ညဘက်မှာကောင်းမွန်စွာအိပ်ပျော်စေဖို့အတွက် မနက်ပိုင်းနဲ့နေ့လည်ပိုင်းမှာ လုပ်ရမယ့်အလေ့အကျင့်တွေကို မျှဝေပေးလိုက်ပါတယ်။

အချိန်မှန်ထပါ

အချိန်မှန်ထပေးမှ အကျင့်ဖြစ်ပြီး မနက်ဆိုဒီအချိန်ရောက်တာနဲ့ နိုးနေမှာပါ။ ဒါမှ ညဆိုလည်း ပုံမှန်အိပ်ချိန်နဲ့ အိပ်ဖြစ်လာမှာပါ။ အလေ့အကျင့်လုပ်ပေးရမယ့် ပထမဆုံးသောအချက်ဖြစ်ပါတယ်။

ကော်ဖီသောက်တာဆင်ခြင်ပါ

ကော်ဖီသောက်တာ မဆင်ခြင်ရင် ညဘက်တွေမှာ အိပ်မပျော်တာမျိုး ဖြစ်စေပါတယ်။ အကောင်းဆုံးကတော့ အိပ်ချိန်နဲ့ ၆ နာရီအလိုကစပြီး ကော်ဖီမသောက်ပါနဲ့တော့။

နေ့လည်ဘက်အကြာကြီးမအိပ်ပါနဲ့

နေ့လည်ဘက်တွေမှာ အိပ်ချင်ရင် တစ်ရေးတစ်မော ခဏမှေးတာလောက်ပဲလုပ်ပါ။ အချိန်အကြာကြီးအိပ်တာမျိုး မလုပ်ပါနဲ့။ ညဘက်ဆို အိပ်မပျော်တော့ပဲနေပါလိမ့်မယ်။

အစားအသောက်သေချာစားပါ

အစားအသောက်ကိုသေချာစားပေးမှ ညအိပ်ချိန်မှာ ဗိုက်ဆာတာမျိုး မဖြစ်မှာပါ။ ညဘက်ဗိုက်ဆာရင် တော်ရုံနဲ့အိပ်မရတော့ပဲ အိပ်ရေးပျက်စေပါတယ်။ ညမိုးချုပ်မှစားတော့ ဝိတ်လည်းတက်တာပေါ့။

Stress တွေကိုလျှော့ချပါ

Stress တွေများနေရင်လည်း အိပ်မပျော်ပါဘူး။ အိပ်ပျော်သွားရင်လည်း ခဏခဏပြန်လန့်နိုးတာတွေ ဖြစ်စေပါတယ်။ ဒါကြောင့် Stress ရှိနေရင် Stress ကိုအရင်လျှော့ချပါ။ တရားထိုင်တာမျိုးတွေ လုပ်ပေးပါ။