သွားလေးတွေညီညီလေးဖြစ်ချင်လို့ Brace တပ်တယ်။ ဒါပေမဲ့ တစ်ခါတလေ Brace တပ်ပြီး စိတ်ညစ်ရတဲ့အချိန်တွေရှိပါတယ်။ အထူးသဖြင့် Brace ကြောင့် ပါးစပ်အတွင်း ပါးစောင်နားမှာ ပွန်းပြီးနာကျင်တာပါ။ အချိန်ကာလကြာရှည်စွာ တပ်ရတာလည်း ပါဝင်ပါတယ်။

Brace ကြောင့် အဆင်မပြေဖြစ်နေတဲ့မိန်းကလေးအတွက် ဒီဆောင်းပါးလေးကို ရည်ညွှန်းချင်ပါတယ်။ Brace တပ်ခြင်းရဲ့ ကောင်းကျိုးတွေနဲ့ အဆင်မပြေဖြစ်လာတဲ့အချိန်တိုင်း အားတင်းလိုက်ရအောင်နော်

၁။ Brace တွေက သင့်ကို ငယ်ရွယ်တဲ့အသွင်ပေါ်စေပါတယ်

Brace တွေက သင့်ကို လန်းဆန်းပြီးတက်ကြွတဲ့အသွင်သဏ္ဍာန်ကို ပေးစွမ်းနိုင်ပါတယ်။ Brace တပ်ပြီးရယ်ပြဖို့ မကြောက်ပါနဲ့။ ဒါတွေက သင်နဲ့လိုက်ပါတယ်။

၂။ Brace တွေက သင့်အပြုံးကိုတောက်ပစေပါတယ်

ပြောလို့သာပြောတာပါ။ Brace တပ်ထားတဲ့လူတစ်ယောက်က လူတွေကြားပေါ်လွင်နေတတ်ပါတယ်။ သင်က Brace နဲ့မရယ်ချင်လှပေမယ့် ဒါအစမို့လို့ပါ။ မကြာခင် သင့်သွားလေးတွေ ညီပြီး အလှဆုံးအပြုံးတစ်စုံပေါ်လာတော့မှာပါ။ ပွင့်ပွင့်လင်းလင်းသာ ရယ်ပြလိုက်ပါ။

၃။ သင့်သွားတွေက Brace နဲ့ဆိုသန့်ရှင်းနေပါတယ်

ငွေရောင်နဲ့ အပြာဖျော့ရောင်သွားညှိကွင်းတွေမှာ သွားဖြူစေတဲ့ အာနိသင်ပါဝင်ပါတယ်။ ဒါကြောင့် Brace တပ်ရင်း သွားကိုလည်း ဂရုစိုက်ပေးနေသလိုပါပဲ။

၄။ အခြေအနေအမျိုးမျိုးအတွက် သွားညှိကွင်းလဲရတာ ပျော်စရာပါ

သွားညှိကွင်းက အရောင်အမျိုးမျိုးရှိတာမို့ လဲပေးရတာ ပျော်စရာပါပဲ။ ဝတ်ချင်တယ်ဆိုရင် သွားညှိကွင်းအရောင်နဲ့ ကိုယ့်အင်္ကျ ီအရောင်နဲ့တောင် တိုက်ဝတ်နိုင်တာပဲလေ။

၅။ မကြာခင် ပုံစံပြောင်းလဲလာတဲ့ သင့်သွားလေးတွေကို မြင်ရတော့မှာပါ

သင့်မျက်စိရှေ့တင်ပဲ သွားလေးတွေညီလာတာ တွေ့ရမှာပါ။  ပြောင်းလဲလာတဲ့သင့်သွားလေးတွေအတွက် တစ်လပြီးတစ်လ Selfie ရိုက်ထားပါ။ သင့်သွားလေးတွေ အလှဆုံးဖြစ်လာတော့မှာလေ။

၆။ နောက်ဆုံးရလဒ်က အံ့မခန်းပါပဲ

ဒါကြောင့်သင် Brace တပ်ထားတဲ့အချိန်ကို တန်ဖိုးထားပေးပါ။ Brace မတပ်ခဲ့ရင် သင့်ဘဝမှာ အလှဆုံးအပြုံးလေးတွေမြင်ရမှာမဟုတ်ဘူးလေ။ Brace တပ်ရတာ တစ်ခါတလေတော့စိတ်အနှောင့်အယှက်ဖြစ်စရာပါ။ သွားနာကျင်ရတဲ့ရက်တွေဆို သင်စားချင်တာတွေမစားရဘူး။ သွားဆေးခန်းကို ပုံမှန်သွားပေးရတယ်။ ဒါပေမဲ့ ဒီအရင်းအနှီးအားလုံးဟာ အံ့မခန်းရလဒ်တစ်ခုရဖို့အတွက်ပါပဲ။ တစ်နှစ် နှစ်နှစ်ဆိုတာ ခဏပါပဲ။ နောက်ဆုံးသင့်သွားလေးတွေက အလှဆုံးဖြစ်နေမှာလေ။

Brace တပ်ထားတဲ့ ပျိုမေတို့ ဒီအချက်လေးတွေနဲ့ Brace တပ်ခြင်းကို ဂုဏ်ယူနိုင်ဖို့ မျှော်လင့်ပါတယ်။ သင့်မှာကော Brace တပ်တာနဲ့ပတ်သက်ပြီး အကြံပေးချင်တာရှိရင် သူငယ်ချင်းတွေနဲ့ Share ပေးပါဦးနော်။

Source: Pinterest