အပြစ်လိုက်ပြောတာတွေက ကြာလာရင် ပြဿနာဖြစ်လာပါလိမ့်မယ်။

photo source: www.pinterest.com