တော်တော်များများကတော့ ပြတ်သွားတဲ့ရည်းစားဟောင်းနဲ့ ပြန်မပတ်သက်ချင်ကြပါဘူး။ ရည်းစားဟောင်းနဲ့ ပြန်မတွဲတာကတော့ ပိုကောင်းပေမယ့် အခြေအနေတွေက ကွာခြားပါတယ်။ တချို့အခြေအနေတွေကျတော့ ပြတ်သွားပေမယ့်လည်း ပြန်တွဲသင့်တာမျိုးရှိပါတယ်။ ဒါဆိုရင် ဘယ်လိုအခြေအနေတွေဖြစ်ရင် ပြတ်သွားတဲ့ရည်းစားဟောင်းနဲ့ ပြန်တွဲသင့်လဲဆိုတာကို ကြည့်လိုက်ရအောင်။
နှစ်ယောက်လုံးချစ်ရက်နဲ့ပြတ်သွားကြရင်
နှစ်ယောက်လုံးက တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ကြပေမယ့် ဘာမဟုတ်တဲ့ အခြေအနေတစ်ခုကြောင့် အထင်လွဲပြီးပြတ်သွားကြတာမျိုး၊ မာနတွေထားခဲ့ကြလို့ ပြတ်သွားတာမျိုးဆိုရင်တော့ နှစ်ယောက်လုံးချစ်သေးတယ်ဆိုရင် ပြန်တွဲသင့်ပါတယ်။
မခံစားနိုင်တော့ရင်
သူ့ဘက်က အမှားတွေကိုတောင်းပန်ပြီး အရာရာပြောင်းလဲပေးနေပြီဆိုရင်တော့ ကိုယ့်ဘက်ကလည်း သူနဲ့ပြတ်သွားတာကို ဘယ်လိုမှမခံစားနိုင်ဘူး၊ မပြတ်နိုင်ဘူးဆိုတာ သေချာရင် ပြန်တွဲလိုက်ပါ။ တစ်ခုရှိတာကတော့ သေချာညှိုယူပြီး ပြောင်းလဲလာမှသာ ပြန်တွဲသင့်ပါတယ်။ မဟုတ်ရင်တော့ ထပ်ပြီးနာကျင်နေရပါလိမ့်မယ်။
နှစ်တွေအကြာကြီးတွဲခဲ့ကြရင်
၂ နှစ်၊ ၃ နှစ်တောင်မဟုတ်ပဲ နှစ်တွေအရမ်းကို အကြာကြီးတွဲခဲ့ပြီးမှ ပြဿနာတစ်ခုကြောင့် ပြတ်သွားကြတယ်။ ဒါပေမယ့် နှစ်ယောက်လုံးကတော့ ချစ်နေကြသေးတယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် သေချာညှိုယူ၊ တစ်ယောက်က ခွင့်လွှတ်ပေးပြီး တစ်ယောက်ကလည်း ထပ်အမှားမလုပ်ပါနဲ့တော့။ Relationship တစ်ခုက အချိန်တွေအကြာကြီးတည်ဆောက်နိုင်ဖို့ အရမ်းခက်ခဲတာကြောင့် သေချာစဉ်းစားပြီး နှစ်ယောက်လုံးချစ်သေးရင်တော့ ပြန်တွဲပါ။
photo source: www.freepik.com