နေမကောင်းလည်းမဖြစ်ပဲနဲ့ အချိန်တိုင်းပင်ပန်းပြီး မလန်းမဆန်းဖြစ်နေရတာဟာ ဒီအကြောင်းအရင်းတွေကြောင့် ဖြစ်ကြတာများပါတယ်။

အထိုင်များခြင်း

အမြဲတမ်း အထိုင်များနေတဲ့သူတွေက ခန္ဓာကိုယ်လှုပ်ရှားမှုမရှိတော့ သွေးလည်ပတ်မှုလည်းမကောင်းပါဘူး။ ကိုယ်ရောစိတ်ပါ နုံးချိပြီး လူကမလန်းဆန်းပဲ ပင်ပန်းနေတတ်ပါတယ်။ ခါးနာ၊ ဇာတ်ကြောတက်တာတွေလည်း အမြဲဖြစ်နေတာကြောင့် အမြဲပင်ပန်းသလို ခံစားလာရပါတယ်။

အိပ်ချိန်မလုံလောက်ခြင်း

အိပ်ချိန်မလုံလောက်တာဟာ ကိုယ်ရောစိတ်ပါ ထိခိုက်ရပါတယ်။ အိပ်ရေးဝဝမအိပ်ရတော့ စိတ်မကြည်၊ ခေါင်းမကြည်ပဲ အမြဲနုံးနေတတ်ပါတယ်။ နေရတာ လန်းဆန်းမှုမရှိပဲ ထိုင်းမှိုင်းနေတတ်ပါတယ်။ ဒါကြောင့် လူတစ်ယောက်မှာ အိပ်ရေးဝဖို့က အရမ်းကိုအရေးကြီးပါတယ်။

အိပ်ချိန်မမှန်ခြင်း

အချိန်မှန်မှန်အိပ်ပြီး အိပ်ရေးဝတာနဲ့ အိပ်ချိန်မမှန်ပဲ နောက်ကျမှထလို့ အိပ်ရေးဝတာက မတူပါဘူး။ စောစောအိပ်ပြီး စောစောထလို့ အိပ်ရေးဝတာမျိုးက လူရောစိတ်ပါ လန်းဆန်းစေပါတယ်။ ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။ ညသန်းခေါင်အထိမအိပ်ပဲ နောက်ကျမှအိပ်ပြီး နေ့လည်မှထတာ၊ ညနေမှထတာမျိုးတွေက အိပ်ရေးဝပေမယ့် မလန်းဆနိးပါဘူး။ ထိုင်းမှိုင်းပြီး ကိုယ်လက်မအီမသာဖြစ်တာမျိုး၊ ပင်ပန်းသလိုခံစားရတာမျိုးတွေ ဖြစ်တတ်ပါတယ်။

အစားအသောက်မမှန်ခြင်း

စားရမယ့်အချိန်တွေမှာမစားပဲ အစာအလွန်ခံတာ၊ အစားအသောက်ကို မှန်မှန်မစားတာတွေက လိုအပ်တဲ့အာဟာရဓာတ်ကို သေချာမရတဲ့အတွက် အားမရှိဖြစ်လာပါတယ်။ ကိုယ်ခံအားလည်းနည်းလာပါတယ်။ ရင်တုန်ခေါင်းမူးတာတွေလည်း ခဏခဏဖြစ်တတ်တာကြောင့် နေမကောင်းမဖြစ်ပဲ ပင်ပန်းနေသလို အမြဲခံစားရပါတယ်။ ဒါကြောင့် မနက်စာကို အာဟာရရှိအောင် ဗိုက်အဝစားပါ။ နေ့လည်စာ၊ ညစာကိုလည်း အချိန်မှန်မှန် စားပေးပါ။

ရေဓာတ်မလုံလောက်ခြင်း

လူတစ်ယောက်မှာ ရေဓာတ်မလုံလောက်ရင်လည်း ပင်ပန်းနွမ်းနယ်တာမျိုးတွေ ဖြစ်ပါတယ်။ ဒါကြောင့် ရေခဲရေမသောက်ပဲ ရိုးရိုးရေကို တစ်နေ့ ၈ ခွက် အနည်းဆုံးသောက်ပေးပါ။

Stress များနေခြင်း

စိတ်ဖိစီးမှုတွေ stress တွေ အရမ်းများနေရင်လည်း လူကအမြဲပင်ပန်းနေတတ်ပါတယ်။ ဒါကြောင့် stress ရှိရင် အရင်ဆုံး stress လျော့ကျအောင် လုပ်ပေးဖို့လိုပါတယ်။

Source:www.healthline.com